“ပန်းနာရင်ကြပ် ” တသက်လုံး ပျောက်ဆေးနည်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★


ထို့ကြောင့် အားတက်၍





၃ ရက်လှန်းပါ၊ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊ ပေါင်း ၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်

ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ၀ဖြိုးစိုပြည်လာသည်ကို တွေ့ရပါလိမ့်မည်၊


Unicode ဖြင့်ဖတ်ပါ
★★★★★

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်း
ပေးလိုက်မည်၊ မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာ
လူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်

နေ့စဉ်စားနေခဲ့သည်၊ စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊

ထို့ကြောင့် အားတက်၍
နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံ

လက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏ တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်။
စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီး
ဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။ နေ့စဉ် နို့ဆီဗူး တစ်လုံးကျ

စားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်
စားရန် မလိုကြောင်း သိရသည်။
နောက်တနည်း နတ်ဆေးဂမုန်း

လက်တွေ့ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊
နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်
၃ ရက်လှန်းပါ၊ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊ ပေါင်း ရ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်

နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊ ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါ
ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ၀ဖြိုးစိုုပြည်လာသည်ကို တွေ့ရပါလိမ့်မည်၊

ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြား
သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ