ခလေးတော့ ဆုံးသွားပါပြီ.. ဖြစ်လေရာဘဝဆက်တိုင်းမှာ ဒီအဖြစ်မျိုး မကြုံပါရစေနဲ့ သမီးလေးရယ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






(ဆပ်​စပ်​သတင်း)


၁၉.၁၁.၂၀၁၉







Unicode ဖြင့်ဖတ်ပါ
★★★★★

ခလေးတော့ ဆုံးသွားပါပြီ.. ဖြစ်လေရာဘဝဆက်တိုင်းမှာ ဒီအဖြစ်မျိုး မကြုံပါရစေနဲ့ သမီးလေးရယ်

ရေးမြို့ မှာ ခလေးခိုးပြီး ငွေတောင်းသော တရားခံကို ဖမ်းမိထားတာ ဖြစ်ပါတယ်

ခလေးတော့ ဆုံးသွားပါပြီ..

ဖြစ်လေရာဘဝဆက်တိုင်းမှာ ဒီအဖြစ်မျိုး မကြုံပါရစေနဲ့ သမီးလေးရယ်

၁၉.၁၁.၂၀၁၉Tinmaung Htwe

(ဆပ်​စပ်​သတင်​း)

တစ်နှစ်ကျော်အရွယ်မိန်းကလေးငယ်တစ်ဦးအား ခေါ်ဆောင်ကာ ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ပြီး ကလေးငယ်အား သတ်ဖြတ်ခဲ့မှု ရေးမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

၁၉.၁၁.၂၀၁၉

ခုလ ၁၈ ရက်နေ့က ရေလုပ်ငန်းလုပ်ကိုင်ဖို့ ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်ကွက်ရှိ ဒေါ်သင်းသင်းအေးရဲ့နေအိမ်မှာ လာရောက်နေထိုင်ကြတဲ့ ဘုတလင်မြို့နယ်နေ အသက် ၂၀ နဲ့ ၁၆ နှစ်အရွယ်ရှိ ညီအစ်ကိုနှစ်ဦးက နေအိမ်ပိုင်ရှင်ရဲ့ အသက် တစ်နှစ်နဲ့ ခုနှစ်လအရွယ်သမီးဖြစ်သူကိုခေါ်ဆောင်ကာ ငွေတောင်းခဲ့တာပါ။

မောင်ရဲရင့်သူနဲ့ မောင်ရဲရင့်မျိုးတို့နဲ့အတူ သမီးဖြစ်သူ ဆော့ကစားနေစဉ် မိခင်ဖြစ်သူမှာအိပ်ပျော်သွားခဲ့ပြီးအိပ်ရာမှနိုးလာစဉ်မည်သူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ရှိခဲ့ရဘဲမိခင်ဖြစ်သူအားသွင်းထားတဲ့ ဟာဝေးအမျိုးအစားဖုန်းပါပျောက်ဆုံးနေခဲ့ကြောင်း

လိုက်လံရှာဖွေရာ အနီးရှိတက္ကစီသမားတစ်ဦးရဲ့ပြောပြချက်အရ သမီးဖြစ်သူနှင့် လူငယ်နှစ်ဦးတို့ဘူတာလိုက်ပို့ပေးရန်ပြောသဖြင့်လိုက်ပို့ပေးခဲ့ကြောင်းသိရ၍ လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ရကြောင်း။

ညနေ ၆ နာရီအချိန်တွင် ခင်ပွန်းဖြစ်သူ၏ဖုန်းအား အဆိုပါလူငယ်နှစ်ဦးက ” ငွေ ၅ သိန်းနဲ့ သမီးဖြစ်သူကိုလာရောက်လဲလှယ်ရန်နှင့် မလဲလှယ်ပါက အဆိုးမဆိုနဲ့၊ စိတ်မရှည်ဘူး ” ဟု ဆက်သွယ်ခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း

ရဲတပ်ဖွဲ့များက ယင်းလူငယ်နှစ်ဦးအား ယင်းနေ့ည ၁ဝနာရီအချိန်အဝေးပြေးဂိတ်မှာဖမ်းဆီးရမိခဲ့ပေမယ့်မိန်းကလေးငယ်ကတော့ ပျောက်ဆုံးနေလို့ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးဖော်ထုတ်ချက်အရ ယမန်နေ့က ကလေးမှငိုသဖြင့် အစ်ကိုဖြစ်သူက နှာခေါင်းနဲ့ပါးစပ်အားပိတ်ထားရာ အသံမထွက်သဖြင့် သေဆုံးသည်ထင်၍ချောင်းတောင်ကျေးရွာရေးနဲ့ထားဝယ်မီးရထားလမ်းအနောက်ဘက်ရှိ ရေမြောင်းအတွင်းပစ်ချခဲ့ကြောင်း သိရပါတယ်။

Credit to Win Naing Thet