.မချစ်ဖူးလို့ ထင်ပေမယ့် ရူးနေအောင် ချစ်မိခဲ့တယ် ဆိုတဲ့ … သွန်းဆက်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

သွန်းဆက် လို့အမည် ရတဲ့ အနုပညာရှင်မလေး တစ်ဦးကတော့ အားပေးသူပရိသတ်တွေ များစွာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း သွန်းဆက်ဟာ ရုပ်ရှင်ဇတ်ကားပေါင်းများစွာကို ရိုက်ကူးထားနိုင် တဲ့ မင်းသမီးတစ်လက်ပါ ။ အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်တွေစိတ်ဝင်စားနေကြပေမယ့် ချစ်သူမရှိဘူး လို့ ငြင်းဆိုထားတဲ့ သွန်းဆက်ကတော့ ပရိသတ်တွေ ဒွိဟဖြစ်သွားစေမယ့် ပို့စ်တစ်ခုကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ် ။

ပရိသတ်တွေကို စနောက်လိုက်တာလား တကယ် ပဲချစ်ရမယ့်သူရှိနေပြီလားဆိုတာတော့ သူမကိုယ်တိုင်ပဲသိမယ်ထင်ပါတယ် ။ ” တွဲဖို့စိတ်ကူးမရှိဘဲနဲ့ တွဲဖြစ်ခဲ့တယ် မချစ်ဖူးထင် ခဲ့ပေမဲ့ ရူးနေအောင် ချစ်မိတယ် ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ အလှပုံရိပ်တွေကို မျှဝေပေးခဲ့တာဖြစ်လို့ ပရိသတ်တွေက ချစ်သူရနေပြီလားလို့ထင်နေကြတာပါ ။ သူမရဲ့ဖန်တွေ ကတော့ အရမ်း မချစ်ပါနဲ့ အရမ်းချစ်ရင် အရမ်းခံစားရမယ်နော်လို့ သတိပေးနေကြပေမယ့် သွန်းဆက်ကတော့ ပြန်လည်တုံ့ပြန်တာမျိုးတော့ မပြုလုပ်ခဲ့ပါဘူး ။

သူငယ်ချင်းတွေကတော့ ဒီလိုပြောနေရင်းနဲ့ပဲ ထိပ်စီးပြောင်းတော့မယ်လို့ စနောက်နေကြပြီး အပျိုကြီးသွန်းဆက် တစ်ယောက် ပရိသတ်ကို စနောက်လိုက်တာလား အတည်ချစ်ရမယ့်သူရှိနေတာလား ဆိုပြီး စဉ်းစားခန်းတွေထုတ်နေကြပါပြီ ။ ပရိသတ်ကြီးအတွက် ရူးနေအောင်ချစ်မိနေပြီဆိုတဲ့ သွန်းဆက်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေး လိုက်ပြီနော် ။

Source : Thun Sett,CRD-Cele Zone