.ဟင်းချက်နေရင်းနဲ့ မေမေ့ကိုသတိရလို့ … video callပြောပြီးအလွမ်းဖြေနေတဲ့ သားချောလေးဘုန်းမင်းနေလ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ခင်ဇာခြည်ကျော်ကတော့ သားတစ်ယောက်သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး Single Motherတစ်ယောက်အဖြစ်ရပ်တည်ပြီး ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ရဲ့ သားသမီးနှစ်ယောက်လုံးက အနုပညာကိုဝါသနာပါကြပြီး ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ကတော့ မိခင်တစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကို ကျေပြွန်ပြီးအစွမ်းကုန်ကြိုးစားနေတဲ့မိခင်ကောင်းတစ်ယောက်ပါနော်။သားကြီးလေးဘုန်းမင်းနေလကတော့ စင်ကာပူမှာ ပညာသင်ကြားနေပြီး ကျောင်းပိတ်ချိန်ဆို မြန်မာပြန်လာကာအနုပညာအလုပ်တွေလုပ်ကိုင်ပြီး မေမေနဲ့အတူပွဲတွေတက်ရောက်ပေးတာဖြစ်ပါတယ်။

အခုချိန်မှာဆိုရင် ဘုန်းမင်းနေလက စင်ကာပူမှာကျောင်းပြန်တက်နေပြီဖြစ်လို့ မေမေနဲ့ညီမလေးတို့ကို Video Callတွေပြောပြီး အလွမ်းဖြေနေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဘုန်းမင်းနေလက ကိုယ်တိုင်ဟင်းချက်နေတဲ့အချိန်မှာ မေမေနဲ့video callပြောနေတဲ့ပုံလေးကို ခင်ဇာခြည်ကျော်ကမျှဝေလာတာပဲဖြစ်ပါတယ်နော်။

Photo:Phonemin Nay La’s Facebook, Credit:Myanmarload