ရွှေကစ်ကို စတွေ့တုန်းက မြန်မာလို့တောင်မထင်ပဲ ကိုရီးယားမင်းသမီးနဲ့ အထင်မှားခဲ့တဲ့ အကြောင်းပြောပြလာတဲ့ Project K

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

မိန်းကလေးပရိသတ်တွေအပြင် ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ ခိုင်အမာရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Dancer Group ဖြစ်တဲ့ Project K အဖွဲ့က တော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုအောင် ပရိသတ်တွေ ရင်းနှီးပြီးသား နုတ်ခမ်းနီမလေးတွေ အသည်းစွဲ လူချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Boy Band ပဲ ဖြစ်ပါတယ်..။






credit – myanmarload

Unicode ဖြင့်ဖတ်ပါ
★★★★★

မိန်းကလေးပရိသတ်တွေအပြင် ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ ခိုင်အမာရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Dancer Group ဖြစ်တဲ့ Project K အဖွဲ့က တော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုအောင် ပရိသတ်တွေ ရင်းနှီးပြီးသား နုတ်ခမ်းနီမလေးတွေ အသည်းစွဲ လူချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Boy Band ပဲ ဖြစ်ပါတယ်..။

K-pop အကကို ဦးစားပေး performance ပြုလုပ် အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်လ်၊ စတိုင်လ်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် ပရိသတ်တွေရဲ့ အသည်းစွဲ အားပေးခြင်းကို ခံရတာလည်း မမှားပါဘူးနော်..။

Project K အဖွဲ့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေကစ်လေးရဲ့ Fan Meeting ပွဲလေးကို တက်ရောက်ဂုဏ်ပြု ဖျော်ဖြေပေးခဲ့ကြပြီး လေးစားချစ်ခင်ရတဲ့ ရွှေကစ်လေးအကြောင်းလေးတွေကို အမှတ်တရပြောပြလာခဲ့ပါတယ်..။

ကျော့ရှင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ရွှေကစ်လေးကို စတွေ့တုန်းက မြန်မာလို့တောင်မထင်ပဲ ကိုရီးယားမင်းသမီးနဲ့ အထင်မှားခဲ့ပြီး သရုပ်ဆောင်လည်းကောင်းပြီး အလုပ်လည်းလေးစားကာ အရမ်းကြိုးစားတာမို့ အရမ်းသဘောကျတဲ့အကြောင်းလေးတွေ ပြောပြထားတာ ဖြစ-်ပါတယ်..။

ရွှေကစ်လေးကတော့ ကျောင်းသားဘဝကတည်းက သူတို့ရဲ့ ပထမဆုံးကြိုက်ခဲ့ရတဲ့ မင်းသမီးချောလေးဖြစ်သလို “လိပ်ပြာစံအိမ်” ဇာတ်ကားမှာလည်း သရုပ်ဆောင်တာ အရမ်းသဘောကျတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ Project K အဖွဲ့ရဲ့ Idol မင်းသမီးချောလေး ရွှေကစ်နဲ့အတူ အမှတ်တရလေးတွေအကြောင်း ပြောပြထားကြတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။