ခင်ပွန်းသည်ရဲ့ စကားလေးတစ်ခွန်းက စိတ်ကျေနပ်မှုရစေတယ်ဆိုတဲ့ မိုးယုစံ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်လက်ခံအားပေးမှုအပြည့်အဝရရှိထားတဲ့ မိုးယုစံကတော့ လက်ရှိမှာချစ်ခင်ပွန်း၊ချစ်ရတဲ့သားလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးတစ်ခုကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်သားမွေးပြီး တစ်သွေးလှလာတဲ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေသူတစ်ယောက်လို့ ဆိုရမှာပါ။ ချစ်စဖွယ်သားလေးကောင်းသိင်္ခမိုးသူကလည်း မေမေ့အတိုင်းချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကို လျှော့ထားပြီး မိသားစုကို အချိန်အများဆုံးပေးနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာခြေလှမ်းကျဲသွားပေမယ့် နှင်းဆီအငြိမ့်ရဲ့ပင်တိုင်စံမင်းသမီးတစ်ယောက်ဖြစ်တဲ့ မိုးယုစံဟာ သူတတ်ကျွမ်းတဲ့အနုပညာနဲ့ ရံပုံငွေဖျော်ဖြေပွဲတွေအတွက်ဆို လက်မနှေး သွားရောက်ကူညီတတ်သူတစ်ဦးဆိုလည်း မမှားပါဘူး။

ချစ်ခင်ပွန်းဖြစ်သူကလည်း အစစအရာရာလိုလေသေးမရှိဖြည့်ဆည်းပေးတဲ့အပြင် မိုးယုစံကို စိတ်ကျေနပ်မှုရရှိစေမယ့် စကားလေးတွေပြောပေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ပြောစကားကို သဘောကျတဲ့အတွက် ပရိသတ်တွေကို ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။ “ချစ်ချစ်ကပြောတယ် မိန်းမက အမှတ်တမဲ့ကြည့်ရင်သိပ်မလှဘူး…ကြည့်ရင်းလှလာတာတဲ့…အကြည့်ခံတယ်တဲ့ (သဘောကျအောင်ပြောတာလည်းဖြစ်နိုင်တာပဲ)ကိုယ်ကလည်းအကြည့်ခံတဲ့အလှကိုပဲသဘောကျမိသူပါ” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ ချီးမွမ်းခြင်းကိုခံလိုက်ရတဲ့အတွက် မိုးယုစံကတော့ ပျော်နေတာဖြစ်ပါတယ် ပရိသတ်ကြီးရေ။

Source – Moe Yu San
Rainbow- Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ခင္ပြန္းသည္ရဲ႕ စကားေလးတစ္ခြန္းက စိတ္ေက်နပ္မွုရေစတယ္ဆိုတဲ့ မိုးယုစံ”

ပရိသတ္လက္ခံအားေပးမွုအျပည့္အ၀ရရွိထားတဲ့ မိုးယုစံကေတာ့ လက္ရွိမွာခ်စ္ခင္ပြန္း၊ခ်စ္ရတဲ့သားေလးနဲ႔အတူ ေပ်ာ္ရႊင္ခ်မ္းေျမ႕တဲ့ဘ၀ေလးတစ္ခုကို ရရွိပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။ ဒါ့အျပင္ တစ္သားေမြးျပီး တစ္ေသြးလွလာတဲ့မ်က္ႏွာေလးနဲ႔ ခႏၶာကိုယ္ေၾကာင့္ မိန္းကေလးပရိသတ္ေတြၾကားမွာ ေရပန္းစားေနသူတစ္ေယာက္လို႔ ဆိုရမွာပါ။ ခ်စ္စဖြယ္သားေလးေကာင္းသိခၤမိုးသူကလည္း ေမေမ့အတိုင္းခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရတာလည္းျဖစ္ပါတယ္။

အိမ္ေထာင္က်ျပီးေနာက္ပိုင္းမွာ သရုပ္ေဆာင္ဘက္ကို ေလွ်ာ့ထားျပီး မိသားစုကို အခ်ိန္အမ်ားဆံုးေပးေနသူ တစ္ေယာက္လည္းျဖစ္ပါတယ္။ အႏုပညာေျခလွမ္းက်ဲသြားေပမယ့္ ႏွင္းဆီအျငိမ့္ရဲ႕ပင္တိုင္စံမင္းသမီးတစ္ေယာက္ျဖစ္တဲ့ မိုးယုစံဟာ သူတတ္ကၽြမ္းတဲ့အႏုပညာနဲ႔ ရံပံုေငြေဖ်ာ္ေျဖပြဲေတြအတြက္ဆို လက္မေႏွး သြားေရာက္ကူညီတတ္သူတစ္ဦးဆိုလည္း မမွားပါဘူး။

ခ်စ္ခင္ပြန္းျဖစ္သူကလည္း အစစအရာရာလိုေလေသးမရွိျဖည့္ဆည္းေပးတဲ့အျပင္ မိုးယုစံကို စိတ္ေက်နပ္မွုရရွိေစမယ့္ စကားေလးေတြေျပာေပးေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ခင္ပြန္းျဖစ္သူရဲ႕ေျပာစကားကို သေဘာက်တဲ့အတြက္ ပရိသတ္ေတြကို ျပန္လည္ေ၀မွ်ခဲ့တာျဖစ္ပါတယ္။ “ခ်စ္ခ်စ္ကေျပာတယ္ မိန္းမက အမွတ္တမဲ့ၾကည့္ရင္သိပ္မလွဘူး…ၾကည့္ရင္းလွလာတာတဲ့…အၾကည့္ခံတယ္တဲ့ (သေဘာက်ေအာင္ေျပာတာလည္းျဖစ္ႏိုင္တာပဲ)ကိုယ္ကလည္းအၾကည့္ခံတဲ့အလွကိုပဲသေဘာက်မိသူပါ” ဆိုျပီး သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူရဲ႕ ခ်ီးမြမ္းျခင္းကိုခံလိုက္ရတဲ့အတြက္ မိုးယုစံကေတာ့ ေပ်ာ္ေနတာျဖစ္ပါတယ္ ပရိသတ္ၾကီးေရ။။။

Source – Moe Yu San
Rainbow- Cele Gabar