စာသင်ခန်းထဲဝင်ပြီး ကျောင်းသူ၊ကျောင်းသားတွေကို ပါးစပ်မစိနိုင်အောင်ရယ်မောစေခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေအားလုံးကို ရယ်မောပျော်ရွှင်ရအောင် အမြဲတမ်းတင်ဆက်ဖျော်ဖြေပေးလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟာသမင်းသမီးလေးလို့ အားလုံးကသိထားတဲ့ ဖြူဖြူထွေးက ကြော်ငြာ၊သီချင်းဗီဒီယိုလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်သူလေးဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit-Phyu Phyu Htwe’s FB

Photo Credit-Phyu Phyu Htwe’s FB

Photo Credit-Phyu Phyu Htwe’s FB
ဖြူဖြူထွေးအနေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကိုလည်း ပုံမှန်တင်ပေးနေတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ပျော်ပျော်နေတတ်သူလေးဖြစ်သလို ဟာသဉာဏ်လည်းရွှင်တာကြောင့် သူမနဲ့တွေ့သူတိုင်း ရယ်မောနေရတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက စာသင်ခန်းထဲဝင်ပြီး ကျောင်းသူ၊ ကျောင်းသားတွေကို ပါးစပ်မစိနိုင်လောက်အောင် ရယ်မောစေခဲ့ပါတယ်။

Photo Credit-Phyu Phyu Htwe’s FB

Photo Credit-Phyu Phyu Htwe’s FB

Photo Credit-Phyu Phyu Htwe’s FB
ဖြူဖြူထွေးက ကျောင်းကိုရိုက်ကူးရေးတစ်ခုအတွက် သွားရောက်ခဲ့ရင်း ကလေးတွေပျော်ရွှင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဟာသတွေပြောတတ်လွန်းတဲ့ ဖြူဖြူထွေးကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအားလုံး အူတက်အောင်ခွီနေခဲ့ရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အခွီတလိုင်း ဟာသဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe’s FB

Photo Credit-Phyu Phyu Htwe’s FB

Photo Credit-Phyu Phyu Htwe’s FB

Zawgyi ဖြင့်ဖတ်ပါ
★★★★★


