ဝါရင့်အဆိုတော်ကြီး ဦးအောင်ရင်ရဲ့ အဖေ့စကား သီချင်းလေးကြားတိုင်း မျက်ရည်လည်ရတဲ့ ထက်အဉ္ဇလီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

သားသမီးအပေါ်ထားတဲ့ ဖခင်တစ်ယောက်မေတ္တာ စေတနာအပြည့်နဲ့ ဘဝလမ်းလျှောက်လှမ်းချိန်မှာ အရာရာအဆင်ပြေဖို့ အကြံပြုလိုက်တဲ့ အဖေ့တစ်ယောက်ကပြောပြနေတဲ့ပုံ သီချင်းဖြစ်တဲ့ နိုင်ငံကျော်ဝါရင့် အဆိုတော်ကြီးရဲ့ “အဖေ့စကား” သီချင်းလေးကတော့ ပရိသတ်တွေနားထောင်တိုင်း ကြက်သီးမွှေးတွေထရတာ အမှန်ပါပဲ။Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး မကြာသေးခင်မှ ကွဲကွာခဲ့တဲ့ ဖခင်နဲ့ ပြန်လည်ဆုံစည်းခဲ့ ထက်အဉ္ဇလီကတော့ ဦးအောင်ရင်ရဲ့ အဖေ့စကား သီချင်းလေးကြားတိုင်း မျက်ရည်လည်ရတဲ့အကြောင်းကို

“အဖေ့စကား ဆိုတဲ့သီချင်းလေးကြားတိုင်း မျက်ရည်ဝဲရတယ် အန်ကယ်အသံကို သမီးအရမ်းကြိုက်ပြီး အားကျရကြောင်းပြောခွင့်ရခဲ့စဉ်ပေါ့”ဆိုပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ထက်အဉ္ဇလီဟာ အပြုံးချိုချိုလေးတွေနဲ့ သီချင်းတွေကို တန်ဆာဆင်ပြီး သီဆိုကာ ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်ထားသူလေးပဲဖြစ်ပါတယ်။သူကတော့ “အမှတ်တရတက္ကသိုလ်” သီချင်းများကို သီဆိုရတဲ့ပြိုင်ပွဲမှာ ယှဉ်ပြိုင်သီဆိုမှုအပြီးအမှာ သူ(၄)တန်းအရွယ်ထဲက ခွဲခွာခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။

ပရိသတ်ကြီးရေ ဖခင်နဲ့နှစ်ရှည်လများ ဝေးကွာပြီး ဘဝလမ်းလျှောက်ခဲ့ရတဲ့ ထက်အဉ္ဇလီဟာ ဝါရင့်အဆိုတော်ကြီး ဦးအောင်ရင်ရဲ့ အဖေ့စကား သီချင်းလေးကြားတိုင်း မျက်ရည်လည်ရတဲ့အထိပါပဲနော်။

Source: Htet Inzali,CRD-Cele Gabar