ချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့ သရုပ်ဆောင် ကစ်ကစ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ဒီနေ့ နံနက်ပိုင်းက ကွယ်လွန်သွားတာပါ။
ကစ်ကစ်ရဲ့ သတင်းကိုကြားပြီး ပရိသတ်တွေအားလုံးနဲ့ မိတ်ဆွေအပေါင်းအသင်း၊ အနုပညာရှင်တွေအားလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။

ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ သူချစ်တဲ့ သူတွေအားလုံးကို နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်ပါတယ်။ အဲဒီအကြောင်းကိုလည် ကစ်ကစ်ကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူ သရုပ်ဆောင် ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ယခုလို ရေးသားထားပါတယ်။

“ဒီမနက် ၁၀:၄၀ မှာ မကစ် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ၁၀း ၅၃ မိနစ်က ရေးသားထားပါတယ်။

ကစ်ကစ်ရဲ့ သတင်းကိုကြားပြီး ပရိသတ်တွေအားလုံးနဲ့ မိတ်ဆွေအပေါင်းအသင်း၊ အနုပညာရှင်တွေအားလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။

ခင်သဇင်ဟာ ကစ်ကစ်ရဲ့ ကျန်းမာရေးစဖြစ်ကတည်းက အနီးကပ်ပြုစု စောင့်ရှောက်လာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆေးဖိုးဈေးနှုန်းတွေက ကြီးလာတာနဲ့အမျှ အဆင်မပြေဖြစ်ရတယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

“လစဉ် ကိုယ့် အိတ်ထဲက ချေးငှားပေးပေမယ့် ဘယ်လိုမှ လောက်မနေဘူး။ကိုယ်တိုင်လည်း မကစ်ကို တစ်လ တစ်သိန်းနဲ့ ပုံမှန်လှူခဲ့တာ တစ်နှစ် တင်းတင်း ပြည့်ပါပြီ။ ကိုယ်လည်း မိန်းမ တစ်ယောက်တည်း ရုန်းကန်ရှာဖွေ နေရတာ ဖြစ်တဲ့ အတွက် သူ ဆေးကုဖို့ စားရိတ်မကျန်တော့လို့ ငိုပြီး ဖုန်းဆက်လာတိုင်း တကယ်ကို ရင်တွေ ပူနေခဲ့ရပါတယ် ဒါပေမယ့် တက်နိုင်သလောက် ထပ်ထပ်လှူခဲ့ပါတယ်။ စာရင်းတွေ သွားစစ် သွားမေးတော့မှ တစ်လ ထွက်ငွေက သိန်း ၂၀ ကျော်နေတာကိုး။ ဆေးဖိုးတွေက ဈေးကြီး နေတာ မေးကြည့်တော့ ကိုယ်လည်း တစ်လ တစ်လ ခေါင်းမီးတောက်ရတယ်” လို့ သူက ဆိုပါတယ်။

အခုတော့ ကစ်ကစ်က အားလုံးကို နှုတ်ဆက်သွားပါပြီဖြစ်တာကြောင့် ခင်သဇင်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။ခင်သဇင်က ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ရှောက်ပေးပြီး တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။

Credit : Cele Yatkwat

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဒီေန႔ နံနက္ပိုင္းက ကြယ္လြန္သြားတာပါ။
ကစ္ကစ္ရဲ႕ သတင္းကိုၾကားၿပီး ပရိသတ္ေတြအားလုံးနဲ႔ မိတ္ေဆြအေပါင္းအသင္း၊ အႏုပညာရွင္ေတြအားလုံး စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။

ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ကေတာ့ သူခ်စ္တဲ့ သူေတြအားလုံးကို ႏႈတ္ဆက္ထြက္ခြာသြားၿပီျဖစ္ပါတယ္။ အဲဒီအေၾကာင္းကိုလည္ ကစ္ကစ္ကို အနီးကပ္ ျပဳစုေစာင့္ေရွာက္ေပးေနသူ သ႐ုပ္ေဆာင္ ခင္သဇင္ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ယခုလို ေရးသားထားပါတယ္။

“ဒီမနက္ ၁၀:၄၀ မွာ မကစ္ ဘဝတပါးသို႔ ကူးေျပာင္းသြားပါၿပီ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ၁၀း ၅၃ မိနစ္က ေရးသားထားပါတယ္။

ကစ္ကစ္ရဲ႕ သတင္းကိုၾကားၿပီး ပရိသတ္ေတြအားလုံးနဲ႔ မိတ္ေဆြအေပါင္းအသင္း၊ အႏုပညာရွင္ေတြအားလုံး စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။

ခင္သဇင္ဟာ ကစ္ကစ္ရဲ႕ က်န္းမာေရးစျဖစ္ကတည္းက အနီးကပ္ျပဳစု ေစာင့္ေရွာက္လာတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ေဆးဖိုးေဈးႏႈန္းေတြက ႀကီးလာတာနဲ႔အမွ် အဆင္မေျပျဖစ္ရတယ္လို႔ ႏိုဝင္ဘာလ ၂၂ ရက္ေန႔ မနက္ ၈ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

“လစဥ္ ကိုယ့္ အိတ္ထဲက ေခ်းငွားေပးေပမယ့္ ဘယ္လိုမွ ေလာက္မေနဘူး။ကိုယ္တိုင္လည္း မကစ္ကို တစ္လ တစ္သိန္းနဲ႔ ပုံမွန္လႉခဲ့တာ တစ္ႏွစ္ တင္းတင္း ျပည့္ပါၿပီ။ ကိုယ္လည္း မိန္းမ တစ္ေယာက္တည္း ႐ုန္းကန္ရွာေဖြ ေနရတာ ျဖစ္တဲ့ အတြက္ သူ ေဆးကုဖို႔ စားရိတ္မက်န္ေတာ့လို႔ ငိုၿပီး ဖုန္းဆက္လာတိုင္း တကယ္ကို ရင္ေတြ ပူေနခဲ့ရပါတယ္ ဒါေပမယ့္ တက္ႏိုင္သေလာက္ ထပ္ထပ္လႉခဲ့ပါတယ္။ စာရင္းေတြ သြားစစ္ သြားေမးေတာ့မွ တစ္လ ထြက္ေငြက သိန္း ၂၀ ေက်ာ္ေနတာကိုး။ ေဆးဖိုးေတြက ေဈးႀကီး ေနတာ ေမးၾကည့္ေတာ့ ကိုယ္လည္း တစ္လ တစ္လ ေခါင္းမီးေတာက္ရတယ္” လို႔ သူက ဆိုပါတယ္။

အခုေတာ့ ကစ္ကစ္က အားလုံးကို ႏႈတ္ဆက္သြားပါၿပီျဖစ္တာေၾကာင့္ ခင္သဇင္လည္း စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။

သ႐ုပ္ေဆာင္ ကစ္ကစ္ဟာ ဆီးခ်ိဳေရာဂါကိုခံစားေနသလို ေက်ာက္ကပ္ ကပါ မေကာင္းတဲ့အတြက္ အခ်ိန္ေတာ္ၾကာ ေဆးကုသမႈ ခံယူခဲ့ရ တာေၾကာင့္ အႏုပညာအလုပ္ေတြနဲ႔ေရာပရိသတ္ေတြနဲ႔ပါ အဆက္အသြယ္ျပတ္ခဲ့ရပါတယ္။ ကစ္ကစ္ဟာ ၂၀၁၈ခုႏွစ္ ႏွစ္စပိုင္းတုန္းက က်န္းမာေရး အေျခအေနေတာ္ေတာ့္ကို မေကာင္းခဲ့တာပါ။ခင္သဇင္က ကစ္ကစ္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး အနီးကပ္ ေစာင့္ေရွာက္ေပးၿပီး တာဝန္ယူေပးေနတာ ျဖစ္ပါတယ္။

Credit : Cele Yatkwat