အရင်နဲ့မတူပဲ ကျန်းမာရေးအများကြီးကောင်းလာပြီဖြစ်တဲ့ ဦးဧရာအကြောင်း ပြောလာတဲ့ ချက်ကြီး
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
အရင်နဲ့မတူပဲ ကျန်းမာရေးအများကြီးကောင်းလာပြီဖြစ်တဲ့ ဦးဧရာအကြောင်း ပြောလာတဲ့ ချက်ကြီး
တချိန်က ပရိသတ်တွေ ဘဝအမော ပြေပျောက်ရအောင် ဟာဒယရွှင်ဆေးတွေ တိုက်ကျွေးခဲ့တဲ့ လူရွှင်တော်ကြီးတွေဟာ အသက်အရွယ်တစ်ခု ရလာပြီးတဲ့နောက်မှာတော့ အရင်လို သွက်သွက်လက်လက်မရှိတော့ပဲ ကျန်းမာရေးတွေ ချို့ယွင်းလာပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူရွှင်တော် ချက်ကြီးက သူ့ရဲ့ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာတစ်ဦးဖြစ်တဲ့ ဦးဧရာဆီရောက်လိုက် ကျန်းမာရေးနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။
“ကျွန်တော်သတိထားမိတာက ဆရာဦးဧရာ ဟိုနှစ်တွေကနဲ့ လုံးဝမတူတော့ဘူးဗျာ။ လန်းဆန်း တက်ကြွပြီး ဘန်ကောက်က ဆေးကုပြီးပြန်လာမှ လန်းဆန်းနေတာဗျာ။ တော်တော်ကျန်းမာရေးကောင်းသွားတာ ဝမ်းသာပြီး ပြောမိတယ်။ ဆရာ တော်တော် ကျန်းမာရေးကောင်းသွားပြီနော်ဆိုလိုက်တော့ ..အေးကွာ ဟုတ်တယ်ဟ မင်းတို့ ငါ့ကိုပွဲပြန်ခေါ်ကလို့ရပြီနော်တဲ့ ငါ့ကို ဘိုထိုင် အိမ်သာရှာပေးစရာ မလိုတော့ဘူးပေါ့ကွာတဲ့ ဆရာအဲ့လိုပြောတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။”
“တနှစ်က ဆရာနဲ့ ဆရာဦးကျော်ထူးကို မော်လမြိုင် ဘီလူးကျွန်းခေါ်ကဖြစ်တယ်။ အဲ့တုန်းက ဆရာက ကျန်းမာရေးခုလောက် မကောင်းသေးတော့ လမ်းနားတဲ့နေရာရောက်ရင်ဖြစ်ဖြစ်၊ တည်းတဲ့နေရာဖြစ်ဖြစ် ဆရာက သိပ်အကြာကြီးမထိုင်နိုင်တော့ အလေးသွားချင်တယ်ဆို ဘိုထိုင်လေးနဲ့မှ့ အဆင်ပြေတဲ့ ဆရာသမားကို
ကျွန်တော်တို့က စခဲ့နောက်ခဲ့တာကို ဆရာက ပြန်သတိရပြီး ပြောတာပါ ဆရာကလည်းလို့ အဲ့ဘိုထိုင်ကြောင့် ပွဲမခေါ်တာမဟုတ်ပါဘူးဗျာလို့
ပြန်ခံနီးရီကြဲကြဲနဲ့ ပြောခဲ့တော့ ဆရာက ရီပြီး အေးပါကွာ ငါကလည်း စတာပါတဲ့။ ကျွန်တော်က ပြန်ခံနီးကားပေါ်တက်တော့ ကျန်းမာရေးအတော်ကောင်းကြောင်းကြွားတယ်ထင်ပါရဲ့ ကားနားထိ လိုက်ပို့ရှာတယ်။”
“ကျွန်တော်ကလည်း ဆရာရယ် ကျွန်တော်တို့ရဲ့ လူရွှင်တော် မျိူဆက်သစ်များ အတွက် လူရင်းတွေ မတည်ပြီးလုပ်နေတာ ခုလဆို သုံးလပြည့်ပြီ့ဆိုတော့ ငါသိပါတယ်ကွာ ခုလ ကနေ (20000)ငါလှူမည်ကွာတဲ့။ ဝမ်းသာပြီပေါ့ မျိုးဆက်သစ်များအတွက် ကျွန်တော်တို့အတွက် တစ်ကယ်ကို အဖိုးမဖြစ်နိုင်တဲ့ ဆရာတပါးပါ ဆရာဦးဧရာကို ခုလို အသက်ရှည်ကျန်းမာရေးကောင်းအောင် လှူဒန်ပေးကြတဲ့ အလှူရှင်များကိုလည်း တစ်ကယ်ကျေးဇူးတင်မိပါတယ်ခင်ဗျာ။ ကားရိုက်ခေါ်ခေါ် ပွဲကတာဖြစ်ဖြစ်၊ ဆရာဦးဧရာတစ်ယောက် ဒေါင်ဒေါင်မြည်ကျန်းမာနေပါကြောင်း ယခုပုံနဲ့တကွ အလှူရှင်များကို သတင်းကောင်းပါးလိုက်ပါတော့တယ်ခင်ဗျာ။” ဆိုပြီး မျှဝေထားပါတယ်။
ပရိသတ်တွေအားလုံးချစ်ကြတဲ့ ဦးဧရာကတော့ အခုဆို ကျန်းကျန်းမာမာရှိနေတာ ဝမ်းသားစရာပါပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။