.ရေယုန်ဆိုတာ ဘာလဲ…? ဘယ်လို ကုသရမလဲ….?

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေရ ယုန္ ဆို တာ ?

ေရယုန္ေပါက္ျခင္းသည္ အေနာက္တိုင္း ေဆးပညာအရ ဟားပီး (Herpes) ဟုေခၚေသာ ဗိုင္းရပ္စ္ ပိုးေၾကာင့္ ျဖစ္ပါတယ္။ သာမန္ေရယုန္ (Herpes Simplex) ႏွင့္ ေရယုန္ႀကီး (Herpeies Zoster) ဟူ၍ ႏွစ္မ်ိဳးရွိၿပီးေတာ့ ေရယုန္ႀကီးကို ျမန္မာအေခၚ ဆင္ေရယုန္ဟုလည္း ေခၚပါတယ္။ အေရျပားေအာက္မွ ျပန္ရည္ေၾကာတေလွ်ာက္ အမွီျပဳ၍ ပြားမ်ားၿပီး အာ႐ုံေၾကာကိုပါ ထိခိုက္ေစနိုင္ေသာ ဗိုင္းရပ္ (ခ) ပိုးမ်ိဳးျဖစ္ပါတယ္။

ေရယုန္သည္ ေလႏွင့္ ေနေရာင္ျခည္ အထိအေတြ႕ နည္းေသာ ခ်ိဳင္းေအာက္၊ ရင္ဘတ္စသည္ ေနရာမ်ားတြင္ ပို၍ ပြားလြယ္သည္ကို ေတြ႕ရပါတယ္။ အထူးသျဖင့္ ခါးတြင္ ေရယုန္ပတ္ၿပီး ေပါက္လွ်င္ ေသတတ္ သည္ဟု ေရွးလူႀကီးမ်ားက ေျပာၾကပါတယ္။ ေရယုန္ျဖစ္လွ်င္ ေပါ့ေပါ့ မေနရန္ ေျပာျခင္းျဖစ္မည္ ထင္ပါတယ္။ ခါးပတ္၍ ေရယုန္ေပါက္လွ်င္ အမွန္ပင္ ေပ်ာက္ခဲၿပီး ရက္ၾကာပါတယ္။ ယခုေခတ္တြင္ ခႏၶာကိုယ္ခုခံအားက်သည့္ေရာဂါ (AIDS) ေဝဒနာသည္မ်ားတြင္ ေရယုန္ႀကီးမ်ား ေပါက္သည္ကို ေတြ႕ရွိလာရသျဖင့္ ေရယုန္ႀကီး ျဖစ္သူမ်ားကို ဆရာဝန္ႀကီးမ်ားက (HIV)ပိုး ရွိ၊ မရွိ စစ္ေဆးမႈ ျပဳလုပ္ေလ့ရွိပါတယ္။

အာယုေဗဒ ေဆးပညာမွ ေရယုန္ေရာဂါ အိႏၵိယနိုင္ငံတြင္ ေရွးႏွစ္ေပါင္း တစ္ေထာင္ေက်ာ္က ေပၚေပါက္ခဲ့ေသာ အာယုေဗဒ ေဆးပညာက်မ္းမ်ားကို ေလ့လာၾကည့္ေသာအခါ ေရွးကပင္ ေရယုန္ေရာဂါႏွင့္ ကုထုံးမ်ား ေရးသားမွတ္တမ္း တင္ထားပါတယ္။

ေရယုန္ဟာ အပူနာတစ္မ်ိဳးပါပဲ။ ကိုယ္အပူခ်ိန္ေငြ႕ေငြ႕ႏွင့္ အဖ်ားတတ္လာတတ္ပါတယ္။ သို႔ေသာ္ ေရယုန္ပိုးသည္ အဖ်ားပိုးေတာ့ မဟုတ္ပါ။ အေရျပားႏွင့္ အာ႐ုံေၾကာမ်ားကို ေရာင္ေစေသာ ပိုးသာျဖစ္ပါတယ္။ ေရယုန္ျဖစ္လွ်င္ ေရမခ်ိဳးရ၊ ေရထိလွ်င္ ပြားတက္သည္ဟု ဆိုၾကပါတယ္။ အမွန္က ေရမခ်ိဳးလွ်င္ ကိုယ္အပူခ်ိန္ ပိုတက္လာၿပီး ဖ်ားနိုင္ပါတယ္။ ေရခ်ိဳးေပးၿပီး အနာေပၚတြင္ ေရမတင္ေအာင္ ဝါဂြမ္းျဖင့္ သုတ္ေပးျခင္းသာ အေကာင္းဆုံး ျဖစ္ပါတယ္။ အနာသန႔္စင္သည့္ ေဆးရည္မ်ား ေရေျခာက္ၿပီးေနာက္ သုတ္လိမ္းေပးပါ။

ေရယုန္အတြက္ ျမန္မာ့ရိုးရာ ေဆးၿမီးတိုမ်ား-

*ကင္းမုံ႐ြက္ကို သန႔္စင္ေအာင္ ေရေဆးၿပီး သတၱဳရည္ညွစ္ယူ အနာေပၚတြင္ မၾကာခဏ သုတ္လိမ္းေပးပါ။ အရည္ဆြတ္ ေပးပါက ေရယုန္နာေျခာက္ၿပီး မျပန႔္ပြားနိုင္။

*ေလးညွင္းပြင့္ကို အမႈန႔္ေထာင္းၿပီး အနာေပၚတြင္ ျဖဴးေပးပါ၊ သို႔မဟုတ္ ေသြးလိမ္းပါ။

*ကြၽန္းသားမီးေသြးကို အမႈန႔္ေထာင္းေခ်၊ အုန္းဆီျဖင့္ ေဖ်ာ္ၿပီး ေရယုန္အနာတြင္ သုတ္လိမ္းေပးပါ။

*ပိစပ္႐ြက္၊ ကုကၠိဳ႐ြက္မ်ား ျပဳတ္၍ ေရယုန္အနာကို ဖန္ေဆးေပးနိုင္သည္။

*ႏႈတ္ခမ္းေထာင့္တြင္ ေပါက္ေသာ ေရယုန္နာကို ထမင္းအိုးတည္ၿပီး ပြက္ေသာအခါ ရသည့္အျမဳပ္ျဖင့္ ခံနိုင္သမွ် အပူခံၿပီး တို႔ေပးလွ်င္ ေပ်ာက္ကင္းနိုင္သည္။

*ေၾကာင္ပန္း႐ြက္ အရည္ညွစ္ လိမ္းပါ။ ေသာက္လည္းေသာက္ပါ။

*ကြမ္း႐ြက္ကို ေခ်ၿပီး အဖတ္ေလးမ်ားျဖစ္ေအာင္ ျပဳလုပ္၍ ကပ္ေပးပါ။

*ကုကၠိဳေခါက္ အမႈန႔္ကို ေထာပတ္ႏွင့္ ေဖ်ာ္၍လိမ္းပါ။

*ငုပင္မွ ရေသာ ငု႐ြက္သတၱဳရည္ကို လိမ္းက်ံေပးပါ။

*ပူစီနံ႐ြက္ (ပူဒီနာ)ကို အရည္ညွစ္ၿပီး သုတ္လိမ္းေပးပါ။ *ပူဒီနာ႐ြက္ကို စားေပးလွ်င္ ေရယုန္နာ ကိုက္ခဲျခင္း သက္သာၿပီး အေရာင္က်ေစသည္။

*သံပုရာရည္ႏွင့္ ပ်ားရည္ေရာစပ္၍ သုတ္လိမ္းေပးလွ်င္ ေရယုန္နာ ျပန႔္ပြားျခင္းကို တားဆီးနိုင္သည္။

*ေရသဖန္းပင္ကို ဓားျဖင့္ထစ္ပါက အေစးအျဖဴမ်ား ထြက္လာမည္။ ထိုအေစးျဖင့္ သုတ္လိမ္းေပးပါ။

*ေခြးေတာက္႐ြက္ကို မီးကင္ၿပီး အရည္ညွစ္၍ သုတ္လိမ္းေပးပါ။

*ေရသဖန္း႐ြက္ကို ျပာခ် အုန္းဆီျဖင့္ လိမ္းပါ။

*ေညာင္ေဗာဓိ အျမစ္ေခါက္ကို ေရျဖင့္ ထက္ဝက္ခမ္းေအာင္ က်ိဳ၍ေသာက္လွ်င္ ေရယုန္ႀကီးနာ ေပ်ာက္ပါသည္။

Ref; Chaw Lay Su

Paulina

Unicode ဖြင့်ဖတ်ပါ
★★★★★

ရေ ယုန် ဆို တာ ?

ရေယုန်ပေါက်ခြင်းသည် အနောက်တိုင်း ဆေးပညာအရ ဟားပီး (Herpes) ဟုခေါ်သော ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပါတယ်။ သာမန်ရေယုန် (Herpes Simplex) နှင့် ရေယုန်ကြီး (Herpeies Zoster) ဟူ၍ နှစ်မျိုးရှိပြီးတော့ ရေယုန်ကြီးကို မြန်မာအခေါ် ဆင်ရေယုန်ဟုလည်း ခေါ်ပါတယ်။ အရေပြားအောက်မှ ပြန်ရည်ကြောတလျှောက် အမှီပြု၍ ပွားများပြီး အာရုံကြောကိုပါ ထိခိုက်စေနိုင်သော ဗိုင်းရပ် (ခ) ပိုးမျိုးဖြစ်ပါတယ်။

ရေယုန်သည် လေနှင့် နေရောင်ခြည် အထိအတွေ့ နည်းသော ချိုင်းအောက်၊ ရင်ဘတ်စသည် နေရာများတွင် ပို၍ ပွားလွယ်သည်ကို တွေ့ရပါတယ်။ အထူးသဖြင့် ခါးတွင် ရေယုန်ပတ်ပြီး ပေါက်လျှင် သေတတ် သည်ဟု ရှေးလူကြီးများက ပြောကြပါတယ်။ ရေယုန်ဖြစ်လျှင် ပေါ့ပေါ့ မနေရန် ပြောခြင်းဖြစ်မည် ထင်ပါတယ်။ ခါးပတ်၍ ရေယုန်ပေါက်လျှင် အမှန်ပင် ပျောက်ခဲပြီး ရက်ကြာပါတယ်။ ယခုခေတ်တွင် ခန္ဓာကိုယ်ခုခံအားကျသည့်ရောဂါ (AIDS) ဝေဒနာသည်များတွင် ရေယုန်ကြီးများ ပေါက်သည်ကို တွေ့ရှိလာရသဖြင့် ရေယုန်ကြီး ဖြစ်သူများကို ဆရာဝန်ကြီးများက (HIV)ပိုး ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်လေ့ရှိပါတယ်။

အာယုဗေဒ ဆေးပညာမှ ရေယုန်ရောဂါ အိန္ဒိယနိုင်ငံတွင် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ပေါ်ပေါက်ခဲ့သော အာယုဗေဒ ဆေးပညာကျမ်းများကို လေ့လာကြည့်သောအခါ ရှေးကပင် ရေယုန်ရောဂါနှင့် ကုထုံးများ ရေးသားမှတ်တမ်း တင်ထားပါတယ်။

ရေယုန်ဟာ အပူနာတစ်မျိုးပါပဲ။ ကိုယ်အပူချိန်ငွေ့ငွေ့နှင့် အဖျားတတ်လာတတ်ပါတယ်။ သို့သော် ရေယုန်ပိုးသည် အဖျားပိုးတော့ မဟုတ်ပါ။ အရေပြားနှင့် အာရုံကြောများကို ရောင်စေသော ပိုးသာဖြစ်ပါတယ်။ ရေယုန်ဖြစ်လျှင် ရေမချိုးရ၊ ရေထိလျှင် ပွားတက်သည်ဟု ဆိုကြပါတယ်။ အမှန်က ရေမချိုးလျှင် ကိုယ်အပူချိန် ပိုတက်လာပြီး ဖျားနိုင်ပါတယ်။ ရေချိုးပေးပြီး အနာပေါ်တွင် ရေမတင်အောင် ဝါဂွမ်းဖြင့် သုတ်ပေးခြင်းသာ အကောင်းဆုံး ဖြစ်ပါတယ်။ အနာသန့်စင်သည့် ဆေးရည်များ ရေခြောက်ပြီးနောက် သုတ်လိမ်းပေးပါ။

ရေယုန်အတွက် မြန်မာ့ရိုးရာ ဆေးမြီးတိုများ-

*ကင်းမုံရွက်ကို သန့်စင်အောင် ရေဆေးပြီး သတ္တုရည်ညှစ်ယူ အနာပေါ်တွင် မကြာခဏ သုတ်လိမ်းပေးပါ။ အရည်ဆွတ် ပေးပါက ရေယုန်နာခြောက်ပြီး မပြန့်ပွားနိုင်။

*လေးညှင်းပွင့်ကို အမှုန့်ထောင်းပြီး အနာပေါ်တွင် ဖြူးပေးပါ၊ သို့မဟုတ် သွေးလိမ်းပါ။

*ကျွန်းသားမီးသွေးကို အမှုန့်ထောင်းချေ၊ အုန်းဆီဖြင့် ဖျော်ပြီး ရေယုန်အနာတွင် သုတ်လိမ်းပေးပါ။

*ပိစပ်ရွက်၊ ကုက္ကိုရွက်များ ပြုတ်၍ ရေယုန်အနာကို ဖန်ဆေးပေးနိုင်သည်။

*နှုတ်ခမ်းထောင့်တွင် ပေါက်သော ရေယုန်နာကို ထမင်းအိုးတည်ပြီး ပွက်သောအခါ ရသည့်အမြုပ်ဖြင့် ခံနိုင်သမျှ အပူခံပြီး တို့ပေးလျှင် ပျောက်ကင်းနိုင်သည်။

*ကြောင်ပန်းရွက် အရည်ညှစ် လိမ်းပါ။ သောက်လည်းသောက်ပါ။

*ကွမ်းရွက်ကို ချေပြီး အဖတ်လေးများဖြစ်အောင် ပြုလုပ်၍ ကပ်ပေးပါ။

*ကုက္ကိုခေါက် အမှုန့်ကို ထောပတ်နှင့် ဖျော်၍လိမ်းပါ။

*ငုပင်မှ ရသော ငုရွက်သတ္တုရည်ကို လိမ်းကျံပေးပါ။

*ပူစီနံရွက် (ပူဒီနာ)ကို အရည်ညှစ်ပြီး သုတ်လိမ်းပေးပါ။ *ပူဒီနာရွက်ကို စားပေးလျှင် ရေယုန်နာ ကိုက်ခဲခြင်း သက်သာပြီး အရောင်ကျစေသည်။

*သံပုရာရည်နှင့် ပျားရည်ရောစပ်၍ သုတ်လိမ်းပေးလျှင် ရေယုန်နာ ပြန့်ပွားခြင်းကို တားဆီးနိုင်သည်။

*ရေသဖန်းပင်ကို ဓားဖြင့်ထစ်ပါက အစေးအဖြူများ ထွက်လာမည်။ ထိုအစေးဖြင့် သုတ်လိမ်းပေးပါ။

*ခွေးတောက်ရွက်ကို မီးကင်ပြီး အရည်ညှစ်၍ သုတ်လိမ်းပေးပါ။

*ရေသဖန်းရွက်ကို ပြာချ အုန်းဆီဖြင့် လိမ်းပါ။

*ညောင်ဗောဓိ အမြစ်ခေါက်ကို ရေဖြင့် ထက်ဝက်ခမ်းအောင် ကျို၍သောက်လျှင် ရေယုန်ကြီးနာ ပျောက်ပါသည်။

Ref; Chaw Lay Su

Paulina