စမိုင်းလ်တို့မိသားစုဘာကြောင့်အရမ်းချမ်းသာလာခဲ့တာလဲ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး စမိုင်လ်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် တို့ ဇနီးမောင်နှံ က အခန်းကျဉ်ကျဉ်လေးမှာ ကွန်ပျူတာအစုတ်လေးနဲ့ စခဲ့ရာမှ ခုဆိုရင် နိုင်ငံတကာမှာ ရုံးခန်းများဖွင့်နိုင်ပြီးဘာကြောင့်အရမ်းချမ်းသာသွားတာလဲဆိုတဲ့အကြောင်းလေးဖော်ပြပေးလိုက်ပါတယ်နော်။
တစ်ချိန်က စမိုင်းလ် တို့ဇနီးမောင်နှံ က ဘဝကို ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန်ခဲ့ရပြီး ခုချိန်မှာဆိုရင် အေးချမ်းသာယာပြီး လူတိုင်းအားကျရတဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။ စမိုင်းလ် က သူမတို့ ခုလို ချမ်းချမ်းသာသာ နေရတာက ဘုရားတရားကို အမြဲမမေ့ခဲ့တာကြောင့်လို့ ဖြေထားတာရှိသလို ခုနောက်ပိုင်းမှာ အလှူအဒါန်း များစွာကို လှူဒါန်းနေတာ တွေ့ရပါတယ်။
စမိုင်းလ် တို့ဇနီးမောင်နှံ က သူမတို့ရဲ့ VMG Campany ကြီး ရဲ့ နိုင်ငံခြား ရုံးခွဲများစွာ ဖွင့်ထားနိုင်ပြီဖြစ်ကြောင်း စမိုင်းလ် ခင်ပွန်းက ခုလို ပြောထားပါတယ်။ ” ကျွန်တော်တို့ VMG ရဲ့ရုံးခန်းများ။ Jaipur မှာ ၄၈ ယောက်။ Chennai မှာ ၁၆၃ ယောက်။ Dhaka မှာ ၃၂ယောက်။ Yangon မှာ ၁၅ယောက်။ USA မှာ ၁ယောက်။ အားလုံးပေါင်း ၂၅၉ ယောက်။ VMG ကို London ကအိပ်ခန်းကျင်းကျင်းလေး ထဲမှာ ၂ယောက်သား computer အစုတ်လေးတစ်လုံးနဲ့စလာကြတာပါ။ ဒီရုံးတွေဖွင့်ထားတာ ၃နှစ်လောက်ရှိပြီ၊ အခုမှကိုတိုင်ရောက်တော့ပီတိဖြစ်ရပါတယ်။ ” ဆိုပြီး ခုလို ပြောထားပါတယ်။VMG Campanyဆိုတာကပြည်တွင်းပြည်ပဆက်သွယ်ရေးကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
စမိုင်းလ် ကလည်း ” VMG India နဲ့ VMG Bangladesh ရုံးခန်းများသွားရောက်လေ့လာ..ဒီနေ့ Bangladesh မှာတော့သေချာစီစဉ်ပြီးကျမတို့အတွက် welcome party လေးလုပ်ပေးပြီး အစားအသောက်တွေကိုယ်တိုင်ချက်ပြီးယူလာစေကာကျမတို့ကိုသုံးဆောင်ခိုင်းတယ်။ အပြန်အလှန်လက်ဆောင်တွေပေး ဂိမ်းတွေကစားကြနဲ့ပြန်ခါနီးကျမကိုဝိုင်းဖက်ကြတော့ ငိုတောင်ငိုချင်တယ် တစ်ခါမှမတွေ့ဘူးပေမဲ့အရမ်းရင်းနီးသလိုဂရုစိုက်ကြတယ်။ နောက်နှစ်တွေလုပ်ငန်းတွေဒီထက်ချဲ့နိုင်အောင်ကြိုးစားပြီး ကိုယ့်ရဲဘော်တွေကိုဒီထက်ပိုပျော်အောင်လုပ်ပေးပါမယ် ” ဆိုပြီး ပြောထားပါတယ် ။
စမိုင်းလ် တို့ က လူတွေအင်တာနက်သုံးနေတိုင်းပိုက်ဆံဝင်နေတဲ့ အထိဆိုတော့ သူ့တို့ မိသားစုရဲ့ ချမ်းသာ ကြွယ်ဝမှုက ပြောမပြတတ်လောက်အောင်ပါ။ပြည်ပဖုန်းခေါ်ဆိုမှု့တွေကလည်းဝင်ငွေမတရားရရှိစေတာလဲဖြစ်ပါတယ်။
စမိုင်းလ် တို့ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။
စမိုင်းလ်တို့ ဇနီးမောင်နှံ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။