.သိကြားမင်းဆက်ကပ်တဲ့ ဘုရားကို ဖူးမျှော်လိုက်ရလို့ ဆန္ဒတစ်ခုပြည့်ဝသွားတဲ့ စံရတီမိုးမြင့်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်နဲ့ မော်ဒယ်လ် စံရတီမိုးမြင့်ကတော့ သိကြားမင်းဆက်ကပ်တဲ့ ဘုရားကို ဖူးမြင်လိုက်ရလို့ ဝမ်းသာနေတယ်လို့ သိရပါတယ်။

သူမက ပခုက္ကူကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ ဖေ့ဘုတ်မှာ ” သိကြားမင်းဆက်ကပ်သော ရွှေတန့်တစ်သရက္ခန်မြတ်စွာဘုရား အားဖူးမျှော်ပြီး လှူဒါန်းရသောကြောင့် ဘဝမှာ အဖူးချင်ဆုံးဆန္ဒထဲကတစ်ခု ပြည့်စုံသွားပါပြီ” လို့ ရေးထားတာ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ဦးဖြစ်ပြီး အခုလည်း ပုဂံကအပြန် ပခုက္ကူမှာ ရွှေတန့်တစ်သရက္ခန်မြတ်စွာဘုရားထံ ဝင်ရောက်ဖူးမြော်ပြီး လှူဒါန်းခဲ့တာလို့ သိရပါတယ်။

သရုပ်ဆောင် စံရတီမိုးမြင့်ဟာဆိုရင် လက်ရှိအချိန်ထိ အပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

Writer-YLLT(Cele Star)

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Writer-YLLT(Cele Star)”