ကိုယ်ကြိုက်တာမှ ကောင်းတယ်ထင်တဲ့သူတွေကို ထိထိမိမိ ဥပမာပေးလိုက်တဲ့ မအေးသောင်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

ထူးခြားတဲ့အလှတရားကြောင့် ပုရိသတွေရဲ့ နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မမအေးသောင်းကတော့ အောင်မြင်မှုတွေများစွာရနေတဲ့ မင်းသမီးတစ်ဉီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကြောင့်အနုပညာအလုပ်တွေ ပြန်လုပ်နေသူလေး မအေးသောင်းကတော့ စကားကြွယ်သူလေးဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာတော့ မအေးသောင်းက ကိုယ်ကြိုက်တာမှ ကောင်းတယ်လို့ တယူသန်တဲ့သူတွေကို လှလှပပလေး ဥပမာပေးထားတဲ့ စာသားတစ်ချို့ကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ စကားပြောအရမ်းကောင်းတဲ့ မအေးသောင်းရဲ့အမြင်ကတော့ အရမ်းကို ထိမိလွန်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ကိုယ်ကြိုက်တာမှ ကောင်းတယ်ထင်တဲ့သူတွေကို အရမ်းကို ထိမိတဲ့ ဥပမာပေးပြီး ဖျောင်းဖျလိုက်တဲ့ မအေးသောင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မအေးသောင်းကတော့ “ကိုယ်က ကော်ဖီ ကြိုက်တယ် ဆိုပါစို့ လက်ဖက်ရည် ကြိုက်တယ်လို့ ရိုးရိုးလေးပဲရေးထားတဲ့သူတယောက်ရဲ့ ပို့စ်အောက်မှာ ကော်ဖီ ဘယ်လောက်ကောင်းကြောင်း လက်ဖက်ရည်သောက်ရင် ဘာဖြစ်ကြောင်းဘယ်လိုမကောင်းကြောင်း ကော်ဖီကသာ သာကြောင်း သွားပြောမှာမဟုတ်ဘူး။

ဒါဆိုသူကော်ဖီမကောင်းကြောင်းရေးတင်ထားရင်ရော ဆိုပြီး မေးမှာပေါ့နော်။ သူမှကော်ဖီမကြိုက်တာ ကော်ဖီကောင်းကြောင်းဘယ်သိနိုင်မှာလဲ လို့ပဲပြောပါရစေ။ လက်ဖက်ရည်ကြိုက်တဲ့သူပါဆိုမှ။ နောက်တခုက ကော်ဖီတောင် အကြိုက်တူသူတွေ့ရင်တော့ တမျိုး ဘာလို့လဲဆိုတော့ ကော်ဖီမှာအပြင်း အပျော့ အစိမ့် တွေရှိသေးတာ။ သူက ကိုယ့်လိုအရသာကြိုက်အုံးမှ
ရင်ဘတ်ချင်းထပ်တူညီတာ။မရေးရဲ ရေးရဲ ရေးပြီးတင်လိုက်သည်။” ဆိုပြီး လူတစ်ကိုယ် အကြိုက်တစ်မျိုးရှိတာကြောင့် ကိုယ်မကြိုက်တိုင်း မကောင်းမပြောမိစေဖို့ ထိထိမိမိ ရေးသားထားတာပါ။

ချစ်ပရိသတ်တွေလည်း ကိုယ့်အကြိုက်မှ ကောင်းတယ်ထင်တဲ့သူတွေကို ထိထိမိမိ ဥပမာပေးလိုက်တဲ့ မအေးသောင်းရဲ့အမြင်နဲ့ ထပ်တူကျတဲ့သူတွေရှိလားဆိုတာ ပြောသွားခဲ့ကြပါဦးနော်။

Source;Aye Thaung’s Facebook