၁၀ တန်း တက်ခဲ့တဲ့ ကျောင်းလေးကို ပြန်ရောက်တုန်း အမှတ်ရစရာတွေ ဖြစ်ခဲ့တဲ့ ဖြူဖြူထွေး ရုပ်သံ
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
တက္ကသိုလ်ကျောင်းသူလေးကနေ သူများနဲ့မတူဘဲ ထူးခြားတဲ့အကပုံစံနဲ့
ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဖြူဖြူထွေးက အခုဆိုရင် ပရိသတ်တွေရဲ့
အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ တက်သစ်စအနုပညာရှင်လေးတစ်ဥိီးဖြစ်နေပါပြီ။
လက်ရှိမှာ ကြော်ငြာများစွာကို လက်ခံရိုက်ကူးပေးလျက်ရှိပြီး
ရုပ်ရှင်ဇာတ်ကားကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို
ပရိသတ်တွေမြင်တွေ့ရတော့မှာပါ။
စိတ်သဘောဖြူပြီး ကလေးလေးလို ဖြူစင်လွန်းတဲ့ ဖြူဖြူထွေးရဲ့
ပွင့်လင်းရိုးသားတဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို
သာပိုင်ဆိုင်ထားသူလေးဖြစ်လာပါပြီ။ ပရိသတ်တွေကို တစ်နည်းမဟုတ်တစ်နည်း
ပျော်ရွှင်အောင် ဟာသဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။
အခုလည်း ဟိုအရင် ၁၀တန်း ကျောင်းသူဘဝတုန်းက သူမကို ပညာတွေကောင်းမွန်စွာသင်ကြားပေးခဲ့တဲ့ ကျောင်းတော်ကြီးဆီကို ပြန်ရောက်တုန်း ရယ်မောပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်ခဲ့ရတဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာဗီဒီယိုလေးကို ပရိသတ်တွေထပ်မံကြည့်ရှုရမှာပါ။ CeleGabar ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီီဒီယိုလေးကို ကြည့်ပြီး ငယ်ဘဝတွေကို ပြန်လည်အမှတ်ရစေဖို့ တင်ပေးလိုက်ပါတယ်နော်။
Source: Phyu Phyu Htwe
NORA:CeleGabar
Zawgyi ဖြင့်ဖတ်ပါ
★★★★★
ဖြူဖြူထွေး ရုပ်သံ
အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ တက်သစ်စအနုပညာရှင်လေးတစ်ဦးဖြစ်နေပါပြီ။