မပေါ့ဆသင့်တဲ့…ဗိုက်မကြာခဏအောင့်စေတဲ့ အကြောင်းရင်း( ၅ )မျိုး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဗိုက္ေအာင္႔တယ္ဆိုတာ ခႏၶာကိုယ္ႀကီးက ကြ်န္ေတာ္တို႔ကို သူ႔ကိုဂရုစိုက္ေပးဖို႔ ေတာင္းဆိုတဲ႔ သေကၤတ တစ္ခုျဖစ္ၿပီး ဗိုက္ေအာင္႔ျခင္းျဖစ္ေစႏိုင္တဲ႔ အေၾကာင္းရင္းကေတာ႔ အမ်ားႀကီးရွိပါတယ္။

ကိုရီးယားကားေကာင္းခန္းေရာက္ေနလို႔ ဆက္တိုက္ၾကည္႔ေနမိတာပဲျဖစ္ျဖစ္၊ အလုပ္ေတြမ်ားေနလို႔ပဲျဖစ္ျဖစ္၊

ဂိမ္းထဲမွာ battle ဆိုင္ေနလို႔ပဲျဖစ္ျဖစ္ ကြ်န္ေတာ္တို႔ေတြ ထမင္းစားဖို႔ ေမ႔ေလ်ာ႔တတ္ၾကပါတယ္။

အက်ိဳးဆက္အေနနဲ႕ ဗိုက္ေအာင္႔တဲ႔ေဝဒနာကိုလည္း ခံစားရပါေတာ႔တယ္။

ဒါေပမယ္႔ ဗိုက္ေအာင္႔တယ္ဆိုတာ ခႏၶာကိုယ္ႀကီးက ကြ်န္ေတာ္တို႔ကို သူ႔ကိုဂရုစိုက္ေပးဖို႔ ေတာင္းဆိုတဲ႔ သေကၤတ တစ္ခုျဖစ္ၿပီး

ဗိုက္ေအာင္႔ျခင္းျဖစ္ေစႏိုင္တဲ႔ အေၾကာင္းရင္းကေတာ႔ အမ်ားႀကီးရွိပါတယ္။

အဲဒီထဲကမွ အခ်က္ (၅) ခ်က္ကို ထုတ္ႏႈတ္ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အစားမ်ားျခင္း

ဒါကေတာ႔ရွင္းပါတယ္။ ဟုတ္္တယ္ဟုတ္။ အလုပ္ေတြမ်ားေနလို႔ ေန႕လည္စာလြတ္သြားၿပီး ညစာက်မွတဝႀကီးေပါင္းစားရတဲ႔အခါ အစားမ်ားၿပီး ဗိုက္ေအာင္႔တတ္ပါတယ္။

ဒါေၾကာင္႔ အလုပ္ဘယ္ေလာက္မ်ားမ်ား အစားကိုပံုမွန္စားေပးပါ။ ေနာက္ၿပီး အဆာလြန္ခ်ိန္က်မွ တနင္႔တပိုးစားတာမ်ိဳးကိုလည္း ေရွာင္ၾကဥ္ပါ။

အေကာင္္းဆံုးကေတာ႔႔ (၄) နာရီျခားတစ္ခါေလာက္ အစားစားေပးတာပါပဲ။ အဲဒီထက္ေက်ာ္ၿပီးမွ စားမယ္ဆိုရင္ေတာ႔ အစားမ်ားၿပီး ဗိုက္ေအာင္႔ဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။

၂။ အစာစားတာေနာက္က်ျခင္း

ခႏၶာကိုယ္မွာ ဇီဝနာရီရွိသလို အစာအိမ္မွာလည္း ဇီဝနာရီရွိပါတယ္။ ဇီဝနာရီက ပံုမွန္အစာစားခ်ိန္ေတြကို မွတ္သားထားၿပီး အစာစားခ်ိန္ေရာက္ရင္ ဦးေႏွာက္ကို လွမ္းသတိေပးတတ္ပါတယ္။

အစာစားခ်ိန္ ေက်ာ္လြန္တဲ႔ထိ အစာမစားဘူးဆိုရင္ အစာအိမ္က ဆႏၵျပတဲ႔သေဘာနဲ႔ ဗိုက္ေအာင္႔တတ္ပါတယ္။

ေနာက္ၿပီး အစာစားခ်ိန္ေက်ာ္လြန္ၿပီးမွ အစာစားမယ္ဆိုရင္လည္း ဗိုက္ေအာင္႔ေစႏိုင္ပါေသးတယ္။

ဒါကို ေျဖရွင္းဖို႔အတြက္ကေတာ႔ ညစာစားၿပီးရင္ အစာေျချခင္းကိုေထာက္ကူေပးႏိုင္တဲ႔ ေသြးလွည္႔ပတ္မႈေတြအားေကာင္းေစဖို႔ လမ္းတစ္ပတ္ေလွ်ာက္ေပးပါ။

ေနာက္ၿပီး ေနာက္က်မွ ညစာ (သို႕) ေန႕လည္စာ စားရမယ္ဆိုရင္လည္း အစပ္မ်ားတဲ႔အစားအစာ၊ အခ်ိဳမ်ားတဲ႔အစားအစာေတြကို ေရွာင္ၾကဥ္ေပးပါ။

၃။ အစာအိမ္အခ်ဥ္ေပါက္ျခင္း

ဗိုက္က ရိုးရိုးေအာင္႔တာမဟုတ္ဘဲ ပူေလာင္ျခင္းနဲ႔ ေခါင္းမူးေဝျခင္းတို႔ကိုပါခံစားေနရၿပီဆိုရင္ေတာ႔ ဒါဟာအစာအိမ္အခ်ဥ္ေပါက္တာ ျဖစ္ႏိုင္ပါတယ္။

အရက္အလြန္အကြ်ံေသာက္ျခင္းနဲ႕ ibuprofen လို႔ေခၚတဲ႔ ေဆးဝါးတစ္မ်ိဳးကိုသံုးစြဲျခင္းက အေၾကာင္းရင္း ျဖစ္ေနႏိုင္ပါတယ္။

အစာအိမ္အခ်ဥ္ေပါက္ေဝဒနာသက္သာေစဖို႔ smoothie လိုမ်ိဳး အစာေၾကလြယ္တဲ႔ေဖ်ာ္ရည္ေသာက္္တာတို႔၊

ေဆးျမစ္စိမ္ေရေႏြးၾကမ္း ေသာက္တာတို႔ လုပ္ေပးသင္႔ပါတယ္။ အရက္တို႔၊ အစပ္မ်ားတဲ႔အစားအစာတို႔ကိုလည္း ေရွာင္ၾကဥ္သင္႔ပါတယ္။

၄။ ဝမ္းခ်ဳပ္ျခင္း

တခ်ိဳ႕လူေတြက သူတို႔ဝမ္းခ်ဳပ္ေနလို႔ ဝမ္းခ်ဳပ္ေနမွန္းေတာင္ မသိၾကပါဘူး။

တစ္ေနကုန္လို႔ အိမ္သာတစ္ေခါက္သြားျဖစ္လား/ မသြားျဖစ္လားဆိုတာကိုေတာင္ သတိမထားမိတတ္သူေတြမ်ားပါတယ္။

ေကာက္ညွင္းပါတဲ႔အစားအစားေတြအမ်ားႀကီးစားမိတာတို႔၊ လက္ဖက္ရည္၊ လက္ဖက္သုပ္အလြန္အကြ်ံစားမိတာတို႔က ဝမ္းခ်ဳပ္ေစႏိုင္တဲ႔ အေၾကာင္းရင္းေတြထဲမွာ ပါ ပါတယ္။

ဝမ္းခ်ဳပ္ေနမယ္ဆိုရင္ ဗိုက္လည္း ေအာင္႔တတ္ပါတယ္။ ဝမ္းခ်ဳပ္ေဝဒနာသက္သာေစဖို႔ကေတာ႔ အမွ်င္ဓာတ္ပါတဲ႔ ဟင္းဟီးဟင္းရြက္၊

အသီးအႏွံေတြ မ်ားမ်ားစားေပးတာတို႔၊ ေရမ်ားမ်ားေသာက္တာတို႔ လုပ္ေပးသင္႔ပါတယ္။

၅။ ႏွလံုးအားနည္းျခင္း

ႏွလံုးအားနည္းေနမယ္ဆိုရင္လည္း ရင္ဘတ္ေအာင္႔တဲ႔လကၡဏာကိုသာမက ဝမ္းဗိုက္ေအာင္႔တဲ႔လကၡဏာေတြကိုလည္း ျပသလာမွာပါ။

ႏွလံုးအားနည္းျခင္းရဲ႕လကၡဏာထဲမွာ ဗိုက္ေအာင္႔ျခင္း၊ မူးေဝျခင္း၊ ေအာ႔အန္ျခင္း၊ အသက္ရွဴမဝျခင္း၊ ေခါင္းကိုက္ျခင္း၊ မအီမသာျဖစ္ျခင္းတို႔ ပါဝင္ေနႏိုင္ပါတယ္။

ဒါေၾကာင္႔အထက္ေဖာ္ျပပါလကၡဏာေတြ ေတြ႕ရွိရၿပီဆိုရင္ေတာ႔ ႏွလံုးအားနည္းေနၿပီလို႔ ယူဆၿပီး ဆရာဝန္နဲ႔ တိုင္ပင္သင္႔ပါၿပီ။

Source: Goodhousekeeping
Duwun

Unicode ဖြင့်ဖတ်ပါ
★★★★★

ဗိုက်အောင့်တယ်ဆိုတာ ခန္ဓာကိုယ်ကြီးက ကျွန်တော်တို့ကို သူ့ကိုဂရုစိုက်ပေးဖို့ တောင်းဆိုတဲ့ သင်္ကေတ တစ်ခုဖြစ်ပြီး ဗိုက်အောင့်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းကတော့ အများကြီးရှိပါတယ်။

ကိုရီးယားကားကောင်းခန်းရောက်နေလို့ ဆက်တိုက်ကြည့်နေမိတာပဲဖြစ်ဖြစ်၊ အလုပ်တွေများနေလို့ပဲဖြစ်ဖြစ်၊

ဂိမ်းထဲမှာ battle ဆိုင်နေလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ထမင်းစားဖို့ မေ့လျော့တတ်ကြပါတယ်။

အကျိုးဆက်အနေနဲ့ ဗိုက်အောင့်တဲ့ဝေဒနာကိုလည်း ခံစားရပါတော့တယ်။

ဒါပေမယ့် ဗိုက်အောင့်တယ်ဆိုတာ ခန္ဓာကိုယ်ကြီးက ကျွန်တော်တို့ကို သူ့ကိုဂရုစိုက်ပေးဖို့ တောင်းဆိုတဲ့ သင်္ကေတ တစ်ခုဖြစ်ပြီး

ဗိုက်အောင့်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းကတော့ အများကြီးရှိပါတယ်။

အဲဒီထဲကမှ အချက် (၅) ချက်ကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

၁။ အစားများခြင်း

ဒါကတော့ရှင်းပါတယ်။ ဟုတ််တယ်ဟုတ်။ အလုပ်တွေများနေလို့ နေ့လည်စာလွတ်သွားပြီး ညစာကျမှတဝကြီးပေါင်းစားရတဲ့အခါ အစားများပြီး ဗိုက်အောင့်တတ်ပါတယ်။

ဒါကြောင့် အလုပ်ဘယ်လောက်များများ အစားကိုပုံမှန်စားပေးပါ။ နောက်ပြီး အဆာလွန်ချိန်ကျမှ တနင့်တပိုးစားတာမျိုးကိုလည်း ရှောင်ကြဉ်ပါ။

အကောင််းဆုံးကတော့့ (၄) နာရီခြားတစ်ခါလောက် အစားစားပေးတာပါပဲ။ အဲဒီထက်ကျော်ပြီးမှ စားမယ်ဆိုရင်တော့ အစားများပြီး ဗိုက်အောင့်ဖို့ ရာခိုင်နှုန်းများပါတယ်။

၂။ အစာစားတာနောက်ကျခြင်း

ခန္ဓာကိုယ်မှာ ဇီဝနာရီရှိသလို အစာအိမ်မှာလည်း ဇီဝနာရီရှိပါတယ်။ ဇီဝနာရီက ပုံမှန်အစာစားချိန်တွေကို မှတ်သားထားပြီး အစာစားချိန်ရောက်ရင် ဦးနှောက်ကို လှမ်းသတိပေးတတ်ပါတယ်။

အစာစားချိန် ကျော်လွန်တဲ့ထိ အစာမစားဘူးဆိုရင် အစာအိမ်က ဆန္ဒပြတဲ့သဘောနဲ့ ဗိုက်အောင့်တတ်ပါတယ်။

နောက်ပြီး အစာစားချိန်ကျော်လွန်ပြီးမှ အစာစားမယ်ဆိုရင်လည်း ဗိုက်အောင့်စေနိုင်ပါသေးတယ်။

ဒါကို ဖြေရှင်းဖို့အတွက်ကတော့ ညစာစားပြီးရင် အစာခြေခြင်းကိုထောက်ကူပေးနိုင်တဲ့ သွေးလှည့်ပတ်မှုတွေအားကောင်းစေဖို့ လမ်းတစ်ပတ်လျှောက်ပေးပါ။

နောက်ပြီး နောက်ကျမှ ညစာ (သို့) နေ့လည်စာ စားရမယ်ဆိုရင်လည်း အစပ်များတဲ့အစားအစာ၊ အချိုများတဲ့အစားအစာတွေကို ရှောင်ကြဉ်ပေးပါ။

၃။ အစာအိမ်အချဉ်ပေါက်ခြင်း

ဗိုက်က ရိုးရိုးအောင့်တာမဟုတ်ဘဲ ပူလောင်ခြင်းနဲ့ ခေါင်းမူးဝေခြင်းတို့ကိုပါခံစားနေရပြီဆိုရင်တော့ ဒါဟာအစာအိမ်အချဉ်ပေါက်တာ ဖြစ်နိုင်ပါတယ်။

အရက်အလွန်အကျွံသောက်ခြင်းနဲ့ ibuprofen လို့ခေါ်တဲ့ ဆေးဝါးတစ်မျိုးကိုသုံးစွဲခြင်းက အကြောင်းရင်း ဖြစ်နေနိုင်ပါတယ်။

အစာအိမ်အချဉ်ပေါက်ဝေဒနာသက်သာစေဖို့ smoothie လိုမျိုး အစာကြေလွယ်တဲ့ဖျော်ရည်သောက််တာတို့၊

ဆေးမြစ်စိမ်ရေနွေးကြမ်း သောက်တာတို့ လုပ်ပေးသင့်ပါတယ်။ အရက်တို့၊ အစပ်များတဲ့အစားအစာတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

၄။ ဝမ်းချုပ်ခြင်း

တချို့လူတွေက သူတို့ဝမ်းချုပ်နေလို့ ဝမ်းချုပ်နေမှန်းတောင် မသိကြပါဘူး။

တစ်နေကုန်လို့ အိမ်သာတစ်ခေါက်သွားဖြစ်လား/ မသွားဖြစ်လားဆိုတာကိုတောင် သတိမထားမိတတ်သူတွေများပါတယ်။

ကောက်ညှင်းပါတဲ့အစားအစားတွေအများကြီးစားမိတာတို့၊ လက်ဖက်ရည်၊ လက်ဖက်သုပ်အလွန်အကျွံစားမိတာတို့က ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါ ပါတယ်။

ဝမ်းချုပ်နေမယ်ဆိုရင် ဗိုက်လည်း အောင့်တတ်ပါတယ်။ ဝမ်းချုပ်ဝေဒနာသက်သာစေဖို့ကတော့ အမျှင်ဓာတ်ပါတဲ့ ဟင်းဟီးဟင်းရွက်၊

အသီးအနှံတွေ များများစားပေးတာတို့၊ ရေများများသောက်တာတို့ လုပ်ပေးသင့်ပါတယ်။

၅။ နှလုံးအားနည်းခြင်း

နှလုံးအားနည်းနေမယ်ဆိုရင်လည်း ရင်ဘတ်အောင့်တဲ့လက္ခဏာကိုသာမက ဝမ်းဗိုက်အောင့်တဲ့လက္ခဏာတွေကိုလည်း ပြသလာမှာပါ။

နှလုံးအားနည်းခြင်းရဲ့လက္ခဏာထဲမှာ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ပါဝင်နေနိုင်ပါတယ်။

ဒါကြောင့်အထက်ဖော်ပြပါလက္ခဏာတွေ တွေ့ရှိရပြီဆိုရင်တော့ နှလုံးအားနည်းနေပြီလို့ ယူဆပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

Source: Goodhousekeeping
Duwun