လည်ပင်းကိုအဆိပ်ရှိတဲ့ အကောင်ကိုက်ခံလိုက်ရတာကြောင့် ပရိသတ်တွေကစိုးရိမ်နေကြတဲ့ ပြေတီဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Credit Myanmarload

Unicode ဖြင့်ဖတ်ပါ
★★★★★

လည်ပင်းကိုအဆိပ်ရှိတဲ့ အကောင်ကိုက်ခံလိုက်ရတာကြောင့် ပရိသတ်တွေစိုးရိမ်နေကြတဲ့ ပြေတီဦး…

ရိုက်ကူးသမျှဇာတ်ကားတိုင်းကို ပီပြင်စွာသရုပ်ဆောင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုတွေရရှိထားသူကတော့ ထိပ်တန်းသရုပ်ဆောင်မင်းသား ပြေတီဦးပါ။ သူဟာ အနုပညာသက်တမ်း နှစ်(၂၀) ကျော်အတွင်းမှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့သူတစ်ယောက်ပါ။ ပြေတီဦးဟာ ချစ်ရတဲ့မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ အဆက်မပြတ်ရိုက်ကူးနေရတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့အနုပညာအလုပ်တိုင်းကို ချစ်ခင်အားပေးနေကြတာပါ။ အခုတစ်ခါမှာတော့ ပြေတီဦးရဲ့ချစ်ဇနီးဖြစ်တဲ့ အူဝဲရဲ့Facebook Myday မှာဓာတ်ပုံလေးတစ်ပုံတင်ထားတာပါ။

ဒါကတော့ ” ဦးတီကို အဆိပ်ရှိတဲ့အကောင်ကိုက်လိုက်လို့……ဆောင်းတွင်းမှာထွက်တဲ့ insect တွေသတိထားကြပါ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေကလည်း ဦးတီရဲ့ကျန်းမာရေးကိုစိုးရိမ်နေကြတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Eaindra Kyaw Zin’s Facebook Myday

Credit Myanmarload