ကျားပေါက် အိမ်ထောင်ရေး နဲ့ပတ်သတ်ပြီး သို့လောသို့လော သတင်းတွေကို တုန့်ပြန်ပြောဆိုလိုက်တဲ့ နီနီခင်ဇော်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★









Unicode ဖြင့်ဖတ်ပါ
★★★★★

ကျားပေါက် အိမ်ထောင်ရေး နဲ့ပတ်သတ်ပြီး သို့လောသို့လော သတင်းတွေကို တုန့်ပြန်ပြောဆိုလိုက်တဲ့ နီနီခင်ဇော်

Big Bag အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်လည်းဖြစ် လက်ရှိ ဂီတလောကရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ အဆိုတော်ကျားပေါက်ဟာ သူနဲ့ သူ့ဇနီး ဇုံဇုံတို့ရဲ့ အိမ်ထောင်ရေးအဆုံးသတ်သွားပြီလို့ တရားဝင်ထုတ်ပြန်ချက်တစ်ခုကိုကြေငြာခဲ့ပါတယ်။

ကျားပေါက်က ဒီကိစ္စနဲ့ ပတ်သတ်ပြီးမေးမြန်းခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပေးမယ့် ကျားပေါက်ရဲ့ ဇနီးသည် ဇုံဇုံ ရဲ့ လူမှုကွန်ယက်ပေါ်က ပို့စ်တစ်ခုကြောင့်ကောလဟာလအများအပြားထွက်ပေါ်လာခဲ့တာပါ။

ဒီကောလဟာလတွေထဲက တစ်ခုကတော့ လူမှုကွန်ယက်ပေါ်မှာ အထူးပျံ့နှံ့နေတာဖြစ်ပြီး အဆိုတော်ကျားပေါက်နဲ့ နီနိခင်ဇော်တို့ကို ဖောက်ပြန်တယ်လို့စွပ်စွဲထားခဲ့တာပါ။ ဒီစွပ်စွဲမှုကိုတော့ နီနီခင်ဇော်ကလူမှုကွန်ယက်ပေါ်မှာ ပို့စ်တစ်ခုတင်ပြီး အခုလိုပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

*FBပေါ်ကမှားယွင်း သတင်းများ ချင့်ချိန် ယုံစေချင်ပါတယ်နီနီ လုံးဝ လုံးဝမဟုတ်ပါ*

တဖက်သားထိခိုက်စေမယ့် စကားများမပြောကြဖို့ တောင်းဆိုချင်ပါတယ်စင်ကာပူ showနဲ့တောင်အလုပ်ရှုပ်နေတာ ကိုယ့်အလုပ်ကိုလုပ်နေတာပါ)လို့ ပို့စ်တင်ပြီး သတင်းအမှားတွေကိုမယုံဖို့ ပြောပြခဲ့တာပါ။

ပရိသတ်ကြီးလည်း ကျားပေါက်ရဲ့ အိမ်ထောင်ရေးသတင်းနဲ့ပတ်သတ်ပြီး သတင်းအမှားတွေကိုမယုံကြည်ကြဖို့ ပြောချင်ပါတယ်။

Credit to Writer – Magic (Shwe Yaung Lan)