ခီမောင်နှံဖက်ကနေ အခိုင်အမာရပ်တည်ကြောင်း ပြလိုက်ပြန်တဲ့ သက်မွန်မြင့်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

တချိန်ုက ယောက်ျားလေးတွေရဲ့ အသည်းစွဲ မော်ဒယ် တစ်ယောက် ဖြစ်ပြီး ကြောငြာတွေ ဗီဒီယိုနဲ့ ရုပ်ရှင်တွေမှာလည်း အကောင်းဆုံး အနုပညာအရည်သွေးတွေပြခဲ့သူ အခုဆိုရင် အနုပညာသက်တမ်း နှစ် ၂၀ ကျော်ကို ဖြတ်သန်းလာပြီး အနုပညာအရည်သွေးအပြည့်အဝနဲ့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး တာဝန်ကျေကျေ သရုပ်ဆောင်တတ်တဲ့ သက်မွန်မြင့် (ချစ်သက်) ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ သူကတော့ အခုနောက်ပိုင်းနှစ်တွေမှာ ရုပ်ရှင်ကားကြီးတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဥပါယ်တံမျဉ် ရုပ်ရှင် ရုံတင်ကာလတုန်းကလည်း သူရဲ့စကားလေးတစ်ခွန်းက တော်တော်တာသွားခဲ့ပါသေးတယ်။ အဲ့ဒီစကားလုံးကတော့ J Donuts ဆိုတဲ့စကားလုံးလေးပါပဲ။

အဲ့ဒီစကားလုံးလေးနဲ့ အဖြစ်ပျက်လေးကိုတော့ အားလုံးလည်း မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ အခုလည်း သက်မွန်မြင့်ကတော့ ဇဏ်ခီရဲ့ ကိုယ်တိုင်သိရှိသွားမှု စာအုပ်လေးနဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ကြီးရဲ့ OTS ခွေလေးကိုလေးကို လက်ဆောင်ရတဲ့အချိန်မှာတော့ “He heee Jdonut လေးစားကြပါဦးရှင်”ဆိုတဲ့ စာသားလေးကို ခီမောင်နှံနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကိုတွဲပြီး တင်ခဲ့ပါတယ်။ ဇဏ်ခီ ရဲ့ ကိုယ်တိုင်သိရှိသွားမှု စာအုပ်လေးကတော့ အခုဆိုရင် စတုတ္ထအကြိမ်(အုပ်ရေ ၅၀၀) အဖြစ်တောင် ပြန်လည် ထုတ်ဝေထားရပြီဖြစ်ပါတယ်။ ထာဝရနှောင်ကြိုးဇာတ်ကားကြီးကလည်း အခုဆိုရင် ရုံတွေမှာ တတိယအပတ်အဖြစ် ဆက်လက် ရှိနေဦးမှာပါ ။

သက်မွန်မြင့်ရဲ့ ပိုစ့်လေးအောက်မှာတော့ သက်မွန်မြင့်ရဲ့ပရိသတ်တွေကတော့ ဇဏ်ခီတို့နဲ့ တွဲပြီးနောက်ထပ် ဇာတ်ကားတစ်ခုမှာ သရုပ်ဆောင်တာ မြင်ချင်ကြောင်းကိုလည်း Comment တွေမှာရေးသားဖော်ပြသွားကြတာကိုလည်း တွေ့မြင်ရပါတယ်။ အားလုံးလည်း သူတို့တွဲပြီးဖန်တီးတဲ့ အနုပညာလက်ရာတွေကို မျှော်လင့်နေကြမယ် ထင်ပါတယ်။ အားလုံးမျှော်လင့်နေသလိုပဲ ကျနော်တို့ ပြောချင်လွန်းလို့ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကလည်း မျှော်လင့်နေကြမယ်ထင်ပါတယ်။ အဲ့ဒီမျှော်လင့်နေတယ်ဆိုရင် မျှော်လင့်နေတဲ့အကြောင်းလေးတွေကိုလည်း Comment မှာ ပြန်လည်မျှဝေသွားကြပါဦးနော် ။