သမီးတွေအကြိုက်လိုက်ဆော့ရင်း သရဖူဆောင်းတဲ့မင်းသမီးလေးဖြစ်သွားရရှာတဲ့ လင်းလင်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

သမီးတွေအကြိုက်လိုက်ဆော့ရင်း သရဖူဆောင်းတဲ့မင်းသမီးလေးဖြစ်သွားရရှာတဲ့ လင်းလင်းပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

မိသားစုကို အမြဲပျော်ရွှင်အောင် ထားပြီး သမီးတွေအလိုကို အမြဲလိုက်ရောတဲ့ ဖေဖေ လင်းလင်းက ဒီတစ်ခေါက်မှာတော့ သမီးတွေနဲ့ ဆော့ကစားပေးနေတာကို တွေ့ရပါတယ်။

သမီးမိန်းကလေးတွေကို မွေးထားတဲ့ ဖခင်တစ်ယောက်ပီပီ သမီးတွေနဲ့ လိုက်ကစားပေးတဲ့ လင်းလင်းခမျာ သရဖူဆောင်းတဲ့ Princess လေး တစ်ပါး ဖြစ်လို့သွားတာကို တွေ့ရပါတယ်။

လင်းလင်းက အမိုက်စား Rock သီချင်းတွေကို ခပ်ကြမ်းကြမ်းသီဆိုတဲ့ Rocker ကြီးတစ်ဦးဖြစ်ပေမယ့် သမီးလေးတွေ ပျော်ရွှင်အောင်ထားတဲ့ ဖခင်တစ်ဦး ဖြစ်ပါတယ်။

ဖေဖေလင်းလင်းကတော့ သမီးတွေကို ချစ်လွန်းအားကြီးလို့ Princess လေးတောင် ဖြစ်သွားရပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုကတော့ တကယ်ကို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။