အသက် (၃၈) နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ ပရိသတ်တို့ရဲ့ အချစ်တော်မင်းသမီး Song Hye Kyo

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“အြန္ေစာ” လို႔ ျမန္မာပရိသတ္ေတြ အသိမ်ားၾကတဲ႔ ေတာင္ကိုရီးယားႏို္င္ငံရဲ႕ နာမည္ၾကီးထိပ္တန္းမင္းသမီး “Song Hye Kyo” ဟာဆိုရင္ေတာ႔ ဒီေန႔ ႏို၀င္ဘာလ ၂၂ ရက္ေန႔မွာ အသက္ (၃၈) ႏွစ္တိတိျပည္႔သြားျပီ ျဖစ္ပါတယ္။ “ေဆာင္းဦးရြက္ေၾကြခ်စ္သက္ေသ”ဆိုတဲ႔ ဇာတ္လမ္းတြဲနဲ႔ ျမန္မာပရိသတ္ေတြကို စတင္ရင္းႏွီးေစခဲ႔တဲ႔ သူမဟာ ႏို္င္ငံတကာမွာ ပရိသတ္ေတြအခိုင္အမာရရွိထားတဲ႔ မင္းသမီးတစ္ေယာက္ျဖစ္တာေၾကာင္႔ ႏွစ္စဥ္ဆိုသလို ပရိသတ္ေတြစုေပါင္းျပီး သူမရဲ႕ ေမြးေန႔အထိမ္းအမွတ္ေတြျပလုပ္ေပးခဲ႔ၾကကာ ဒီႏွစ္ရဲ႕ေမြးေန႔အတြက္ကိုလည္း အထိ္မ္းအမွတ္ပြဲေလးေတြမ်ားစြာကို ျပဳလုပ္ေပးခဲ႔ၾကတယ္လို႔ သိရပါတယ္။

ဒီေန႔အခ်ိန္မွာ အသက္ ၃၈ ႏွစ္အရြယ္ကိုေရာက္ရွိေနျပီဆိုေပမယ္႔လည္း အသက္ ၂၀ ပတ္၀န္းက်င္မိန္းကေလးတစ္ေယာက္လို႔ပဲ ထင္မွတ္ရေလာက္ေအာင္ ႏုပ်ိဳလြန္းတဲ႔အလွတရားကို ပိုင္ဆိုင္ထားတဲ႔သူမဟာ အႏုပညာေလာကထဲကို အသက္ ၁၄ ႏွစ္အရြယ္ေလာက္မွာ စတင္၀င္ေရာက္ခဲ႔တာျဖစ္ပါတယ္။ အႏုပညာသက္တမ္း ၂၄ ႏွစ္ရွိေနျပီျဖစ္တဲ႔ သူမဟာ လက္ရွိအခ်ိန္မွာေတာ႔ ေအာင္ျမင္မွဳေတြကိုရရွိေနသူတစ္ေယာက္ျဖစ္တယ္ဆိုေပမယ္႔ သူမရဲ႕ ငယ္စဥ္ဘ၀ဟာ ထင္သေလာက္မႏူးညံ႔ခဲ႔ပါဘူး။

က်န္းမာေရးခ်ူခ်ာတဲ႔ မိန္းကေလးတစ္ေယာက္အျဖစ္နဲ႔ ေမြးဖြားလာခဲ႔တဲ႔သူမကိုု ဆရာ၀န္ေတြက အသက္မရွင္ေလာက္ဘူးလို႔ေတာင္ ထင္ေၾကးေတြေပးခဲ႔ၾကဖူးပါတယ္။ အဲဒီေနာက္မွာ က်န္းမာေရးျပန္လည္ေကာင္းမြန္လာခ်ိိန္မွာေတာ႔ သူမရဲ႕မိဘေတြဟာ သူမရဲ႕ေမြးေန႔ကိုထည္႔သြင္းရာမွာ ေမြးေန႔အစစ္အမွန္ျဖစ္တဲ႔ ၁၉၈၁ ခုႏွစ္၊ ႏို၀င္ဘာလ၊ ၂၂ ရက္ဆိုတာကို မွတ္ပံုမတင္ပဲ ၁၉၈၂ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔ကိုပဲ မွတ္ပံုတင္ခဲ႔တယ္လို႔ သိရပါတယ္။

ေမြးကတည္းက က်န္းမာေရးခ်ဴခ်ာခဲ႔တဲ႔ သူမဟာ မိသားစုကံလည္း မေကာင္းခဲ႔ျပန္ပါဘူး။ သူမငယ္စဥ္အရြယ္မွာပဲ မိဘ ၂ ပါးဟာ ကြာရွင္းလိုက္ၾကျပီး သူမကေတာ႔ မိခင္ျဖစ္သူရဲ႕ ထိန္းသိမ္းေစာင္႔ေရွာက္မွုေအာက္မွာပဲ ၾကီးျပင္းခဲ႔ပါတယ္။ အဲဒီေနာက္မွာေတာ႔ သူမတို႔ သားအမိ ၂ ေယာက္ဟာ ဇာတိေျမျဖစ္တဲ႔ ဒယ္ဂူးျမိဳ႕ကေန ဆိုးလ္ျမိဳ႕ကိုေျပာင္းေရႊ႕ခဲ႔ၾကျပီး စကိတ္မယ္ျဖစ္ဖို႔အတြက္ကိုပဲ ေလ႔က်င္႔သင္ၾကားခဲ႔ပါတယ္။ ဒါေပမယ္႔လည္း ၈ တန္းေက်ာင္းသူအရြယ္ကို ေရာက္ခ်ိန္မွာေတာ႔ ထိုလမ္းေၾကာင္းကို စြန္႔လႊတ္ခဲ႔ပါတယ္။

ငယ္စဥ္အရြယ္ကတည္းက အေနေအးျပီး ရွက္တတ္သူျဖစ္တယ္လို႔ သူမကိုယ္သူမ ခံယူထားတဲ႔ Song Hye Kyo ဟာ တကယ္တမ္းမွာတာ႔ ေနြးေထြးေဖာ္ေရြတတ္သူျဖစ္ကာ သူငယ္ခ်င္းေတြနဲ႔လည္း အဆင္ေျပေအာင္ေပါင္းသင္းတတ္သူျဖစ္တယ္လို႔ ဆရာမေတြရဲ႕ ေျပာျပခ်က္အရသိရပါတယ္။ ၁၉၉၆ ခုႏွစ္မွာေတာ႔ အႏုပညာေလာကထဲကို ဓာတ္ပံုေမာ္ဒယ္အျဖစ္နဲ႔ စတင္၀င္ေရာက္ခဲ႔ျပီး အဲဒီအခ်ိန္မွာေတာ႔ သူမရဲ႕ အသက္ဟာ ၁၄ ႏွစ္အရြယ္သာရွိပါေသးတယ္။

၂၀၀၀ ျပည္႔ႏွစ္မွာေတာ႔ “ေဆာင္းဦးရြက္ေၾကြခ်စ္သက္ေသ” ဇာတ္လမ္းတြဲကိုရိုက္ကူးခဲ႔ျပီး အဲဒီဇာတ္လမ္းတြဲဟာ သူမကို ႏိုင္ငံတကာပရိသတ္ေတြရဲ႕ လက္ခံၾကိဳက္ႏွစ္သက္အားေပးမွုကိုရရွိေစျပီး နာမည္ၾကီးမင္းသမီးတစ္လက္အျဖစ္ကို ေရာက္ရွိေစခဲ႔တဲ႔ ဇာတ္လမ္းတြဲတစ္တြဲဆိုရင္လည္း မမွားပါဘူး။

အဲဒီေနာက္ပိုင္းမွာေတာ႔ နာမည္ေက်ာ္ဇာတ္လမ္းတြဲေပါင္းမ်ားစြာနဲ႔ ရုပ္ရွင္ဇာတ္ကားမ်ားစြာကို လက္ခံရိုက္ကူးခဲ႔ရျပီး နာမည္ၾကီးအမွတ္တံဆိပ္ေတြရဲ႕ ပင္တိုင္ေၾကာ္ျငာအျဖစ္နဲ႔လည္း ေအာင္ျမင္မွုေတြမ်ားစြာကို ရရွိခဲ႔ပါတယ္။ ရုပ္ရည္၊ ေအာင္ျမင္မွု၊ ေငြေၾကးပိုင္းမွာ အစစအရာရာ ျပည္႔စံုတဲ႔သူမဟာ အခ်စ္ေရးမွာေတာ႔ ကံမေကာင္းသူျဖစ္တယ္လို႔ ဆိုလို႔ရပါတယ္။

နာမည္ၾကီးထိပ္တန္းမင္းသားေတြျဖစ္တဲ႔ Lee Byung Hyun, Hyun Bin တို႔နဲ႔ ခ်စ္ၾကိဳက္ခဲ႔ဖူးတဲ႔သူမဟာ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလမွာေတာ႔ Descendants of the Sun ဇာတ္လမ္းတြဲထဲမွာ သူမနဲ႔အတူ ပါ၀င္သရုပ္ေဆာင္ခဲ႔တဲ႔ မင္းသား Song Joong Ki နဲ႔ လက္ထပ္ခဲ႔ပါတယ္။ ဒါေပမယ္႔လည္း အိမ္ေထာင္သက္တမ္း ၁ ႏွစ္နဲ႔ ၈ လအၾကာမွာေတာ႔ ၂ ဦးသားဟာ တရား၀င္ကြာရွင္းျပတ္စဲခဲ႔ၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ႔ သူမဟာ ဇာတ္ကားရိုက္ကူးမွဳေတြကို ရပ္နားထားျပီး ေနာင္ရုိက္ကူးမယ္႔ ဇာတ္ကားအသစ္ကို စဥ္းစားေရြးခ်ယ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၃၈ ႏွစ္အရြယ္လို႔ မထင္မွတ္ေလာက္ေအာင္ လွရက္လြန္းတဲ႔ Kyo အတြက္ ေမြးေန႔ဆုမြန္ေတာင္းစကားေလးဆိုခဲ႔ၾကပါဦးေနာ္။

Ref : Wiki

Unicode ဖြင့်ဖတ်ပါ
★★★★★

“အွန်စော” လို့ မြန်မာပရိသတ်တွေ အသိများကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး “Song Hye Kyo” ဟာဆိုရင်တော့ ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အသက် (၃၈) နှစ်တိတိပြည့်သွားပြီ ဖြစ်ပါတယ်။ “ဆောင်းဦးရွက်ကြွေချစ်သက်သေ”ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေကို စတင်ရင်းနှီးစေခဲ့တဲ့ သူမဟာ နိုင်ငံတကာမှာ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် နှစ်စဉ်ဆိုသလို ပရိသတ်တွေစုပေါင်းပြီး သူမရဲ့ မွေးနေ့အထိမ်းအမှတ်တွေပြလုပ်ပေးခဲ့ကြကာ ဒီနှစ်ရဲ့မွေးနေ့အတွက်ကိုလည်း အထိမ်းအမှတ်ပွဲလေးတွေများစွာကို ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့အချိန်မှာ အသက် ၃၈ နှစ်အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့်လည်း အသက် ၂၀ ပတ်ဝန်းကျင်မိန်းကလေးတစ်ယောက်လို့ပဲ ထင်မှတ်ရလောက်အောင် နုပျိုလွန်းတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့သူမဟာ အနုပညာလောကထဲကို အသက် ၁၄ နှစ်အရွယ်လောက်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အနုပညာသက်တမ်း ၂၄ နှစ်ရှိနေပြီဖြစ်တဲ့ သူမဟာ လက်ရှိအချိန်မှာတော့ အောင်မြင်မှုတွေကိုရရှိနေသူတစ်ယောက်ဖြစ်တယ်ဆိုပေမယ့် သူမရဲ့ ငယ်စဉ်ဘဝဟာ ထင်သလောက်မနူးညံ့ခဲ့ပါဘူး။

ကျန်းမာရေးချူချာတဲ့ မိန်းကလေးတစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့တဲ့သူမကို ဆရာဝန်တွေက အသက်မရှင်လောက်ဘူးလို့တောင် ထင်ကြေးတွေပေးခဲ့ကြဖူးပါတယ်။ အဲဒီနောက်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာချိန်မှာတော့ သူမရဲ့မိဘတွေဟာ သူမရဲ့မွေးနေ့ကိုထည့်သွင်းရာမှာ မွေးနေ့အစစ်အမှန်ဖြစ်တဲ့ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၂ ရက်ဆိုတာကို မှတ်ပုံမတင်ပဲ ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကိုပဲ မှတ်ပုံတင်ခဲ့တယ်လို့ သိရပါတယ်။

မွေးကတည်းက ကျန်းမာရေးချူချာခဲ့တဲ့ သူမဟာ မိသားစုကံလည်း မကောင်းခဲ့ပြန်ပါဘူး။ သူမငယ်စဉ်အရွယ်မှာပဲ မိဘ ၂ ပါးဟာ ကွာရှင်းလိုက်ကြပြီး သူမကတော့ မိခင်ဖြစ်သူရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာပဲ ကြီးပြင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမတို့ သားအမိ ၂ ယောက်ဟာ ဇာတိမြေဖြစ်တဲ့ ဒယ်ဂူးမြို့ကနေ ဆိုးလ်မြို့ကိုပြောင်းရွှေ့ခဲ့ကြပြီး စကိတ်မယ်ဖြစ်ဖို့အတွက်ကိုပဲ လေ့ကျင့်သင်ကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၈ တန်းကျောင်းသူအရွယ်ကို ရောက်ချိန်မှာတော့ ထိုလမ်းကြောင်းကို စွန့်လွှတ်ခဲ့ပါတယ်။

ငယ်စဉ်အရွယ်ကတည်းက အနေအေးပြီး ရှက်တတ်သူဖြစ်တယ်လို့ သူမကိုယ်သူမ ခံယူထားတဲ့ Song Hye Kyo ဟာ တကယ်တမ်းမှာတာ့ နွေးထွေးဖော်ရွေတတ်သူဖြစ်ကာ သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင်ပေါင်းသင်းတတ်သူဖြစ်တယ်လို့ ဆရာမတွေရဲ့ ပြောပြချက်အရသိရပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အနုပညာလောကထဲကို ဓာတ်ပုံမော်ဒယ်အဖြစ်နဲ့ စတင်ဝင်ရောက်ခဲ့ပြီး အဲဒီအချိန်မှာတော့ သူမရဲ့ အသက်ဟာ ၁၄ နှစ်အရွယ်သာရှိပါသေးတယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပြီး အဲဒီဇာတ်လမ်းတွဲဟာ သူမကို နိုင်ငံတကာပရိသတ်တွေရဲ့ လက်ခံကြိုက်နှစ်သက်အားပေးမှုကိုရရှိစေပြီး နာမည်ကြီးမင်းသမီးတစ်လက်အဖြစ်ကို ရောက်ရှိစေခဲ့တဲ့ ဇာတ်လမ်းတွဲတစ်တွဲဆိုရင်လည်း မမှားပါဘူး။

အဲဒီနောက်ပိုင်းမှာတော့ နာမည်ကျော်ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို လက်ခံရိုက်ကူးခဲ့ရပြီး နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ ပင်တိုင်ကြော်ငြာအဖြစ်နဲ့လည်း အောင်မြင်မှုတွေများစွာကို ရရှိခဲ့ပါတယ်။ ရုပ်ရည်၊ အောင်မြင်မှု၊ ငွေကြေးပိုင်းမှာ အစစအရာရာ ပြည့်စုံတဲ့သူမဟာ အချစ်ရေးမှာတော့ ကံမကောင်းသူဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

နာမည်ကြီးထိပ်တန်းမင်းသားတွေဖြစ်တဲ့ Lee Byung Hyun, Hyun Bin တို့နဲ့ ချစ်ကြိုက်ခဲ့ဖူးတဲ့သူမဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ Descendants of the Sun ဇာတ်လမ်းတွဲထဲမှာ သူမနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Song Joong Ki နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်သက်တမ်း ၁ နှစ်နဲ့ ၈ လအကြာမှာတော့ ၂ ဦးသားဟာ တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ သူမဟာ ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားပြီး နောင်ရိုက်ကူးမယ့် ဇာတ်ကားအသစ်ကို စဉ်းစားရွေးချယ်နေတယ်လို့ သိရပါတယ်။ အသက် ၃၈ နှစ်အရွယ်လို့ မထင်မှတ်လောက်အောင် လှရက်လွန်းတဲ့ Kyo အတွက် မွေးနေ့ဆုမွန်တောင်းစကားလေးဆိုခဲ့ကြပါဦးနော်။

Ref : Wiki