မင္းတစ္ေယာက္ကလြဲရင္ အကုန္လံုးေက်ာခုိင္းထားတယ္လုိ႕ဆိုလုိက္တဲ့ ဘုန္းမင္းေနလ …

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ၾကီးေရ မိခင္ျဖစ္သူ အကယ္ဒမီခင္ဇာျခည္ေက်ာ္နဲ႔အတူ ပြဲေတြတက္ရင္း ပရိသတ္မ်က္မွန္းတန္းမိလာတဲ့ ဘုန္းမင္းေနလ ေလးကေတာ့ မိန္းကေလးပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလး တစ္ေယာက္ပါ ။

အကယ္ဒမီေပးပြဲ ဗန္းကိုင္အျဖစ္ ပါ၀င္ျပီးေနာက္မွာေတာ့ ပရိသတ္ခ်စ္ခင္မႈေတြတိုးလာျပီး ေၾကာ္ျငာေတြရိုက္ကူးေနရျပီျဖစ္ပါတယ္ ။ အနုပညာကို ခ်စ္ေပမယ့္ ပညာေရးတဖက္နဲ႔ စကၤာပူမွာ ေက်ာင္းတက္ေနရတဲ့ ဘုန္းမင္းကေတာ့ ေက်ာင္းျပီးမွ ပဲ အနုပညာအလုပ္ေတြကို ေဇာက္ခ်လုပ္ကိုင္မွာပါတဲ့ ။

မိခင္ျဖစ္သူရဲ႕ အႏုပညာအေမြကို ဆက္ခံထားတဲ့ ဘုန္းမင္းေလးကေတာ့ အနုပညာအလုပ္ေတြ စတင္လုပ္ကိုင္စဥ္မွာပဲ ခုိင္မာတဲ့ အမာခံဖန္ေတြရျပီး ေအာင္ျမင္လာခဲ့တာပါ ။ မိန္းကေလးပရိသတ္ေတြရဲ႕၀န္းရံျခင္းခံေနရတဲ့ ဘုန္းမင္းရဲ႕ အခ်စ္ေရးကိုလည္း ပရိသတ္ေတြကအထူးစိတ္၀င္စားေနခဲ့ၾကတာပါ ။

လတ္တေလာမွာ ဘုန္းမင္းက ” ရင္ထဲလမ္းရွင္းထားတယ္ တသက္လံုးေအးခ်မ္းသြားမယ္ အကုန္လံုးေၾကာခိုင္းထားတယ္မင္းေလးတစ္ေယာက္ကလြဲရင္ ” ဆိုတဲ့စာသားေလးနဲ႔အတူ သူ႕ရဲ႕ ခ်စ္စဖြယ္ပုံရိပ္ေလးကို ပရိသတ္ေတြကိုမွ်ေ၀ေပးခဲ့ပါတယ္ ။

မ်ိဳးၾကီးရဲ႕ သီခ်င္းနဲ႔တုိက္ဆုိင္တဲ့ သူ႕ရဲ႕ခံစားခ်က္ေတြလားလုိ႕ ပ်ိဳေမတို႕က စိုးရိမ္ေနၾကျပီး သ၀န္ေတြတိုေနၾကပါျပီေနာ္ ။ ဘုန္းမင္းတစ္ေယာက္ သူ႕ထက္အသက္ၾကီးတဲ့ မမ တစ္ေယာက္နဲ႔ ခ်စ္သူေတြလို႕သတင္းေတြထြက္ခဲ့ေပမယ့္ အခုေတာ့ သတင္းေတြ ျပန္လည္ျငိမ္သက္ေနျပန္ပါျပီ ။ ပရိသတ္ၾကီးအတြက္ ဘုန္းမင္းရဲ႕ အလွပံုရိပ္ေလးေတြကို မွ်ေ၀ေပးလုိက္ပါရေစေနာ္ ။

Source : Phone Min Nay La

Credit Molly ( Cele Connections )

Unicode ဖြင့်ဖတ်ပါ
★★★★★

မင်းတစ်ယောက်ကလွဲရင် အကုန်လုံးကျောခိုင်းထားတယ်လို့ဆိုလိုက်တဲ့ ဘုန်းမင်းနေလ …

ပရိသတ်ကြီးရေ မိခင်ဖြစ်သူ အကယ်ဒမီခင်ဇာခြည်ကျော်နဲ့အတူ ပွဲတွေတက်ရင်း ပရိသတ်မျက်မှန်းတန်းမိလာတဲ့ ဘုန်းမင်းနေလ လေးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေး တစ်ယောက်ပါ ။

အကယ်ဒမီပေးပွဲ ဗန်းကိုင်အဖြစ် ပါဝင်ပြီးနောက်မှာတော့ ပရိသတ်ချစ်ခင်မှုတွေတိုးလာပြီး ကြော်ငြာတွေရိုက်ကူးနေရပြီဖြစ်ပါတယ် ။ အနုပညာကို ချစ်ပေမယ့် ပညာရေးတဖက်နဲ့ စင်္ကာပူမှာ ကျောင်းတက်နေရတဲ့ ဘုန်းမင်းကတော့ ကျောင်းပြီးမှ ပဲ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်မှာပါတဲ့ ။

မိခင်ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံထားတဲ့ ဘုန်းမင်းလေးကတော့ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်စဉ်မှာပဲ ခိုင်မာတဲ့ အမာခံဖန်တွေရပြီး အောင်မြင်လာခဲ့တာပါ ။ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံခြင်းခံနေရတဲ့ ဘုန်းမင်းရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေကအထူးစိတ်ဝင်စားနေခဲ့ကြတာပါ ။

လတ်တလောမှာ ဘုန်းမင်းက ” ရင်ထဲလမ်းရှင်းထားတယ် တသက်လုံးအေးချမ်းသွားမယ် အကုန်လုံးကြောခိုင်းထားတယ်မင်းလေးတစ်ယောက်ကလွဲရင် ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ ချစ်စဖွယ်ပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။

မျိုးကြီးရဲ့ သီချင်းနဲ့တိုက်ဆိုင်တဲ့ သူ့ရဲ့ခံစားချက်တွေလားလို့ ပျိုမေတို့က စိုးရိမ်နေကြပြီး သဝန်တွေတိုနေကြပါပြီနော် ။ ဘုန်းမင်းတစ်ယောက် သူ့ထက်အသက်ကြီးတဲ့ မမ တစ်ယောက်နဲ့ ချစ်သူတွေလို့သတင်းတွေထွက်ခဲ့ပေမယ့် အခုတော့ သတင်းတွေ ပြန်လည်ငြိမ်သက်နေပြန်ပါပြီ ။ ပရိသတ်ကြီးအတွက် ဘုန်းမင်းရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော် ။

Source : Phone Min Nay La

Molly ( Cele Connections )