ကျိုက်ထီးရိုးဘုရားဖူးရင်း ဘုရားဖူးပြည်သူတွေအတွက် ကားကုသိုလ်လုပ်ခဲ့တဲ့ နေခြည်ဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




နေခြည်ဦးက သူမနဲ့အတူတူ ကျိုက်ထီးရိုးတောင်တက်ခရီးသည်တွေအတွက် ကားတစ်စီးလုံးငှါးရမ်းပေးပြီး ကုသိုလ်ယူ လှူဒါန်းခဲ့တာဖြစ်ပါတယ်။


Rowena
Source: Nay Chi Oo’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးက သူမရဲ့ ထူးချွန်ထက်မြတ်တဲ့ စွမ်းရည်ကြောင့် အချိန်တို တစ်ခုအတွင်းမှာ အောင်မြင်မှု ရရှိလာသူ တစ်ဦးပါ။ နေခြည်ဦးက အခုဆို နိုင်ငံကျော် မင်းသမီးတစ်ဦးဖြစ်လို့နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားကို လက်မလည်အောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ပရိသတ်တွေကလည်း သူမရဲ့ လှုပ်ရှားမှုမှန်သမျှကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြတာပဲ ဖြစ်ပါတယ်၊

နေခြည်ဦးက လက်တလောမှာ မိုရီဆာကီဝင်းနဲ့အတူတူ “အိပ်မက်တွေမိုးထားတဲ့အိမ်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောအနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေတာ ဖြစ်ပါတယ်။

နေခြည်ဦးက ဒီနေ့ ရှုတင်အားလပ်ရက်လေးမှာ သူငယ်ချင်းဖြစ်သူနဲ့အတူတူ ကျိုက်ထီးရိုးဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ကျိုက်ထီးရိုးကိုရောက်ခိုက် နေခြည်ဦးက ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ပါတယ်။

နေခြည်ဦးက သူမနဲ့အတူတူ ကျိုက်ထီးရိူးတောင်တက်ခရီးသည်တွေအတွက် ကားတစ်စီးလုံးငှါးရမ်းပေးပြီး ကုသိုလ်ယူ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နေခြည်ဦးက လူငယ်ပီပီ ပျော်ရွှင်လွတ်လပ်စွာနေသလို ဘာသာရေးလည်း မမေ့သူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ကုသိုလ်လေးကို သာဓုခေါ်နိုင်ကြပါစေနော်။

Rowena
Source: Nay Chi Oo’s fb