ဟင်္သာတမြို့က ပရိသတ်တွေကို သူနဲ့အတူ တရားနာဖို့ ဖိတ်လိုက်တဲ့ ဖြိုးမြတ်အောင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

ရိုးရှင်းတဲ့ စိတ်ထားနဲ့ ထူးခြားတဲ့အသံတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ဘာသာရေးကိုင်းရှိုင်းလွန်းသူ တစ်ဉီးပါ။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်က ချင်းတောင်တန်း ဆရာတော်ဘုရားကြီးရဲ့ တရားတော်နာကြားဖို့ ဟင်္သာတမြို့ကပရိသတ်တွေကို ဖိတ်ကြားနေတဲ့အကြောင်း လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ဘာသာတရားကို လိုက်စားလွန်းတဲ့ ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့စိတ်ထားလေးကြောင့် လူချစ်လူခင်ပေါများသူတစ်ဦးဆိုလည်း မမှားပါဘူး။

ချစ်ပရိသတ်တွေအတွက် ပရိသတ်တွေကိုလည်း ကုသိုလ်ရေးလုပ်ဖို့ နှိုးဆော်နေတဲ့ ဖြိုးမြတ်အောင်ရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်ကတော့ “ယနေ့ညနေ၅နာရီ တွင် ချင်းတောင်တန်း ဆရာတော် ဘုရား

Family Hotel တွင် တရားဟောကြားမည်ဖြစ်ပါသဖြင့်ဟင်္သာတမြို့ရှိ သူတော်ကောင်း အပေါင်းတို့ တရား နာကြွရောက်ပါရန် ဖိတ်မံအပ်ပါသည် ခင်ဗျား

” ဆိုပြီး တရားဘာဝနာ ပွားများဖို့ ဟင်္သာတက ပရိသတ်တွေကို ဖိတ်ခေါ်ထားတာပါ။

ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ သူချစ်ရတဲ့သီချင်းတွေကို ခံစားချက်အပြည့်နဲ့ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ချစ်ပရိသတ်တွေလည်း အားပေးရကျိုးနပ်အောင် စိတ်ထား အရမ်းကောင်းလွန်းတဲ့ ဖြိုးမြတ်အောင်ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source:Phyo Myat Aung’s Facebook