အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပေမဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေ နှုတ်ဆက်ထွက်ခွါခဲ့ရတဲ့ ပြိုင်ပွဲဝင် တန်ခွန်ကျော်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးကတော့ တစ်စတစ်စနဲ့ ယှဉ်ပြိုင်မှု အရှိန်အဟုန် ပြင်းထန်လာပြီး စတုတ္ထမြောက်အပတ် သီဆိုယှဉ်ပြိုင်မှုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေကလည်း အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့ကြပေမဲ့လည်း တစ်ပတ်ကိုတစ်ယောက်ကတော့ အိုင်ဒေါပြိုင်ပွဲကြီးကနေ မဖြစ်မနေ နှုတ်ဆက်ထွက်ခွာအိမ်ပြန်သွားရတာကတော့ မလွဲဧကန်ပါ။ဒီတစ်ပတ်ရဲ့ Country Song သီဆိုယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီက အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့ကြတာကိုလည်း ပရိသတ်တွေလည်းတွေ့မြင်ခဲ့မယ်ထင်ပါတယ်။

ပထမဆုံးတစ်ပတ်မှာတော့ ပြိုင်ပွဲဝင်ခြူးစစ်ဟန်ကနှုတ်ဆက်ထွက်ခွာခဲ့ရသလို ဒုတိယမြောက်အပတ်မှာတော့ နော်စေးစေးထူးဟာအိမ်ပြန်ထွက်ခွာဖို့ အကြောင်းဖန်လာခဲ့ပေမဲ့လည်း ဒိုင်တွေရဲ့ safeခြင်းကိုခံခဲ့ရတာကြောင့် အိမ်ပြန်ရမယ့်အရေးကနေလွတ်မြောက်ခဲ့ပါတယ်။တတိယမြောက် သီဆိုယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင် နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့က အိမ်ပြန်ခဲ့ရပါတယ်။အခုတစ်ပတ်ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင်တန်ခွန်ကျော်က Voting အနည်းဆုံးနဲ့ မြန်မာအိုင်ဒေါကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

တန်ခွန်ကျော်ဟာဆိုရင် ရန်ကုန်သားသီချင်းနဲ့ သီဆိုယှဉ်ခဲ့ပြီး ဒိုင်တွေရဲ့တအံ့တသြဖြစ်ခဲ့ရတဲ့ အထိကိုကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်။အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲဝင်တန်ခွန်ကျော်ကတော့ Voting အနည်းဆုံးနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။CeleGabarပရိသတ်တွေရော ဒီနေ့ရဲ့ Voting Resultနဲ့ ပတ်သတ်ပြီး ကျေနပ်အားရမှုရှိရဲ့လားဖြေခဲ့ပေးပါဦးနော်။

Source – Myanmar Idol
CleoPaTra – CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source – Myanmar Idol
CleoPaTra – CeleGabar