ကျောက်စိမ်းရောင်ညနေခင်း၀တ်စုံလေးနဲ့ မိတ်ကပ်ခင်စန်းဝင်းရဲ့ beauty product launch ပွဲလေးကိုတက်ရောက်လာတဲ့ အိန္ဒြာကျော်ဇင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★
အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့အိန္ဒြာကျော်ဇင်ဟာဆိုရင် ခေတ်တစ်ခေတ်ကနေ ယနေ့ခေတ်အထိ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားနိုင်ဆဲပဲဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က အနုပညာကိုစိတ်ရောကိုယ်ပါနှစ်ပြီးကြိုးစားတာကြောင့် ပရိသတ်တွေကလည်းအသိအမှတ်ပြုကြသလို အောင်မြင်မှု‌များစွာကိုလည်း ရရှိနေတာဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က ယခုချိန်မှာဆိုရင် ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ချစ်ခင်ပွန်းပြေတီဦးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်က ကြင်ကြင်နာနာနဲ့ နားလည်မှုအပြန်အလှန်ထားရှိကြပြီး အေးအတူပူအမျှလက်တွဲနေကြလို့ ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။

ကလေးနှစ်ယောက်‌ကိုမွေးဖွားထားပေမယ့် ကလေးအမေလို့ထင်ရက်စရာမရှိလောက်အောင် လှပပျိုမျစ်နုနယ်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့အလှအပတွေကို ပရိသတ်ကြီးကတော့အမြဲချီးကျူး‌နေရပါတယ်။

အခုဆိုရင်လည်း မိတ်ကပ်ခင်စန်းဝင်းရဲ့ပွဲလေးကို အူဝဲက သူမတူတဲ့အလှတရားတွေကို ပေါ်လွင်စေတဲ့ဖက်ရှင်နဲ့တက်ရောက်လာတာဖြစ်ပါတယ်။မရိုးသွားနိုင်တဲ့အလှအပတွေနဲ့ ကျက်သရေရှိစွာလှနေတဲ့ အူဝဲရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။Photo Credit:Li John Photography;Source:Eaindra Kyaw Zin’s Page