အနာဂတ်ရဲ့ကြယ်ပွင့်လေးဆိုတာသေချာသွားပြီလို့ မှတ်ချက်ပေးခံလိုက်ရတဲ့ ဘင်ဂျမင်ဆုမ်း
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
ဒီတစ်ပတ်မှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာ ကန်ထရီးသီချင်းတွေနဲ့ ပြိုင်ပွဲဝင်တွေကယှဉ်ပြိုင်ခဲ့ရပါပြီ။တစ်ပတ်ပြီးတစ်ပတ်ယှဉ်ပြိုင်မှုတေေွကတော့ လျော့သွားတယ်မရှိပါဘူး။ပိုပိုပြီးတော့သာစိတ်ဝင်စားစရာကောင်းလာတာပါ။
ဘင်ဂျမင်ဆုမ်းဟာ ပြိုင်ပွဲဝင်တွေထဲမှာပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ပြိုင်ပွဲဝင်တစ်ယောက်ပါ။အရင်အပတ်မှာယှဉ်ပြိုင်ခဲ့စဉ်မှာလည်း ဒိုင်တွေကို အတော်လေးကျေနပ်စေသူတစ်ယောက်ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတေ့ာ ကန်ထရီးစတိုင်အပြည့်နဲ့ အကောင်းဆုံးသီဆိုဖျော်ဖြေသွားတာဖြစ်ပြီး ပရိသတ်နဲ့ဒိုင်တွေကို အံ့သြမှင်သက်သွားစေခဲ့ပါတယ်။
ဘင်ဂျမင်ရဲ့ကြိုးစားမှုဟာ ပြိုင်ပွဲတစ်လျှောက်မှာပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်။ဒါကြောင့်လည်းဒိုင်တစ်ယောက်ဖြစ်တဲ့ မတင်ဇာမော်ကတော့ “စိတ်ဝင်စားစရာကောင်းတယ်ကိုယ်ပိုင်စတိုင်ရှိတယ်..အကြိုက်ဆုံးသီချင်းတွေထဲမှာ ဒီသီချင်းပါတယ်” လို့တောင်မှတ်ချက်ပြုသွားတာပါဖြူဖြူကတော့”မမြင်ဖူးတဲ့ပုံစံလေးမြင်ရတယ်။လို့ပြောခဲ့သလို သူ့ရဲ့သီဆိုမှုတွေကို တစ်နေ့မှာကြိုက်ကြိုက်မကြိုက်ကြည့်နေရလိမ့်မယ်….” လို့တောင်မှတ်ချက်ချခဲ့ပါတယ်။ဦးအောင်ကိုလတ်ကတော့ “You are unique” လို့တောင် ပြောသွားခဲ့ပါတယ်။ဒီနေ့မှာတော့ ဘင်ဂျမင်ဆုမ်းရဲ့ မနေချင်ဘူးမင်းမရှိတဲ့ဘဝမှာ မနေချင်ဘူး…အချစ်ရေ…ဆို တဲ့စာသားလေးနဲ့အတူပရိသတ်တွေကတော့ ဟတ်ထိသွားခဲ့ပါပြီ။
Source : MyanmarIdolယMoe – CeleGabar
Zawgyi ဖြင့်ဖတ်ပါ
★★★★★