ပွဲတက်လာသူတွေ အကုန် အားကျခဲ့ရတဲ့ Romantic အဆန်ဆုံး စုံတွဲလေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

ပွဲတက်လာသူတွေ အကုန် အားကျခဲ့ရတဲ့ Romantic အဆန်ဆုံး စုံတွဲလေး

အချစ်စစ်မှာ အသက်အရွယ် ကွာခြားတာတွေ၊ ရုပ်ရည်ရူပကာမတူညီတာတွေ မရှိပဲ ရင်ထဲက မေတ္တာသာ အရေးအကြီးဆုံးဆိုတာ ပြသခဲ့တဲ့ စုံတွဲလေးဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ ချစ်ရတဲ့ အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဖန်တီးထားတာပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဗိုလ်နေတိုး ရုပ်ရှင်ရဲ့ပွဲလေးကို ခင်ပွန်းဖြစ်သူနဲ့အတူ တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အသေးစိတ်လေးကအစ ချစ်ဇနီးကို ဂရုစိုက်တတ်လွန်းတဲ့ ဏကြီးရဲ့ပုံရိပ်တွေကတော့ အရမ်းကို Romantic ဆန်လွန်းနေတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပွဲတက်လာသူတွေ အကုန် ငေးမော အားကျခဲ့ရတဲ့ Romantic အဆန်ဆုံး စုံတွဲလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုကတော့ “Thank you Baby…. Just stand by me…” သူမရဲ့ဘက်မှာ အမြဲရပ်တည်ပေးတဲ့ ခင်ပွန်းကို ကျေးဇူးတင်ကြောင်း ပြောရင်း သူမတို့ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ကင်မရာတွေမရှိတဲ့ ကွယ်ရာမှာလည်း ဂရုစိုက်တတ်လွန်းသူကြီးဖြစ်တဲ့ ဒါရိုက်တာ ဏကြီး…။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ခင်ပွန်းက သူမကိုတန်ဖိုးထားလို့ အပျော်တွေ မရပ်နိုင်လောက်အောင်ပြုံးရွှင်နေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်ရင်share သွားကြဖို့ မမေ့ပါနဲ့နော်။