ဆယ်ကျော်သက်လေးတွေနဲ့အပြိုင် ငယ်ရွယ်နုပျိုလွန်းလို့ သမီးလေးနဲ့ညီအစ်မတွေလို့ထင်မှတ်ရတဲ့ ခိုင်သင်းကြည်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မခိုင်လေးလို့အများကချစ်စနိုးခေါ်ဝေါ်ကြတဲ့ အကယ်ဒမီခိုင်သင်းကြည်ကတော့ သွက်လက်ပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။မခိုင်လေးက သာယာနွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီး သမီးချောချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် မခိုင်လေးတို့မိသားစုသုံးယောက်က စည်းစည်းလုံးလုံးနဲ့အပြန်အလှန်ကြင်နာယုယကြပါတယ်။

Photo Credit:Khine Thin Kyi’s Page

Photo Credit:Khine Thin Kyi’s Page

Photo Credit:Khine Thin Kyi’s Page
မခိုင်လေးက လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာကိုပိုင်ဆိုင်ထားတာပါနော်။အနုပညာနဲ့ပက်သက်ရင် အလွမ်း၊အဆွေး၊ဟာသ စတဲ့ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်တာကြောင့် ပရိသတ်တွေကလည်း မခိုင်လေးရဲ့အနုပညာအရည်သွေးကို ချီးကျူးပြီး တစ်ခဲနက်အားပေးဝန်းရံကြတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi’s Page

Photo Credit:Khine Thin Kyi’s Page

Photo Credit:Khine Thin Kyi’s Page
မခိုင်လေးရဲ့သမီးချောလေး စံထိပ်ထားဦးကလည်း အနုပညာကိုဝါသနာပါတာကြောင့် ယခုချိန်မှာ ကြော်ငြာလေးတွေရိုက်ကူးပြီး မေမေနဲ့အတူပွဲအခမ်းအနားတွေကို တက်ရောက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မခိုင်လေးတို့သားအမိနှစ်ယောက် ညီအစ်မတွေလို့ထင်မှတ်ရလောက်အောင် ချစ်စရာကောင်းနေကြတဲ့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Khine Thin Kyi’s Page

Zawgyi ဖြင့်ဖတ်ပါ
★★★★★



