သားသမီးမရတတ်သူများနှင့့် လိပ်ခေါင်းရှိသူများ အတွက် “လိပ်ဆူးရွှေ” ဆေးနည်းကောင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လိပ္ဆူးေရႊ ( လိပ္စေဝ ) ပင္
ေနရာေဒသအလိုက္ အေခၚေျပာင္းလဲႏိုင္ပါသည္။

ကြ်န္ေတာ္ေနတဲ႔ ရြာက အမ်ိဳးသမီးတစ္ေယာက္ အိမ္ေထာင္သက္တမ္း ( ၅ )နွစ္ ေက်ာ္ျပီ ကေလးမရတာေႀကာင့္ နားလည္သူကိုေမးႀကည့္ေတာ့ …

ေဆးနည္း

★★★
★★★★★★★
★★★★★★★★★★

လိပ္ဆူးရွည္ပဥၥငါးပါးကိုေရသန္႔နဲ႕ေဆးခုတ္စင္းျပီး ေရနဲ႕က်ိဳ တႀကိမ္ေသာက္ရင္ ေရေႏြးႀကမ္းပန္းကန္တလုံးနဲ႕ တခြက္ကို ၂ ႀကိမ္ ၃ ႀကိမ္ ေသာက္ခိုင္းတာ ကေလးရခဲ႕ပါတယ္ ။
ရြာမွာ လက္ေတြ႕ ႏွစ္ဦး သုံးဦးရွိပါျပီးလက္ေတြ႕နည္းပါ ။
နကၡတၱေရာင္ျခည္

Sai Min Thant

#အပင္
အပြင့္ကိုအစြဲျပဳ၍ ခရမ္း၊အျဖဴၾကား၊အျဖဴ၊အဝါဟု(၄)မ်ဳိးကြဲျပား၏။အဝါမ်ဳိးမွာအေပါဆံုးျဖစ္၏။၎အပင္(၄)မ်ဳိးစလုံး၏ အပင္အ႐ြက္အနိမ့္အျမင့္မွာ
မ်ားစြာကြာျခားမႈမရွိပါ။အပင္မွာခ်ဳံပင္ငယ္မ်ဳိးျဖစ္၏။(၂)ေပမွ(၅)ေပအထိျမင့္၏။အကိုင္းအခက္အလြန္မ်ား၏။ပင္စည္၊အကိုင္း၊အခက္တို႔၌ခြၽန္ထက္ေသာ
ဆူးကေလးမ်ား မ်ားစြာရွိသည္။

#အ႐ြက္

အ႐ြက္မွာဆိုင္ထြက္၏။ရွည္ေမ်ာေမ်ာပုံ႐ြက္ထိပ္ခြၽန္ၿပီး႐ြက္ရင္းသြယ္သည္။႐ြက္နားညီ၊႐ြက္ေၾကာထင္ရွားၿပီး႐ြက္ညႇာရွည္သည္။အ႐ြက္အဖ်ားတြင္ဆူးကေလးရွိသည္။

#အပြင့္

အဝါေရာင္ရွိသည္။႐ြက္ညႇာရင္းရွိအဆစ္မွထြက္၏။ပြင့္ခ်ပ္(၅)ခုဆိုင္၍ကေတာ့ပုံသဏၭာန္ပြင့္၏။အတြင္းမွဝတ္ဆံမ်ွင္(၂)ခုထြက္၏။အပြင့္အရွည္မွာ(၁)လက္မခန္႔ရွိ၏။

#အသီး

ဆူးရွိ၏။အလ်ား(၁)လက္မခန္႔သာရွိ၏။အေစ့မွာ(၂)ေစ့ခန္႔သာပါ၏။အသီးမွာႏုလ်ွင္စိမ္း၍ရင့္လ်ွင္အျပာရင့္ေရာင့္ျဖစ္သြားသည္။

***ေပါက္ေရာက္ပုံ***

ျမန္မာႏိုင္ငံအႏွံ႔အျပား၌ေပါက္ေရာက္သည္။အထူးသျဖင့္ေျမလြတ္ေျမလပ္၊စားက်က္မ်ား၊ကုန္းတန္းမ်ားတြင္ေတြ႕ရသည္။၎အပင္တို႔သည္ေႏြရာသီတြင္ေျခာက္ေသြ႕ကုန္ၿပီးလ်ွင္မိုးရာသီတြင္အမ်ားအျပားေပါက္ေရာက္ၾကသည္။စြတ္စိုေသာအခ်ဳိ႕အရပ္မ်ားတြင္ဆယ့္ႏွစ္ရာသီလုံးလုံးေပါက္သည္ကိုေတြ႕ရသည္။
အထူးသျဖင့္အထက္ျမန္မာျပည္တြင္မ်ားစြာေပါက္ေရာက္သည္။သဘာဝအေလ်ာက္ေပါက္သည္။

***အသုံးျပဳသည့္အစိတ္အပိုင္း***
ပဥၥငါးပါး၊အ႐ြက္၊အျမစ္

***အာနိသင္***

လိပ္ဆူးေ႐ႊသည္ပူခါးစပ္အရသာရွိၿပီးအဖန္အရသာအနည္းငယ္ပါရွိသည္။ေလကိုထူးကဲစြာရေစ၏။ေသြးေၾကာမ်ားကိုပြင့္ေစျခင္းေၾကာင့္အေၾကာဆိုင္း၍
ေသြးေလမေလွ်ာက္ေသာေရာဂါမ်ားတြင္အက်ဳိးျပဳ၏။ဆာေလာင္မြတ္သိပ္ျခင္းကိုျဖစ္ေစျခင္း၊အားအင္ကိုတိုးပြားေစျခင္း၊အေရျပားေရာဂါမ်ားႏွင့္ေသြးေရာဂါတို႔၌
မ်ားစြာအက်ဳိးရွိ၏။ေသြးအားတိုးေဆးမ်ားတြင္လည္းဆူးပန္းပြင့္ကဲ့သို႔လိပ္ဆူးေ႐ႊပြင့္ကိုထည့္၍အသုံုးျပဳပါသည္။ဆူးပန္းပြင့္ႏွင့္အက်ဳိးသြားတူသျဖင့္ဆူးပန္းပြင့္အစား
လိပ္ဆူးေ႐ႊပြင့္ကိုအသုံးျပဳႏိုင္ပါသည္။လူကိုလြန္စြာဝၿဖိဳးေစတတ္သည္။မ်က္စိနာ၊မီးယပ္ေရာဂါမ်ားႏွင့္သင့္၏။

***အသုံးျပဳပုံ***

(၁)ပဥၥငါးပါးျပဳတ္ရည္တြင္ခ်င္းေျခာက္မႈန္႔ျဖဴး၍ကေလးကိုတိုက္ေကြၽးလ်ွင္ကေလးမ်ားဝမ္းပ်က္ေရာဂါေပ်ာက္ကင္းေစ၏။
(၂)ပဥၥငါးပါးသတၱဳရည္(သို႔)၎သတၱဳရည္ကိုႏွမ္းဆီႏွင့္ေရာခ်က္ၿပီးဝဲယားနာ၊ေပြးနာႏွင့္အနာေပါက္မ်ားကိုလိမ္းရ၏။
(၃)လိပ္ဆူးေ႐ႊ႐ြက္ကိုျပာခ်ၿပီးေထာပတ္၊ႏွမ္းဆီစသည္တို႔ႏွင့္ေရာလိမ္းေသာ္အနာမ်ားကိုအျမန္အသားႏုတက္ေစၿပီးအေပ်ာက္ျမန္ေစ၏။

(၄)အ႐ြက္ျပဳတ္ရည္ကိုကေလးလူႀကီးမ်ားေသာက္လ်ွင္ေခြၽးေကာင္းစြာထြက္ေစ၍အဖ်ားႏွင့္တကြေခ်ာင္းဆိုးအေအးမိျခင္းကိုပါေပ်ာက္ကင္းေစပါသည္။
(၅)အ႐ြက္သတၱဳရည္ကိုကင္းကိုက္ေသာဒဏ္ရာေပၚသို႔ဆြတ္ေပးျခင္းျဖင့္ကင္းဆိပ္ကိုေျပေစသည္။ေရာင္ရမ္းေသာေနရာမ်ားေပၚ၌လိမ္းေပးလ်ွင္လည္း
အေရာင္ေလ်ာ့ေစသည္။

(၆)အ႐ြက္က်ျပဳတ္ရည္ကိုခပ္ေႏြးေႏြးငုံေပးေသာ္နဲ႔ေနေသာသြားမ်ားကိုျပန္ခိုင္လာေစပါသည္။
(၇)လိပ္ဆူးေ႐ႊ႐ြက္ႏွင့္ကြကၠရာဆတူေရာႀကိတ္၍သြားေျခတြင္ကပ္ထားေသာ္သြားနာ၊သြားကိုက္ျခင္းႏွင့္သြားေျခမွေသြးယိုစိမ့္ျခင္းတို႔ကိုေပ်ာက္ေစပါသည္။

#လိပ္ဆူးေ႐ႊ

*** ပုံသဏၭာန္***

လိပ္ဆူးပင္သည္ပင္ငယ္ၿခံဳမ်ဳိးျဖစ္၏။၎(၄)မ်ဳိးစလုံးမွာအပင္အ႐ြက္အနိမ့္အျမင့္မွာမ်ားစြာကြာျခားမႈမရွိေခ်။
အပြင့္ကိုအစြဲျပဳ၍အညိဳ၊အနီ၊အျဖဴ၊အဝါအားျဖင့္(၄)မ်ဳိးကြဲေလ၏။အပြင့္သည္အ႐ြက္၏အရင္းအဆစ္မွေန၍ထြက္၏။

(၁)လက္မခန္႔အလ်ားရွိ၏။ပြင့္ခ်ပ္(၅)ခုဆိုင္၍ကေတာ့သဏၭာန္ပြင့္၏။အတြင္းမွဝတ္ဆံမ်ွင္(၂)ခုထြက္၏။အဝါမ်ဳိးသည္အမ်ားဆံုးျဖစ္၏။
လိပ္ဆူးေ႐ႊဟူ၍၎၊လိပ္စေ႐ြဟူ၍၎၊လိပ္သေ႐ြဟူ၍၎ေဒသအလိုက္ေခၚေဝၚၾကသည္ကိုေတြ႕ရ၏။အထက္ဗမာျပည္တြင္မ်ားစြာေပါက္ေရာက္တတ္၏။
၎အပင္မ်ားသည္မ်ားေသာအားျဖင့္အျမင့္(၂)ေပမွ(၅)ေပအထိျမင့္ၾက၏။အကိုင္းအခက္လြန္စြာမ်ား၏။

ခြၽန္ထက္ေသာဆူးငယ္ကေလးမ်ားပင္စည္၊အကိုင္းအခက္တို႔၌မ်ားစြာရွိကုန္၏။အသီး၌လည္းဆူးရွိ၏။
အသီးသည္အလ်ား(၁၂)ပဲမွ(၁)လက္မသာသာရွည္၏။အ႐ြက္မွာအရင္းအဖ်ားခြၽန္သြယ္၏။

(၂)လက္မမွ(၅)လက္မအထိအလ်ားရွိ၍(၁)လက္မခြဲမွ(၂)လက္မအထိအနံရွိ၏။၎အပင္တို႔သည္ေႏြရာသီတြင္ေျခာက္ေသြ႕ကုန္ၿပီးလ်ွင္
မိုးရာသီတြင္အမ်ားအျပားေပါက္ၾက၏။စြတ္စိုေသာအခ်ဳိ႕အရပ္မ်ားတြင္ဆယ့္ႏွစ္ရာသီလုံးလံုးစိမ္းလန္းစိုေျပ၍ေပါက္ေနသည္ကိုေတြ႕ရ၏။
အသီးမွာႏုလ်ွင္စိမ္း၍ရင့္လ်ွင္အျပာရင့္ေရာင္ျဖစ္သြား၏။အသီးတြင္(၂)ေစ့မ်ွသာရွိ၏။

***လိပ္ဆူး(၄)မ်ဳိးတို႔၏ဂုဏ္ႏွင့္စြမ္းရည္***

#လိပ္ဆူးျဖဴ

လိပ္ဆူးျဖဴသည္ခါးေသာအရသာရွိ၏။ႏူးညံ့၏။ပူ၏။သြားမ်ားကိုအက်ဳိးျပဳ၏။ပိုးကိုႏိုင္၏။
အေရျပားေရာဂါေၾကာင့္ယားျခင္း၊ပိုးျခင္တို႔ကိုက္၍ယားျခင္း၊ဝဲစို၊ဝဲေျခာက္စေသာေရာဂါမ်ား
ႏူနာ၊သြားနာ၊သြားကိုက္စသည္တို႔ကိုမ်ားစြာအက်ဳိးျပဳ၏။

#လိပ္ဆူးဝါ

လိပ္ဆူးဝါသည္အရသာခါး၏။ဖန္၏။ဆာေလာင္မြတ္သိပ္ျခင္းကိုျဖစ္ေစ၏။အေရျပားေရာဂါႏွင့္ေသြးေရာဂါတို႔ကို
မ်ားစြာအက်ဳိးျပဳ၏။

#လိပ္ဆူးနီ

လိပ္ဆူးနီသည္အရသာခါး၏။ပူ၏။ကိုယ္သားကိုယ္ေရအေရာင္အဆင္းကိုၾကည္လင္ေတာက္ပေစ၏။
ေသြးေဖာက္ျပန္ျခင္း၊ဝမ္းေဖာေရာင္ျခင္း၊နာက်င္ကိုက္ခဲျခင္း၊ပန္းနာရင္က်ပ္၊ေခ်ာင္းဆိုးေရာဂါအမ်ဳိးမ်ဳိးတို႔ကိုဖ်က္ဆီးႏိုင္၏။

#လိပ္ဆူးညိဳ
လိပ္ဆူးညိဳသည္ေရာင္ရမ္းျခင္း၊အနာေပါက္ျခင္းအေရျပားေရာဂါအမ်ဳိးမ်ဳိး၊ေလႏွင့္သလိပ္ေရာဂါတို႔ကို
ပယ္ေဖ်ာက္ႏိုင္၏။

#ရသရတနာကရ-က်မ္းဆရာ၏အျမင္
လိပ္ဆူးဝါကိုက်ဳိၿပီးလ်ွင္တစ္ညစိမ္၍ထားပါ။ေနာက္တစ္ေန႔ေသာက္မူ(သို႔မဟုတ္)လိပ္ဆူးဝါအျမစ္အစိုကိုသတၱဳရည္ညႇစ္၍ေသာက္မူ
မီးဖြား၍ျဖစ္ေပၚတတ္ေသာေရာဂါမ်ားကိုဖ်က္ဆီးႏိုင္၏။
#အသားႏုတက္လိမ္းေဆး
၎လိပ္ဆူးဝါ႐ြက္ကိုျပာခ်၍၎ျပာကိုေထာပတ္ႏွင့္ေရာ၍လိမ္းက်ံမူမက်က္ႏိုင္ေသာအနာမ်ားအသားႏုတက္၍အေပ်ာက္ျမန္၏။

#ေရွးက်ေသာက်မ္းဆရာတစ္ဦး၏အျမင္
၎လိပ္ဆူးဝါပဥၥငါးပါးကိုႀကိတ္၍ႏွမ္းဆီႏွင့္ေရာခ်က္ပါ။၎ဆီကိုလိမ္းမူေပြးနာမ်ဳိးစုံ၊ယားနာမ်ဳိးစုံႏွင့္အနာေပါက္မ်ားအတြက္မ်ားစြာအက်ဳိးရွိ၏။
၎အ႐ြက္သတၱဳရည္-၁က်ပ္၈ပဲ-လူအိုႀကီးမ်ားေသာက္လ်ွင္ေခြၽးေကာင္းစြာထြက္၍အဖ်ားေရာဂါလည္းေပ်ာက္ကင္းၿပီးလ်ွင္ေခ်ာင္းဆိုးျခင္း၊
အေအးမိျခင္းကိုလည္းပယ္ေဖ်ာက္ႏိုင္၏။

#အခ်ဳိ႕က်မ္းဆရာႀကီး၏အျမင္
၎အ႐ြက္သတၱဳရည္ကိုညႇစ္ယူ၍ထားပါ။ကင္းညာဘက္ကိုကိုက္မူဘယ္ဘက္ႏွာေခါင္းမွရႈ၍ဘယ္ဘက္မွကိုက္မူညာဘက္ႏွာေခါင္းမွာရႈ(သို႔မဟုတ္)
ဂြမ္းစသည္တြင္ဆြတ္၍ညႇစ္ခ်ေပးပါ။ကင္းဆိပ္ေျပလိမ့္မည္။၎သတၱဳရည္ကိုေရာင္ရမ္းသူမ်ားကိုလိမ္းမူေရာင္ရမ္းျခင္းမွေပ်ာက္ကင္း၏။
#စကၠဒတၲက်မ္းဆရာ၏အျမင္
၎လိပ္ဆူးေ႐ႊအ႐ြက္ကိုက်က်ျပဳတ္၍ခပ္ေႏြးေႏြးကိုငုံေပးမူနဲ႔ေသာသြားမ်ားျပန္၍ခိုင္ေစ၏။

#အခ်ဳိ႕ဆရာတို႔ကား
လိပ္ဆူးေ႐ႊ၏အ႐ြက္ႏွင့္ကြကၠရာတို႔ဆတူေရာႀကိတ္၍သြားေျခတြင္ကပ္ထားမူသြားနာ၊သြားကိုက္ေပ်ာက္ကင္း၏။
သြားေျခအရင္းမွေသြးယိုစီးျခင္းလည္းေပ်ာက္ကင္း၏။

#ဆရာႀကီး၏အျမင္
လိပ္ဆူးေ႐ႊ႐ြက္၏သတၱဳရည္ကိုညႇစ္ယူ၍ထားပါ။သူငယ္မ်ားေခ်ာင္းဆိုးျခင္း၊ဖ်ားနာျခင္း၊သလိပ္ထျခင္းတို႔ကိုပ်ားရည္ႏွင့္သၾကား(သို႔မဟုတ္)ေရေႏြးစသည္တို႔ႏွင့္ေရာ၍ေႂကြဇြန္းငယ္(၂)ဇြန္းမ်ွေန႔အခါ၌(၂)ႀကိမ္တိုက္ပါ။၎အ႐ြက္ကိုျပာခ်၍၎ျပာႏွင့္ဆန္ပုန္းရည္ေရာေသာက္မူေဖာေရာင္ျခင္း၊ေရဖ်ဥ္းေရာဂါဟူသမ်ွက်ဆင္းေလ၏။
ေခ်ာင္းဆိုးေရာဂါမ်ားလည္းေပ်ာက္ကင္း၏။

#ေဒါက္တာနာဒကရႏၷီ၏အျမင္
၎လိပ္ဆူးေ႐ႊ၏သတၱဳရည္ကိုမိုးဦးက်အခ်ိန္တြင္ေျခဖဝါး၊ေျခေခ်ာင္းအၾကားတို႔၌ျဖစ္တတ္ေသာဝဲနာ၊ယားနာတို႔အားသုတ္လိမ္းျခင္း၊ေသာက္ျခင္း
ျပဳပါကဝဲကိုက္၊ယားနာေပ်ာက္ကင္း၏။

၎ျပင္လိပ္ဆူးေ႐ႊျမစ္ကိုႀကိတ္၍လိမ္းေပးမူအဖု၊အပိန္႔အနာမ်ားႏွင့္ငန္းမန္းလိုက္၍ေရာင္ရမ္းျခင္းမ်ားက်ဆင္းပါလိမ့္မည္။လိပ္ဆူးေ႐ႊ႐ြက္(၅)က်ပ္၊၎အကိုင္းအခက္(၅)က်ပ္ကိုႀကိတ္၍ႏွမ္းဆီ(၂၀)က်ပ္၊ေရ(၄၀)က်ပ္ႏွင့္ေရခန္းေအာင္က်ဳိၿပီးအဝတ္ျဖင့္စစ္၍ဆီကိုယူပါ။
၎ဆီကိုလိမ္းက်ံေပးျခင္း၊၎ဆီျဖင့္မက်က္ႏိုင္ေသာအနာမ်ား၊ျပည္၊အရိအ႐ြဲအားႀကီးေသာအနာမ်ားကိုေဆးေက်ာျခင္းျပဳပါကအနာမ်ားစင္ၾကယ္၍အသားႏုတက္ခါေပ်ာက္လြယ္၏။
#ကာနယ္ခ်ဳိပရာ၏အျမင္

၎လိပ္ဆူးေ႐ႊသည္ေသြးစိမ္းထြက္အနာမ်ား၊ေခ်ာင္းဆိုးေရာဂါမ်ား၊ခပ္သိမ္းေသာအေဖာေရာဂါမ်ား၌
မ်ားစြာအက်ဳိးျပဳေသာေဆးပင္ျဖစ္၏။

***ေရာဂါအလိုက္အသုံးျပဳပံု***
#အၿမံဳေပ်ာက္ေဆး
လိပ္ဆူးေ႐ႊျမစ္ကိုႀကိတ္၍ေယာက်္ားႏွင့္မိန္းမတစ္ခြက္-၈ပဲသားမ်ွညနံနက္(၃)ရက္မ်ွႏြားႏို႔ႏွင့္ေရာ၍မွန္မွန္သုံးေဆာင္ပါကကိုယ္ဝန္မတည္ေသာမိန္းမမ်ား
ကိုယ္ဝန္တည္ရွိပါလိမ့္မည္။

#လိင္နိမိတ္ေရာဂါ(လူပ်ဳိနာ)
လိပ္ဆူးေ႐ႊ႐ြက္ႏွင့္ျငဳပ္ေကာင္းကိုဆတူျပဳတ္၍တစ္ခြက္စာ(၆)ပဲသားမ်ွနံနက္၊ညသုံးစြဲပါမူလိင္နိမိတ္ေရာဂါေပ်ာက္ကင္းပါလိမ့္မည္။
#ေခ်ာင္းဆိုးေပ်ာက္ေဆးနည္း

လိပ္ဆူးေ႐ႊ႐ြက္(၄)က်ပ္၊ေရ(၆၀)က်ပ္ႏွင့္(၈)က်ပ္သားက်န္ေအာင္က်ဳိပါ။တစ္ခြက္စာ-(၁)က်ပ္(၈)ပဲသားမ်ွပ်ားရည္ႏွင့္ေရာ၍နံနက္ညေသာက္ပါ။
ေခ်ာင္းဆိုးေရာဂါမ်ားေပ်ာက္ကင္းပါလိမ့္မည္။
#အတိသာရဝမ္းသြားေရာဂါေပ်ာက္ေဆး

ယင္း၏က်ဳိရည္တြင္ခ်င္းေျခာက္မႈန္႔ျဖဴး၍ကေလးကိုတိုက္ေသာ္ကေလး၏အတိသာရဝမ္းသြားေရာဂါေပ်ာက္ကင္းေလသည္။
#Source : Google
Medicinal Plants of Myanmar -(FREDA)
Dr.Kyaw Soe,Daw Tin Myo Ngwe

လက္ေတြ႕အသုံးခ်ေဆးဖက္အပင္မ်ားေပါင္းခ်ဳပ္
-က်န္းမာေရးဝန္ႀကီးဌာန
အရွင္နာဂသိန္ပုံျပေဆးအဘိဓာန္-တတိယတဲြ

Unicode ဖြင့်ဖတ်ပါ
★★★★★

လိပ်ဆူးရွှေ ( လိပ်စဝေ ) ပင်
နေရာဒေသအလိုက် အခေါ်ပြောင်းလဲနိုင်ပါသည်။

ကျွန်တော်နေတဲ့ ရွာက အမျိုးသမီးတစ်ယောက် အိမ်ထောင်သက်တမ်း ( ၅ )နှစ် ကျော်ပြီ ကလေးမရတာကြောင့် နားလည်သူကိုမေးကြည့်တော့ …

ဆေးနည်း

★★★
★★★★★★★
★★★★★★★★★★

လိပ်ဆူးရှည်ပဉ္စငါးပါးကိုရေသန့်နဲ့ဆေးခုတ်စင်းပြီး ရေနဲ့ကျို တကြိမ်သောက်ရင် ရေနွေးကြမ်းပန်းကန်တလုံးနဲ့ တခွက်ကို ၂ ကြိမ် ၃ ကြိမ် သောက်ခိုင်းတာ ကလေးရခဲ့ပါတယ် ။
ရွာမှာ လက်တွေ့ နှစ်ဦး သုံးဦးရှိပါပြီးလက်တွေ့နည်းပါ ။
နက္ခတ္တရောင်ခြည်

Sai Min Thant

#အပင်
အပွင့်ကိုအစွဲပြု၍ ခရမ်း၊အဖြူကြား၊အဖြူ၊အဝါဟု(၄)မျိုးကွဲပြား၏။အဝါမျိုးမှာအပေါဆုံးဖြစ်၏။၎င်းအပင်(၄)မျိုးစလုံး၏ အပင်အရွက်အနိမ့်အမြင့်မှာ
များစွာကွာခြားမှုမရှိပါ။အပင်မှာချုံပင်ငယ်မျိုးဖြစ်၏။(၂)ပေမှ(၅)ပေအထိမြင့်၏။အကိုင်းအခက်အလွန်များ၏။ပင်စည်၊အကိုင်း၊အခက်တို့၌ချွန်ထက်သော
ဆူးကလေးများ များစွာရှိသည်။

#အရွက်

အရွက်မှာဆိုင်ထွက်၏။ရှည်မျောမျောပုံရွက်ထိပ်ချွန်ပြီးရွက်ရင်းသွယ်သည်။ရွက်နားညီ၊ရွက်ကြောထင်ရှားပြီးရွက်ညှာရှည်သည်။အရွက်အဖျားတွင်ဆူးကလေးရှိသည်။

#အပွင့်

အဝါရောင်ရှိသည်။ရွက်ညှာရင်းရှိအဆစ်မှထွက်၏။ပွင့်ချပ်(၅)ခုဆိုင်၍ကတော့ပုံသဏ္ဌာန်ပွင့်၏။အတွင်းမှဝတ်ဆံမျှင်(၂)ခုထွက်၏။အပွင့်အရှည်မှာ(၁)လက်မခန့်ရှိ၏။

#အသီး

ဆူးရှိ၏။အလျား(၁)လက်မခန့်သာရှိ၏။အစေ့မှာ(၂)စေ့ခန့်သာပါ၏။အသီးမှာနုလျှင်စိမ်း၍ရင့်လျှင်အပြာရင့်ရောင့်ဖြစ်သွားသည်။

***ပေါက်ရောက်ပုံ***

မြန်မာနိုင်ငံအနှံ့အပြား၌ပေါက်ရောက်သည်။အထူးသဖြင့်မြေလွတ်မြေလပ်၊စားကျက်များ၊ကုန်းတန်းများတွင်တွေ့ရသည်။၎င်းအပင်တို့သည်နွေရာသီတွင်ခြောက်သွေ့ကုန်ပြီးလျှင်မိုးရာသီတွင်အများအပြားပေါက်ရောက်ကြသည်။စွတ်စိုသောအချို့အရပ်များတွင်ဆယ့်နှစ်ရာသီလုံးလုံးပေါက်သည်ကိုတွေ့ရသည်။
အထူးသဖြင့်အထက်မြန်မာပြည်တွင်များစွာပေါက်ရောက်သည်။သဘာဝအလျောက်ပေါက်သည်။

***အသုံးပြုသည့်အစိတ်အပိုင်း***
ပဉ္စငါးပါး၊အရွက်၊အမြစ်

***အာနိသင်***

လိပ်ဆူးရွှေသည်ပူခါးစပ်အရသာရှိပြီးအဖန်အရသာအနည်းငယ်ပါရှိသည်။လေကိုထူးကဲစွာရစေ၏။သွေးကြောများကိုပွင့်စေခြင်းကြောင့်အကြောဆိုင်း၍
သွေးလေမလျှောက်သောရောဂါများတွင်အကျိုးပြု၏။ဆာလောင်မွတ်သိပ်ခြင်းကိုဖြစ်စေခြင်း၊အားအင်ကိုတိုးပွားစေခြင်း၊အရေပြားရောဂါများနှင့်သွေးရောဂါတို့၌
များစွာအကျိုးရှိ၏။သွေးအားတိုးဆေးများတွင်လည်းဆူးပန်းပွင့်ကဲ့သို့လိပ်ဆူးရွှေပွင့်ကိုထည့်၍အသုံးပြုပါသည်။ဆူးပန်းပွင့်နှင့်အကျိုးသွားတူသဖြင့်ဆူးပန်းပွင့်အစား
လိပ်ဆူးရွှေပွင့်ကိုအသုံးပြုနိုင်ပါသည်။လူကိုလွန်စွာဝဖြိုးစေတတ်သည်။မျက်စိနာ၊မီးယပ်ရောဂါများနှင့်သင့်၏။

***အသုံးပြုပုံ***

(၁)ပဉ္စငါးပါးပြုတ်ရည်တွင်ချင်းခြောက်မှုန့်ဖြူး၍ကလေးကိုတိုက်ကျွေးလျှင်ကလေးများဝမ်းပျက်ရောဂါပျောက်ကင်းစေ၏။
(၂)ပဉ္စငါးပါးသတ္တုရည်(သို့)၎င်းသတ္တုရည်ကိုနှမ်းဆီနှင့်ရောချက်ပြီးဝဲယားနာ၊ပွေးနာနှင့်အနာပေါက်များကိုလိမ်းရ၏။
(၃)လိပ်ဆူးရွှေရွက်ကိုပြာချပြီးထောပတ်၊နှမ်းဆီစသည်တို့နှင့်ရောလိမ်းသော်အနာများကိုအမြန်အသားနုတက်စေပြီးအပျောက်မြန်စေ၏။

(၄)အရွက်ပြုတ်ရည်ကိုကလေးလူကြီးများသောက်လျှင်ချွေးကောင်းစွာထွက်စေ၍အဖျားနှင့်တကွချောင်းဆိုးအအေးမိခြင်းကိုပါပျောက်ကင်းစေပါသည်။
(၅)အရွက်သတ္တုရည်ကိုကင်းကိုက်သောဒဏ်ရာပေါ်သို့ဆွတ်ပေးခြင်းဖြင့်ကင်းဆိပ်ကိုပြေစေသည်။ရောင်ရမ်းသောနေရာများပေါ်၌လိမ်းပေးလျှင်လည်း
အရောင်လျော့စေသည်။

(၆)အရွက်ကျပြုတ်ရည်ကိုခပ်နွေးနွေးငုံပေးသော်နဲ့နေသောသွားများကိုပြန်ခိုင်လာစေပါသည်။
(၇)လိပ်ဆူးရွှေရွက်နှင့်ကွက္ကရာဆတူရောကြိတ်၍သွားခြေတွင်ကပ်ထားသော်သွားနာ၊သွားကိုက်ခြင်းနှင့်သွားခြေမှသွေးယိုစိမ့်ခြင်းတို့ကိုပျောက်စေပါသည်။

#လိပ်ဆူးရွှေ

*** ပုံသဏ္ဌာန်***

လိပ်ဆူးပင်သည်ပင်ငယ်ခြုံမျိုးဖြစ်၏။၎င်း(၄)မျိုးစလုံးမှာအပင်အရွက်အနိမ့်အမြင့်မှာများစွာကွာခြားမှုမရှိချေ။
အပွင့်ကိုအစွဲပြု၍အညို၊အနီ၊အဖြူ၊အဝါအားဖြင့်(၄)မျိုးကွဲလေ၏။အပွင့်သည်အရွက်၏အရင်းအဆစ်မှနေ၍ထွက်၏။

(၁)လက်မခန့်အလျားရှိ၏။ပွင့်ချပ်(၅)ခုဆိုင်၍ကတော့သဏ္ဌာန်ပွင့်၏။အတွင်းမှဝတ်ဆံမျှင်(၂)ခုထွက်၏။အဝါမျိုးသည်အများဆုံးဖြစ်၏။
လိပ်ဆူးရွှေဟူ၍၎င်း၊လိပ်စရွေဟူ၍၎င်း၊လိပ်သရွေဟူ၍၎င်းဒေသအလိုက်ခေါ်ဝေါ်ကြသည်ကိုတွေ့ရ၏။အထက်ဗမာပြည်တွင်များစွာပေါက်ရောက်တတ်၏။
၎င်းအပင်များသည်များသောအားဖြင့်အမြင့်(၂)ပေမှ(၅)ပေအထိမြင့်ကြ၏။အကိုင်းအခက်လွန်စွာများ၏။

ချွန်ထက်သောဆူးငယ်ကလေးများပင်စည်၊အကိုင်းအခက်တို့၌များစွာရှိကုန်၏။အသီး၌လည်းဆူးရှိ၏။
အသီးသည်အလျား(၁၂)ပဲမှ(၁)လက်မသာသာရှည်၏။အရွက်မှာအရင်းအဖျားချွန်သွယ်၏။

(၂)လက်မမှ(၅)လက်မအထိအလျားရှိ၍(၁)လက်မခွဲမှ(၂)လက်မအထိအနံရှိ၏။၎င်းအပင်တို့သည်နွေရာသီတွင်ခြောက်သွေ့ကုန်ပြီးလျှင်
မိုးရာသီတွင်အများအပြားပေါက်ကြ၏။စွတ်စိုသောအချို့အရပ်များတွင်ဆယ့်နှစ်ရာသီလုံးလုံးစိမ်းလန်းစိုပြေ၍ပေါက်နေသည်ကိုတွေ့ရ၏။
အသီးမှာနုလျှင်စိမ်း၍ရင့်လျှင်အပြာရင့်ရောင်ဖြစ်သွား၏။အသီးတွင်(၂)စေ့မျှသာရှိ၏။

***လိပ်ဆူး(၄)မျိုးတို့၏ဂုဏ်နှင့်စွမ်းရည်***

#လိပ်ဆူးဖြူ

လိပ်ဆူးဖြူသည်ခါးသောအရသာရှိ၏။နူးညံ့၏။ပူ၏။သွားများကိုအကျိုးပြု၏။ပိုးကိုနိုင်၏။
အရေပြားရောဂါကြောင့်ယားခြင်း၊ပိုးခြင်တို့ကိုက်၍ယားခြင်း၊ဝဲစို၊ဝဲခြောက်စသောရောဂါများ
နူနာ၊သွားနာ၊သွားကိုက်စသည်တို့ကိုများစွာအကျိုးပြု၏။

#လိပ်ဆူးဝါ

လိပ်ဆူးဝါသည်အရသာခါး၏။ဖန်၏။ဆာလောင်မွတ်သိပ်ခြင်းကိုဖြစ်စေ၏။အရေပြားရောဂါနှင့်သွေးရောဂါတို့ကို
များစွာအကျိုးပြု၏။

#လိပ်ဆူးနီ

လိပ်ဆူးနီသည်အရသာခါး၏။ပူ၏။ကိုယ်သားကိုယ်ရေအရောင်အဆင်းကိုကြည်လင်တောက်ပစေ၏။
သွေးဖောက်ပြန်ခြင်း၊ဝမ်းဖောရောင်ခြင်း၊နာကျင်ကိုက်ခဲခြင်း၊ပန်းနာရင်ကျပ်၊ချောင်းဆိုးရောဂါအမျိုးမျိုးတို့ကိုဖျက်ဆီးနိုင်၏။

#လိပ်ဆူးညို
လိပ်ဆူးညိုသည်ရောင်ရမ်းခြင်း၊အနာပေါက်ခြင်းအရေပြားရောဂါအမျိုးမျိုး၊လေနှင့်သလိပ်ရောဂါတို့ကို
ပယ်ဖျောက်နိုင်၏။

#ရသရတနာကရ-ကျမ်းဆရာ၏အမြင်
လိပ်ဆူးဝါကိုကျိုပြီးလျှင်တစ်ညစိမ်၍ထားပါ။နောက်တစ်နေ့သောက်မူ(သို့မဟုတ်)လိပ်ဆူးဝါအမြစ်အစိုကိုသတ္တုရည်ညှစ်၍သောက်မူ
မီးဖွား၍ဖြစ်ပေါ်တတ်သောရောဂါများကိုဖျက်ဆီးနိုင်၏။
#အသားနုတက်လိမ်းဆေး
၎င်းလိပ်ဆူးဝါရွက်ကိုပြာချ၍၎င်းပြာကိုထောပတ်နှင့်ရော၍လိမ်းကျံမူမကျက်နိုင်သောအနာများအသားနုတက်၍အပျောက်မြန်၏။

#ရှေးကျသောကျမ်းဆရာတစ်ဦး၏အမြင်
၎င်းလိပ်ဆူးဝါပဉ္စငါးပါးကိုကြိတ်၍နှမ်းဆီနှင့်ရောချက်ပါ။၎င်းဆီကိုလိမ်းမူပွေးနာမျိုးစုံ၊ယားနာမျိုးစုံနှင့်အနာပေါက်များအတွက်များစွာအကျိုးရှိ၏။
၎င်းအရွက်သတ္တုရည်-၁ကျပ်၈ပဲ-လူအိုကြီးများသောက်လျှင်ချွေးကောင်းစွာထွက်၍အဖျားရောဂါလည်းပျောက်ကင်းပြီးလျှင်ချောင်းဆိုးခြင်း၊
အအေးမိခြင်းကိုလည်းပယ်ဖျောက်နိုင်၏။

#အချို့ကျမ်းဆရာကြီး၏အမြင်
၎င်းအရွက်သတ္တုရည်ကိုညှစ်ယူ၍ထားပါ။ကင်းညာဘက်ကိုကိုက်မူဘယ်ဘက်နှာခေါင်းမှရှု၍ဘယ်ဘက်မှကိုက်မူညာဘက်နှာခေါင်းမှာရှု(သို့မဟုတ်)
ဂွမ်းစသည်တွင်ဆွတ်၍ညှစ်ချပေးပါ။ကင်းဆိပ်ပြေလိမ့်မည်။၎င်းသတ္တုရည်ကိုရောင်ရမ်းသူများကိုလိမ်းမူရောင်ရမ်းခြင်းမှပျောက်ကင်း၏။
#စက္ကဒတ္တကျမ်းဆရာ၏အမြင်
၎င်းလိပ်ဆူးရွှေအရွက်ကိုကျကျပြုတ်၍ခပ်နွေးနွေးကိုငုံပေးမူနဲ့သောသွားများပြန်၍ခိုင်စေ၏။

#အချို့ဆရာတို့ကား
လိပ်ဆူးရွှေ၏အရွက်နှင့်ကွက္ကရာတို့ဆတူရောကြိတ်၍သွားခြေတွင်ကပ်ထားမူသွားနာ၊သွားကိုက်ပျောက်ကင်း၏။
သွားခြေအရင်းမှသွေးယိုစီးခြင်းလည်းပျောက်ကင်း၏။

#ဆရာကြီး၏အမြင်
လိပ်ဆူးရွှေရွက်၏သတ္တုရည်ကိုညှစ်ယူ၍ထားပါ။သူငယ်များချောင်းဆိုးခြင်း၊ဖျားနာခြင်း၊သလိပ်ထခြင်းတို့ကိုပျားရည်နှင့်သကြား(သို့မဟုတ်)ရေနွေးစသည်တို့နှင့်ရော၍ကြွေဇွန်းငယ်(၂)ဇွန်းမျှနေ့အခါ၌(၂)ကြိမ်တိုက်ပါ။၎င်းအရွက်ကိုပြာချ၍၎င်းပြာနှင့်ဆန်ပုန်းရည်ရောသောက်မူဖောရောင်ခြင်း၊ရေဖျဉ်းရောဂါဟူသမျှကျဆင်းလေ၏။
ချောင်းဆိုးရောဂါများလည်းပျောက်ကင်း၏။

#ဒေါက်တာနာဒကရန္နီ၏အမြင်
၎င်းလိပ်ဆူးရွှေ၏သတ္တုရည်ကိုမိုးဦးကျအချိန်တွင်ခြေဖဝါး၊ခြေချောင်းအကြားတို့၌ဖြစ်တတ်သောဝဲနာ၊ယားနာတို့အားသုတ်လိမ်းခြင်း၊သောက်ခြင်း
ပြုပါကဝဲကိုက်၊ယားနာပျောက်ကင်း၏။

၎င်းပြင်လိပ်ဆူးရွှေမြစ်ကိုကြိတ်၍လိမ်းပေးမူအဖု၊အပိန့်အနာများနှင့်ငန်းမန်းလိုက်၍ရောင်ရမ်းခြင်းများကျဆင်းပါလိမ့်မည်။လိပ်ဆူးရွှေရွက်(၅)ကျပ်၊၎င်းအကိုင်းအခက်(၅)ကျပ်ကိုကြိတ်၍နှမ်းဆီ(၂၀)ကျပ်၊ရေ(၄၀)ကျပ်နှင့်ရေခန်းအောင်ကျိုပြီးအဝတ်ဖြင့်စစ်၍ဆီကိုယူပါ။
၎င်းဆီကိုလိမ်းကျံပေးခြင်း၊၎င်းဆီဖြင့်မကျက်နိုင်သောအနာများ၊ပြည်၊အရိအရွဲအားကြီးသောအနာများကိုဆေးကျောခြင်းပြုပါကအနာများစင်ကြယ်၍အသားနုတက်ခါပျောက်လွယ်၏။
#ကာနယ်ချိုပရာ၏အမြင်

၎င်းလိပ်ဆူးရွှေသည်သွေးစိမ်းထွက်အနာများ၊ချောင်းဆိုးရောဂါများ၊ခပ်သိမ်းသောအဖောရောဂါများ၌
များစွာအကျိုးပြုသောဆေးပင်ဖြစ်၏။

***ရောဂါအလိုက်အသုံးပြုပုံ***
#အမြုံပျောက်ဆေး
လိပ်ဆူးရွှေမြစ်ကိုကြိတ်၍ယောကျ်ားနှင့်မိန်းမတစ်ခွက်-၈ပဲသားမျှညနံနက်(၃)ရက်မျှနွားနို့နှင့်ရော၍မှန်မှန်သုံးဆောင်ပါကကိုယ်ဝန်မတည်သောမိန်းမများ
ကိုယ်ဝန်တည်ရှိပါလိမ့်မည်။

#လိင်နိမိတ်ရောဂါ(လူပျိုနာ)
လိပ်ဆူးရွှေရွက်နှင့်ငြုပ်ကောင်းကိုဆတူပြုတ်၍တစ်ခွက်စာ(၆)ပဲသားမျှနံနက်၊ညသုံးစွဲပါမူလိင်နိမိတ်ရောဂါပျောက်ကင်းပါလိမ့်မည်။
#ချောင်းဆိုးပျောက်ဆေးနည်း

လိပ်ဆူးရွှေရွက်(၄)ကျပ်၊ရေ(၆၀)ကျပ်နှင့်(၈)ကျပ်သားကျန်အောင်ကျိုပါ။တစ်ခွက်စာ-(၁)ကျပ်(၈)ပဲသားမျှပျားရည်နှင့်ရော၍နံနက်ညသောက်ပါ။
ချောင်းဆိုးရောဂါများပျောက်ကင်းပါလိမ့်မည်။
#အတိသာရဝမ်းသွားရောဂါပျောက်ဆေး

ယင်း၏ကျိုရည်တွင်ချင်းခြောက်မှုန့်ဖြူး၍ကလေးကိုတိုက်သော်ကလေး၏အတိသာရဝမ်းသွားရောဂါပျောက်ကင်းလေသည်။
#Source : Google
Medicinal Plants of Myanmar -(FREDA)
Dr.Kyaw Soe,Daw Tin Myo Ngwe

လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်
-ကျန်းမာရေးဝန်ကြီးဌာန
အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-တတိယတွဲ