ထွက်ခွာသွားခဲ့ရတဲ့ ဗညားဘုန်းပြည့်အတွက် အားပေးစကားပြောလိုက်တဲ့ သန္တာလှိုင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

The Model Academy ရဲ့ ပြိုင်ပွဲဝင်တော်တော်များများရဲ့ အရည်အချင်းမပြည့်ဝမှုတွေ၊ စည်းကမ်းဖောက်ဖျောက်မှုတွေ၊ ပဋိပက္ခတွေကြောင့် ပရိသတ်တွေကတော့အားမလိုအားမရဖြစ်နေကြပါတယ်။ဒီပြိုင်ပွဲဝင်တွေထဲမှာပဲ စည်းကမ်းအလိုက်နာဆုံး Challenge တိုင်းမှာ ကွန်းမန့်ကောင်းတွေသာရလေ့ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားသူကတော့ ဗညားဖုန်းပြည့် ပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အောက်တိုဘာလ(၂၇)ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ” Maybelline Runway Experience” Challenge မှာ ယှဉ်ပြိုင်ခဲ့ရတဲ့ နိုင်ငံကျော်အဆိုတော် အေသင်ချိုဆွေရဲ့ ” အသည်းကွဲသီချင်းတွေ မဆိုတော့ဘူး ” ဆိုတဲ့ သီချင်းရဲ့ MTV မှာပါဝင်သရုပ်ဆောင်ရတာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တိုင်းကတော့ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ကြပြီး နောက်ဆုံး Grand Finalists Top (2) အဖြစ် ငြိမ်းချမ်းနဲ့ ဒီး တို့ပဲကျန်ရှိခဲ့ပြီး ဘုန်းပြည့်ကတော့ The Model Academy Season (3) မှ နှုတ်ဆက်ထွက်ခွာသွားရပါတယ်..။ပြိုင်ပွဲတောက်လျှောက်မှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဗညားဘုန်းပြည့် စိတ်ဓာတ်မကျဖို့ အကဲဖြတ်ဒိုင် မော်ဒယ် သန္တာလှိုင်မှ “Congratulations ပါ ဘုန်းပြည့်ရေ….

ဒီနေရာအထိရောက်လာတာ တော်ရုံ talent နဲ့ မရပါဘူး…အရမ်းတော်လို့ပါ ကြိုးစားလို့ပါမောင်လေးရေ….။ ဒီနေရာက ဘုန်းပြည့်အတွက် လမ်းဆုံးမဟုတ်ပါဘူး… Modelling လမ်းကြောင်းရဲ့ အစပါဆိုတာကို ဘုန်းပြည့်သိလို့ အမတို့တွေအားလုံး ဂုဏ်ယူပါတယ်နော် wishing you the best of luck ပါနော်….” ဆိုတဲ့ စာသားလေးနဲ့အတူ အားပေးစကားလေးကို ပြောပေးခဲ့ပါတယ်..။

The Model Academy Season(3) မှ ထွက်ခွာသွားရတဲ့ ဗညားဘုန်းပြည့်အတွက် အကဲဖြတ်ဒိုင် သန္တာလှိုင်ရဲ့ အားပေးစကားက ထိရောက်လွန်းလှပါတယ်နော်..။ပရိသတ်ကြီးရော The Model Academy Season (3)မှ ဗညားဘုန်းပြည့်ထွက်ခွာသွားရတဲ့အပေါ် မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်..။

Zawgyi ဖြင့်ဖတ်ပါ
★★★★★




