ပျားမလေး “မြိုင်”အဖြစ်ကနေ လိပ်ပြာမလေးအဖြစ်ကို ကူးပြောင်းသွားတော့မယ့် မေမီကိုကို

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

မေမီကိုကိုကတော့ MRTV-4 ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အဖြစ် လူသိများထင်ရှားလာသူဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်လမ်းတွဲပေါင်းများစွာထဲကမှ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” အဖြစ်ပရိသတ်ရဲ့လက်ခံကျေနပ်အားပေးမှုရရှိလာသူဆိုလည်း မမှားပါဘူး။ ပရိသတ်အချို့ဆိုရင် မေမီကိုကို ကို မြိုင်လို့ပဲ ခေါ်ကြတော့တဲ့အထိ “မြိုင်” ရဲ့ဇာတ်ကောင်နဲ့တစ်သားတည်း အံဝင်ခွင်ကျအောင်သရုပ်ဆောင်နိုင်ခဲ့သူလို့ ဆိုရမှာပါ။

မေမီကိုကိုရဲ့ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ “ပျားရည်အိုင်”ဇာတ်လမ်းတွဲဟာ (၂၁.၁၁.၂၀၁၈) မှာထုတ်လွှင့်ခဲ့တာဖြစ်ပြီး အခုထပ်မံထုတ်လွှင့်ပြသမယ့် “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲဟာလည်း (၂၁.၁၁.၂၀၁၉) မှာပြသမှာဖြစ်တဲ့အတွက် မေမီကတော့ ပျော်နေတာဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို “(၂၁)ရက်(၁၁)လတဲ့…တိုက်ဆိုင်မှုလေးက မနှစ်က “ပျားရည်အိုင်”လွှင့်တဲ့ နေ့စွဲပဲဆိုတော့ အမှတ်ရမိတယ်..တစ်နှစ်တိတိပြည့်မှာ… ပျားလေးတစ်နှစ်ပြည့်မှာ လိပ်ပြာမလေးလာပြီ”ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။

မေမီရဲ့ပရိသတ်တွေကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲလိုပဲအောင်မြင်မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်လာမှာမို့လို့ ရက်တိုက်ဆိုင်တာလို့ မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။မေမီကိုကိုဟာ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲမှာဆိုရင် မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ဦးဖြစ်ပြီး “လရိပ်ထူး”ကို မိမိတစ်ဦးတည်းသာပိုင်ဆိုင်လိုသူ၊ ဇွဲကြီးပြီး အရှုံးမပေးတတ်သူ၊ အငြိုးကြီးပြီး သံသယများသူ “ဂျူရီ”အဖြစ်နဲ့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သရဲမလေးတစ်ယောက်အနေနဲ့ မေမီကိုကိုရဲ့သရုပ်ဆောင်ချက်အလန်းစားတွေကို ကြည့်ရှုရတော့မှာဖြစ်ပြီး မကြာခင်မှာထုတ်လွှင့်ပြသတော့မှာဖြစ်တဲ့အတွက် ဆယ်လီကမ္ဘာပရိသတ်ကြီး သိအောင်မျှဝေပေးလိုက်ပါတယ်နော်။

Source – May Mi Ko Ko
Rainbow – Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ပ်ားမေလး “ျမိဳင္”အျဖစ္ကေန လိပ္ျပာမေလးအျဖစ္ကို ကူးေျပာင္းသြားေတာ့မယ့္ ေမမီကိုကို”

ေမမီကိုကိုကေတာ့ MRTV-4 ဇာတ္လမ္းတြဲမင္းသမီးတစ္ေယာက္အျဖစ္ လူသိမ်ားထင္ရွားလာသူျဖစ္ပါတယ္။ ပါ၀င္သရုပ္ေဆာင္ဖူးတဲ့ ဇာတ္လမ္းတြဲေပါင္းမ်ားစြာထဲကမွ “ပ်ားရည္အုိင္” ဇာတ္လမ္းတြဲမွာ “ျမိဳင္” အျဖစ္ပရိသတ္ရဲ႕လက္ခံေက်နပ္အားေပးမွုရရွိလာသူဆိုလည္း မမွားပါဘူး။ ပရိသတ္အခ်ိဳ႕ဆိုရင္ ေမမီကိုကို ကို ျမိဳင္လုိ႔ပဲ ေခၚၾကေတာ့တဲ့အထိ “ျမိဳင္” ရဲ႕ဇာတ္ေကာင္နဲ႔တစ္သားတည္း အံ၀င္ခြင္က်ေအာင္သရုပ္ေဆာင္ႏုိင္ခဲ့သူလို႔ ဆိုရမွာပါ။

ေမမီကိုုကိုရဲ႕ ေအာင္ျမင္ေက်ာ္ၾကားလူၾကိဳက္မ်ားခဲ့တဲ့ “ပ်ားရည္အိုင္”ဇာတ္လမ္းတြဲဟာ (၂၁.၁၁.၂၀၁၈) မွာထုတ္လႊင့္ခဲ့တာျဖစ္ျပီး အခုထပ္မံထုတ္လႊင့္ျပသမယ့္ “လိပ္ျပာေႏွာင္ၾကိဳး” ဇာတ္လမ္းတြဲဟာလည္း (၂၁.၁၁.၂၀၁၉) မွာျပသမွာျဖစ္တဲ့အတြက္ ေမမီကေတာ့ ေပ်ာ္ေနတာျဖစ္ပါတယ္။ အဲ့ဒီအေၾကာင္းကို “(၂၁)ရက္(၁၁)လတဲ့…တုိက္ဆုိင္မွုေလးက မႏွစ္က “ပ်ားရည္အိုင္”လႊင့္တဲ့ ေန႔စြဲပဲဆိုေတာ့ အမွတ္ရမိတယ္..တစ္ႏွစ္တိတိျပည့္မွာ… ပ်ားေလးတစ္ႏွစ္ျပည့္မွာ လိပ္ျပာမေလးလာျပီ”ဆိုျပီး သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာေရးသားခဲ့တာျဖစ္ပါတယ္။

ေမမီရဲ႕ပရိသတ္ေတြကေတာ့ “ပ်ားရည္အုိင္” ဇာတ္လမ္းတြဲလိုပဲေအာင္ျမင္မယ့္ ဇာတ္လမ္းတြဲတစ္ခုျဖစ္လာမွာမို႔လို႔ ရက္တုိက္ဆုိင္တာလို႔ မွတ္ခ်က္ေပးေနၾကတာျဖစ္ပါတယ္။ေမမီကိုကိုဟာ “လိပ္ျပာေႏွာင္ၾကိဳး” ဇာတ္လမ္းတြဲမွာဆိုရင္ မဂၤလာ၀တ္စံုဒီဇိုင္နာတစ္ဦးျဖစ္ျပီး “လရိပ္ထူး”ကို မိမိတစ္ဦးတည္းသာပုိင္ဆိုင္လိုသူ၊ ဇြဲၾကီးျပီး အရွုံုးမေပးတတ္သူ၊ အျငိဳးၾကီးျပီး သံသယမ်ားသူ “ဂ်ဴရီ”အျဖစ္နဲ႔သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ သရဲမေလးတစ္ေယာက္အေနနဲ႔ ေမမီကိုကိုရဲ႕သရုပ္ေဆာင္ခ်က္အလန္းစားေတြကို ၾကည့္ရွုရေတာ့မွာျဖစ္ျပီး မၾကာခင္မွာထုတ္လႊင့္ျပသေတာ့မွာျဖစ္တဲ့အတြက္ ဆယ္လီကမာၻပရိသတ္ၾကီး သိေအာင္မွ်ေ၀ေပးလုိက္ပါတယ္ေနာ္။

Source – May Mi Ko Ko
Rainbow – Cele Gabar