.ဒီနေ့မနက်မှာပဲကွယ်လွန်သွားတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ကျောက်ကပ်အခြေအနေဟာ နောက်ပိုင်းရက်တွေမှာ တစ်နေ့တစ်ခြားဆိုးရွားလာနေခဲ့ပြီး တစ်နေ့ရွှေတစ်နေ့ငွေဖြစ်နေခဲ့တာ ပရိသတ်အားလုံးသိကြမှာပါ။ မကြာသေးမီကပဲ ခင်သဇင်က  တစ်လတစ်ခါ ကျောက်ကပ်ဆေးနေရတဲ့ ကစ်ကစ်အတွက် ဆေးရုံစားရိတ် နဲ့ ဆေးဖိုးဝါးခအပြင် အိမ်စားရိတ် ၊ ထမင်းစားရိတ်တွေပါ အကုန်လုံး ပူပန်နေရလို့ အလှူရှင်တွေလိုအပ်ကြောင်းပြောကြားခဲ့ပြီးအလှူရှင်တွေကိုဖိတ်ခေါ်နေခဲ့ပါသေးတယ်။

ဒါပေမယ့်အဲဒီလိုအားလုံးက စိုးရိမ်ပူပန်စွာဆုတောင်းပေးနေကြပြီး ခင်သဇင်ကိုယ်တိုင်ကလည်း ကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးနေတဲ့ကြားထဲမှာမှ သရုပ်ဆောင်ကစ်ကစ်ကဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပါပြီ။ ကစ်ကစ်တစ်ယောက်ဘဝတစ်ပါးကူးပြောင်းသွားခဲ့တဲ့ သတင်းက ဒီမနက်ပဲပရိသတ်တွေကြားမှာပျံ့နှံ့လာခဲ့တာဖြစ်ပြီး ဒီနေ့မနက်ဆယ့်တစ်နာရီဝန်းကျင်မှာခင်သဇင်က ကစ်ကစ်ကွယ်လွန်သွားကြောင်းကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ပြီး အတည်ပြုထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ ကစ်ကစ်ကိုဆေးရုံတင်ပြီး နေ့လားညလားဖြစ်နေတဲ့အခြေအနေကိုအားလုံးဝိုင်းပြီးဆုတောင်းပေးနေခဲ့တာဖြစ်သလို ခင်သဇင်ကဒီနေ့မနက်အစောပိုင်းကမှှ ကစ်ကစ်စိုးရိမ်ရကြောင်းနဲ့ အားလုံးဝိုင်းပြီးဆုတောင်းပေးစေလိုကြောင်း “ဝိုင်းဆုတောင်းပေးပါမကစ် အရမ်းစိုးရိမ်ရပါတယ်အားလုံးဝိုင်းဆုတောင်းပေးပါ”လို့ရေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ့်တစ်နာရီဝန်းကျင်မှာတော့ ခင်သဇင်ရဲ့ account မှာ “ဒီမနက် ၁၀:၄၀ မှာ မကစ် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ”လို့ရေးသားထားခဲ့တာကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေဝမ်းနည်းပူဆွေးနေကြတာဖြစ်ပါတယ်။

အဲဒီ status အောက်မှာရော လူမှုကွန်ယက်တွေမှာပါ ပရိသတ်တွေက လူတွေကိုပျော်စေချင်တဲ့ မကစ် ကောင်းရာမွန်ရာရောက်ပါစေ လို့ဆုတောင်းပေးနေကြတာလည်းတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ကစ်ကစ်အတွက် ကောင်းရာဘုံဘဝရောက်နိုင်စေဖို့ အမျှအတန်းပေးဝေဆုတောင်းပေးလိုက်ကြပါဦးနော်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ေက်ာက္ကပ္အေျခအေနဟာ ေနာက္ပိုင္းရက္ေတြမွာ တစ္ေန႔တစ္ျခားဆိုး႐ြားလာေနခဲ့ၿပီး တစ္ေန႔ေ႐ႊတစ္ေန႔ေငြျဖစ္ေနခဲ့တာ ပရိသတ္အားလုံးသိၾကမွာပါ။ မၾကာေသးမီကပဲ ခင္သဇင္က တစ္လတစ္ခါ ေက်ာက္ကပ္ေဆးေနရတဲ့ ကစ္ကစ္အတြက္ ေဆး႐ုံစားရိတ္ နဲ႔ ေဆးဖိုးဝါးခအျပင္ အိမ္စားရိတ္ ၊ ထမင္းစားရိတ္ေတြပါ အကုန္လုံး ပူပန္ေနရလို႔ အလႉရွင္ေတြလိုအပ္ေၾကာင္းေျပာၾကားခဲ့ၿပီးအလႉရွင္ေတြကိုဖိတ္ေခၚေနခဲ့ပါေသးတယ္။

ဒါေပမယ့္အဲဒီလိုအားလုံးက စိုးရိမ္ပူပန္စြာဆုေတာင္းေပးေနၾကၿပီး ခင္သဇင္ကိုယ္တိုင္ကလည္း ကိုယ္ဖိရင္ဖိေစာင့္ေရွာက္ေပးေနတဲ့ၾကားထဲမွာမွ သ႐ုပ္ေဆာင္ကစ္ကစ္ကဘဝတစ္ပါးကိုကူးေျပာင္းသြားခဲ့ပါၿပီ။ ကစ္ကစ္တစ္ေယာက္ဘဝတစ္ပါးကူးေျပာင္းသြားခဲ့တဲ့ သတင္းက ဒီမနက္ပဲပရိသတ္ေတြၾကားမွာပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ၿပီး ဒီေန႔မနက္ဆယ့္တစ္နာရီဝန္းက်င္မွာခင္သဇင္က ကစ္ကစ္ကြယ္လြန္သြားေၾကာင္းကို သူမရဲ႕ လူမႈကြန္ယက္ေပၚမွာတင္ၿပီး အတည္ျပဳထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္အနည္းငယ္ကမွ ကစ္ကစ္ကိုေဆး႐ုံတင္ၿပီး ေန႔လားညလားျဖစ္ေနတဲ့အေျခအေနကိုအားလုံးဝိုင္းၿပီးဆုေတာင္းေပးေနခဲ့တာျဖစ္သလို ခင္သဇင္ကဒီေန႔မနက္အေစာပိုင္းကမွ ကစ္ကစ္စိုးရိမ္ရေၾကာင္းနဲ႔ အားလုံးဝိုင္းၿပီးဆုေတာင္းေပးေစလိုေၾကာင္း “ဝိုင္းဆုေတာင္းေပးပါမကစ္ အရမ္းစိုးရိမ္ရပါတယ္အားလုံးဝိုင္းဆုေတာင္းေပးပါ”လို႔ေရးထားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဆယ့္တစ္နာရီဝန္းက်င္မွာေတာ့ ခင္သဇင္ရဲ႕ account မွာ “ဒီမနက္ ၁၀:၄၀ မွာ မကစ္ ဘဝတပါးသို႔ ကူးေျပာင္းသြားပါၿပီ”လို႔ေရးသားထားခဲ့တာေၾကာင့္ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြဝမ္းနည္းပူေဆြးေနၾကတာျဖစ္ပါတယ္။

အဲဒီ status ေအာက္မွာေရာ လူမႈကြန္ယက္ေတြမွာပါ ပရိသတ္ေတြက လူေတြကိုေပ်ာ္ေစခ်င္တဲ့ မကစ္ ေကာင္းရာမြန္ရာေရာက္ပါေစ လို႔ဆုေတာင္းေပးေနၾကတာလည္းေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးလည္း ကစ္ကစ္အတြက္ ေကာင္းရာဘုံဘဝေရာက္ႏိုင္ေစဖို႔ အမွ်အတန္းေပးေဝဆုေတာင္းေပးလိုက္ၾကပါဦးေနာ္။