ဇနီးချောလေး နဲ့ ” ချစ်အတူ၊ မူးအတူ” ဘဝလေး မှာ ပျော်ရွှင်နေပြီ ဆိုတဲ့ ရွှေထူး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

crd : momolay

အနုပညာလောက ရဲ့ ကြယ်ပွင့်လေးတွေဖြစ်ကြတဲ့ ရွှေမှုံရတီ နဲ့ ရွှေထူးက အောင်မြင်မှုတွေကိုယ်စီ ရရှိ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ရွှေမှုံရတီက သရုပ်ဆောင်လောကမှာ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ရွှေထူးကလည်း ဂီတလောကမှာ ကျော်ကြားရုံသာမက အခုဆိုရင် သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်နေလျက် ရှိပါတယ်။ ပရိသတ်တွေကလည်း လိုက်ဖက် ညီလွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စိတ်ဝင်စား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

အိမ်ထောင်သက် တစ်နှစ်ကျော်လာပြီးနောက် သံယောဇဉ်တွေပိုတိုးပြီး တစ်ယောက်အကြိုက် တစ်ယောက် သိတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးလေးက ပရိသတ်တွေအတွက် အားကျစရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက သူတို့ ရဲ့ အားလပ်ရက်လေးမှာ နှစ်ယောက်တည်း စားသောက်ပြီး သီချင်းတွေ ဆိုရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ရွှေထူးကတော့ သူဘာလုပ်လုပ် အနောက်ကနေအမြဲ ပါရမီဖြည့်ပေးတဲ့ ဇနီးလေး ရွှေမှုံရတီကို တစ်စိမ့်စိမ့်ကြည့်ပြီး “ချစ်အတူ၊ မူးအတူ ဘဝလေး” ဆိုပြီး သူ့ဘဝကိုသူ ကျေနပ်နေ ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ တကယ့်ကို ရှေ့သွားနောက်လိုက် ညီလွန်းတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ရဲ့ အိမ်ထောင်ရေးလေးက အမြဲတမ်း ပျော်စရာကောင်းနေတာ ဖြစ်မယ်နော်။ ရွှေထူး နဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ယောက် ဒီထက်မက ချစ်နိုင်ပြီး သားသားမီးမီးလေးတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

crd : momolay