မေမေ့ရင်ခွင်လေးထဲနေပြီး နို့ဗူးလေးကိုင်ကာသောက်နေတဲ့ Liamရဲ့Video လေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




credit – myanamarload

Unicode ဖြင့်ဖတ်ပါ
★★★★★

ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားသူကတော့ ယွန်းဝတီလွင်မိုးပါ။ သူမရဲ့သားလေးကိုတော့ ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်ခင်နေကြတာပါ။ သားလေးဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကိုမတောင်းဘဲပြည့်သူကလေးပါ။

သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း မိသားစုဝင်များက ဗီဒီယိုလေးတွေမကြာခဏတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့ဗီဒီယိုလေးတွေကြည့်ပြီး အသည်းတွေယားကာ ချစ်မဝဖြစ်နေရတာပါ။ အခုမှာလည်း မေမေယွန်းဝတီလွင်မိုးရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။

ဒါကတော့ မေမေ့ရင်ခွင်လေးထဲနေပြီး နို့ဗူးလေးကိုင်ကာသောက်နေတဲ့ Liamရဲ့Video လေးပါ။ သားလေးဟာ မေမေ့ရင်ခွင်လေးထဲမှာနေပြီး ပျော်ရွှင်နေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။