ဖိလစ်ပိုင်ရောက်ရောက်ချင်း အဆင်မပြေမူတွေ နဲ့ ကြုံခဲ့ရတဲ့ မြန်မာ နဲ့ အရှေ့တီမော ယူ-၂၂ အသင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာယူ၂၂အသင်းဟာ ဒီနေ့မနက်၉နာရီခွဲက ရန်ကုန် လေဆိပ်ကနေထွက်ခွာသွားခဲ့ပါတယ်။ဖိလစ်ပိုင် နိုင်ငံ မနီလာလေဆိပ်ကို နေ့လည်ခင်းမှာ ရောက်ရှိခဲ့ပေမယ့် ဟိုတယ်သွားဖို့ ဘက်စ်ကား အရန်သင့်ရှိမနေခဲ့တာဖြစ်ပါတယ်။ဘက်စ်ကားကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရပြီး ရောက်လာတဲ့ အချိန်မှာလည်း မီနီဘက်စ် အဆင့်လောက်တောင် မရှိတာကြောင့် မြန်မာကစားသမားတွေ အနေနဲ့ သက်သောင့်သက်သာ မရှိခဲ့တာဖြစ်ပါတယ်။

မြန်မာယူ၂၂ အသင်းအနေနဲ့ ညနေပိုင်းမှာ လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် ကားနောက်ကျခဲ့လို့ ဟိုတယ်ရောက် ရောက်ချင်းမှာပဲ လေ့ကျင့်ရေးကွင်းဆီ အမြန် ပြေးခဲ့ရတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ အဆင်မပြေုဖစ်ခဲ့တဲ့အပေါ်မှာဂ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကို တိုင်ကြားထားတယ်လို့သိရပါတယ်။

မြန်မာအသင်းလိုပဲ အခက်အခဲတွေ့ခဲ့ရတဲ့ နောက်တစ် သင်းက တော့ အရှေ့တီမောဖြစ်ပြီး လေ ဆိပ်မှာ ဘက်စ်ကားလာဖို့ ၂နာရီခွဲလောက်စောင့်ခဲ့ရပြီး ကားသမားဟာလည်း ဟိုတယ်မှားယွင်းပြီးပို့ဆောင်ခဲ့ လို့ စိန်ကတိကအောက် ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။

မြန်မာနဲ့ အရှေ့တီမော အသင်းတို့ဟာ ဟာ ဆီးဂိမ်း အုပ်စု အဆင့်မှာ အိမ်ရှင် ဖိလစ်ပိုင်ပါဝင်တဲ့ အုပ်စု A မှာ ကျရောက်နေတာပါ။ မြန်မာက အဖွင့်ပွဲစဉ်အဖြစ် မလေးရှား နဲ့ နိုဝင်ဘာ၂၅ ရက် မွန်းလွှဲ ၂နာရီခွဲမှာ ကစားရမှာဖြစ်ပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာယူ၂၂အသင္းဟာ ဒီေန႔မနက္၉နာရီခြဲက ရန္ကုန္ ေလဆိပ္ကေနထြက္ခြာသြားခဲ့ပါတယ္။ဖိလစ္ပိုင္ ႏိုင္ငံ မနီလာေလဆိပ္ကို ေန႔လည္ခင္းမွာ ေရာက္ရွိခဲ့ေပမယ့္ ဟိုတယ္သြားဖို႔ ဘက္စ္ကား အရန္သင့္ရွိမေနခဲ့တာျဖစ္ပါတယ္။ဘက္စ္ကားကို အခ်ိန္ၾကာျမင့္စြာေစာင့္ဆိုင္းခဲ့ရၿပီး ေရာက္လာတဲ့ အခ်ိန္မွာလည္း မီနီဘက္စ္ အဆင့္ေလာက္ေတာင္ မရွိတာေၾကာင့္ ျမန္မာကစားသမားေတြ အေနနဲ႔ သက္ေသာင့္သက္သာ မရွိခဲ့တာျဖစ္ပါတယ္။

ျမန္မာယူ၂၂ အသင္းအေနနဲ႔ ညေနပိုင္းမွာ ေလ့က်င့္ဖို႔ စီစဥ္ထားေပမယ့္ ကားေနာက္က်ခဲ့လို႔ ဟိုတယ္ေရာက္ ေရာက္ခ်င္းမွာပဲ ေလ့က်င့္ေရးကြင္းဆီ အျမန္ ေျပးခဲ့ရတယ္လို႔သိရပါတယ္။ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ အဆင္မေျပဳဖစ္ခဲ့တဲ့အေပၚမွာဂ ၿပိဳင္ပြဲက်င္းပေရးတာဝန္ရွိသူေတြကို တိုင္ၾကားထားတယ္လို႔သိရပါတယ္။

ျမန္မာအသင္းလိုပဲ အခက္အခဲေတြ႕ခဲ့ရတဲ့ ေနာက္တစ္ သင္းက ေတာ့ အေရွ႕တီေမာျဖစ္ၿပီး ေလ ဆိပ္မွာ ဘက္စ္ကားလာဖို႔ ၂နာရီခြဲေလာက္ေစာင့္ခဲ့ရၿပီး ကားသမားဟာလည္း ဟိုတယ္မွားယြင္းၿပီးပို႔ေဆာင္ခဲ့ လို႔ စိန္ကတိကေအာက္ ျဖစ္ခဲ့ရတယ္လို႔သိရပါတယ္။

ျမန္မာနဲ႔ အေရွ႕တီေမာ အသင္းတို႔ဟာ ဟာ ဆီးဂိမ္း အုပ္စု အဆင့္မွာ အိမ္ရွင္ ဖိလစ္ပိုင္ပါဝင္တဲ့ အုပ္စု A မွာ က်ေရာက္ေနတာပါ။ ျမန္မာက အဖြင့္ပြဲစဥ္အျဖစ္ မေလးရွား နဲ႔ ႏိုဝင္ဘာ၂၅ ရက္ မြန္းလႊဲ ၂နာရီခြဲမွာ ကစားရမွာျဖစ္ပါတယ္။