Facebook မှာ လူကြည့်များနေတဲ့ သရုပ်ဆောင် ဟိန်းမင်းသူနဲ့ Sinon Loresca တို့ရဲ့ ဗီဒီယို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★









Unicode ဖြင့်ဖတ်ပါ
★★★★★

Facebook မှာ လူကြည့်များနေတဲ့ သရုပ်ဆောင် ဟိန်းမင်းသူနဲ့ Sinon Loresca တို့ရဲ့ ဗီဒီယို

အဆိုတော် ဟိန်းမင်းသူ တစ်ယောက်ကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲသူ တစ်ဦးဖြစ်သလို ဂီတနယ်ပယ်မှာ အောင်မြင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ထို့အတူ ဖိလစ်ပိုင် မော်ဒယ် Sinon Lorecsa တစ်ယောက်ဟာလည်း မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ တဖြေးဖြေးနေရာရလာသူလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကိုတော့ ပရိသတ်ကြီးက နှစ်သက်နေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ သီချင်းဆိုနေတဲ့ ဟိန်းမင်းသူနောက်က ပျော်တတ်နောက်တတ်တဲ့ Sinon က လိုက်စနေတာကြောင့်ပဲဖြစ်ပါတယ်။ သူတို့ဟာ အတော်လေးရင်းနှီးသလိုအထူးသဖြင့် Sinon ဟာ မြန်မာနိုင်ငံသားတွေ ချစ်ခင်တတ်သူတစ်ဦးဖြစ်တာကြောင့်လည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးတွေ့ဆုံးမှု ဗွီဒီယိုဖိုင်လေးကို လူမှုကွန်ရက်ပေါ်မှာ တင်ပြီး မကြာခင်မှာပဲ မျှဝေသူတွေ ထောင်နဲ့ချီ ရှိနေခဲ့ပါတယ်။

Sinon ဟာ အခုလို မြန်မာနိုင်ငံက အနုပညာသည်တွေများစွာနဲ့လည်း ရင်းနှီးလာတာတွေ့ရပါတယ်။ သူတွေ့ဆုံဖူးသူတွေထဲမှာ ဖြူဖြူထွေး ၊ ထွန်းထွန်း တို့လည်း ပါဝင်ပါတယ်။

အထူးသဖြင့် သူ့ရဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ၆ လက်မဒေါက်နဲ့ CatWalk လျှောက်တတ်မှုကြောင့်လည်း သူ့ကို ကမ္ဘာ့နိုင်ငံအချို့က CatWallk King လို့ တင်စားနေသူ တစ်ဦးလည်းဖြစ်ပါတယ်။

Credit to Writer – SMT( Shwe Yaung Lan )