.ပန်းနာ ချောင်းဆိုးရောဂါ၊ သွေးဖောက်ပြန် သောရောဂါ ၊လေရောဂါ ၊ မိခင်များ နို့ထွက်စေရန်နှင့် အခြားများစွာ ဆေးဖက်ဝင်သော ခြံစည်းရိုးပေါ်က ကင်းပုံပင်

Zawgyi ျဖင့္ဖတ္၇န္

ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ ေပါက္ေရာက္သည္။ ျမန္မာႏိုင္ငံတြင္ အေလ့က်ေပါက္သည္။ သစ္ပင္ ျခံစည္းရိုးတို႔တြင္လည္း ေပါက္ေလ့ရွိသည္။

အပင္

အၿမဲစိမ္း သစ္ေပ်ာ့ႏြယ္ပင္ ျဖစ္သည္။ ပင္စည္ ေသးသြယ္၍ ႏြယ္ႏွာေမာင္း ၂-၄ ခု ခြဲထြက္သည္။

အရြက္

ပင္စည္ သို႔မဟုတ္ ရိုးတံ၏ တစ္ဖက္တည္း မွ ထြက္၏။ အ၀ိုက္ ၃ ၀ိုက္ပါ၍ ထိပ္အ၀ိုက္တြင္ ေထာင့္ ၃ ေထာင့္ ပါၿပီး ေဘးအ၀ိုက္ ၂ ခုသည္ လိပ္ျပာေတာင္ပံုျဖစ္ေနသည္။ ရြက္ရင္းဟိုက္သည္ ၊ ရြက္ျပားပါး၍ ေခ်ာမြတ္သည္ ။ ရြက္နား လိႈင္းတြန္႔ အနည္းငယ္ ရွိ၏ ။ ရြက္ညာ အလြန္ရွည္သည္။

အပြင့္

ရြက္ညွာၾကားမွ ထြက္သည္။ အျဖဴေရာင္ ပြင့္ဖတ္ ၅ ခုပါသည္။ ပြင့္ခ်ပ္အစိမ္းေရာင္ရွိၿပီး ထိပ္တြင္ နီၫိုေရာင္သမ္းသည္။ ပြင့္ၫွာတံ ရွည္သည္။

အသီး

လံုး၍ ရွည္ေမ်ာေမ်ာပံုရွိသည္။ ၂ လက္မေက်ာ္ခန္႔ ရွည္သည္။ အခြံ ေျပာင္ေခ်ာၿပီး အစိမ္းေပၚတြင္ အျဖဴစင္းမ်ားရွိ၏။ မွည့္ေသာအခါ လိေမၼာ္နီေရာင္ ရွိသည္။ အေစ့လြန္းပံုရွိသည္။ ေႏြေရာ မိုးပါ သီးေသာ္လည္း မိုးရာသီတြင္ ပိုသီးသည္။

အသံုးဝင္ပံု

ပဥၥငါးပါး ၊ အရြက္ ၊ အသီး ၊ အျမစ္။

အာနိသင္

ျမန္မာေဆးက်မ္းမ်ား အလိုအရ ကင္းပံုသီးသည္ ခါး၏ ၊ ေအး၏ ၊ သလိပ္သည္းေျခကို ႏိုင္၏ ၊ ၀မ္းကိုသက္ေစသည္ ၊ အရြက္သည္ ဖန္၏ ၊ ခႏၶာကိုယ္ႀကီးထြား သန္မာမႈႏွင့္ အရိုး ၊ သြားမ်ား တည္ေဆာက္မႈကို အားေပး၍ အာရံုေၾကာမ်ားကို လည္း လန္းဆန္း ေစသည္။

ပဥၥငါးပါးအသံုးျပဳပံု

၁ ။ ပင္စည္ျပဳတ္ရည္ကို သလိပ္ရႊင္ေဆးအျဖစ္ အသံုးျပဳရာ၌ အထူးထင္ရွား၏ ။

အရြက္အသံုးျပဳပံု

၁။ အရြက္စိမ္းကို ဆီးခ်ိဳေရာဂါရွိသူမ်ား ေၾကာ္ခ်က္စားသံုးရ၏ ။
၂ ။ ကင္းပံုရြက္ႏွင့္ နံနံေစ့ ဆတူကို ျပဳတ္၍ အဖ်ားက်ေဆး ၊ ၀မ္းေပ်ာ့ေဆးအျဖစ္ အသံုးျပဳသည္။
၃။ ကင္းပံုရြက္ကို သန္က်ေဆး ေဖာ္စပ္ရာ၌ သံုး၏ ။

၄။ ကင္းပံုရြက္ အရည္ကို ေရယုန္နာေပၚသို႔ မၾကာခဏတို႔ေပးလွ်င္ ေရယုန္နာ ေပ်ာက္ကင္းသည္။
၅ ။ ကင္းပံုရြက္ကို သည္းေျခပ်က္ျခင္းႏွင့္ အဆုတ္ျပြန္ေရာင္ ေရာဂါတို႔အတြက္ ေဖာ္စပ္ေသာေဆးမ်ားတြင္ ထည့္သြင္း အသံုးျပဳသည္။

အသီးအသံုးျပဳပံု

၁ ။ ကင္းပံုသီးကို သားသည္ မိခင္မ်ား ႏို႔ထြက္ေစရန္ ႏွင့္ ေလေရာဂါ ၊ ေသြးေဖာက္ျပန္္ ေသာေရာဂါ ၊ ပန္းနာ ေခ်ာင္းဆိုး ေရာဂါမ်ား၌ အသံုးျပဳသည္။

အျမစ္အသံုးျပဳပံု

၁။ အျမစ္ကို အဖ်ားက်ေဆး၊ ၀မ္းသက္ေဆး အျဖစ္သံုးသည္။ (ကင္းပံုတြင္ အခါး၊ အခ်ိဳ ႏွစ္မ်ိဳးရွိသည့္ အနက္ ေဆးဖက္တြင္ အခါးကို အသံုးမ်ားသည္။)

ျမန္မာ႔ေဆးဖက္ဝင္အပင္မ်ား

ကင္းပံုပင္သည္ ပဥၥငါးပါး အသံုးဝင္ေသာ အပင္ျဖစ္ပါသည္။ သလိပ္ရႊင္ျခင္း၊ ေခ်ာင္းဆိုးေပ်ာက္ျခင္း၊ သန္ေကာင္၊ တုတ္ေကာင္မ်ား က်ေစျခင္း၊ နားကိုက္ေရာဂါ၊ အေရျပားေပၚတြင္ ျဖစ္ေသာ ေရယုန္ကဲ့သို႔ေသာ အနာႏွင့္ အပူနာမ်ားကို ေပ်ာက္ကင္းေစပါသည္။ ကင္းပံုရြက္ သတၱဳရည္ကို ဆီးခ်ဳိေဝဒနာရွင္မ်ားအား ကုသႏုိင္ေၾကာင္း သိရပါသည္။ အထူးသျဖင့္ ႏို႔မထြက္ေသာ မိခင္မ်ား ကင္းပံုသီးကို ခ်က္စားပါက ႏို႔ထြက္ ေစပါသည္။

ကင္းပံု အေၾကာင္းသိမွတ္စရာအျဖာျဖာ

ကင္းပံုပင္သည္ အလြန္စိုက္ပ်ဳိးရ လြယ္ကူေသာ အပင္တစ္မ်ဳိး ျဖစ္ပါသည္။ အေစ့မွ ေသာ္လည္းေကာင္း၊ ပင္စည္အကိုင္းအခက္မွ ေသာ္လည္း ေကာင္း စိုက္ပ်ဳိးႏုိင္ပါသည္။ အခ်ဳိမ်ဳိးႏွင့္ အခါးမ်ဳိးဟူ၍ ရွိၿပီး အခါးမ်ဳိးက ပို၍ေဆးဖက္ဝင္ေၾကာင္း သိရပါ သည္။

စိုက္ပ်ဳိးစ ကာလတြင္ ေရပံုမွန္ ေလာင္းေပး႐ံုမွလဲြ၍ အပင္ႀကီးထြားလာသည့္ အခါ ေရေလာင္းရန္ သိပ္မလိုေသာ အပင္ျဖစ္ပါသည္။ အနီးအနားရွိ အပင္မ်ား၊ ခ်ဳံမ်ားေပၚသို႔ တြယ္တက္ၿပီး အသီးသီးေသာ အပင္ ျဖစ္သျဖင့္ အခ်ဳိ႕ေဒသမ်ား၌ ၿခံစည္း႐ိုးတြင္ ေလကာပင္ အေနျဖင့္ စိုက္ပ်ဳိးၾကပါသည္။ အညာေဒသ ကဲ့သို႔ ေရရွားပါးေသာ ေဒသမ်ားတြင္လည္း ျဖစ္ထြန္းေၾကာင္း ေတြ႕ရပါသည္။

ျခံေဘးေတြမွာေတြ႔ရေလ့႐ွိၿပီးေဆးဖက္၀င္လွေသာႏြယ္ပင္တစ္ခုအျဖစ္လည္းေကာင္း…ထမင္းၿမိန္စရာဟင္းတစ္ခုအျဖစ္လည္းေကာင္း…တန္ဖိုး႐ွိလွ
ေသာေၾကာင့္မ်ွေ၀ေပးလိုက္ပါတယ္…။

Source…ကင္းပံုအေၾကာင္း

Unicodeဖြင့်ဖတ်ရန်

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။

အပင်

အမြဲစိမ်း သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည် သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။

အရွက်

ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်း မှ ထွက်၏။ အဝိုက် ၃ ဝိုက်ပါ၍ ထိပ်အဝိုက်တွင် ထောင့် ၃ ထောင့် ပါပြီး ဘေးအဝိုက် ၂ ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည် ၊ ရွက်ပြားပါး၍ ချောမွတ်သည် ။ ရွက်နား လှိုင်းတွန့် အနည်းငယ် ရှိ၏ ။ ရွက်ညာ အလွန်ရှည်သည်။

အပွင့်

ရွက်ညှာကြားမှ ထွက်သည်။ အဖြူရောင် ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။

အသီး

လုံး၍ ရှည်မျောမျောပုံရှိသည်။ ၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။

အသုံးဝင်ပုံ

ပဉ္စငါးပါး ၊ အရွက် ၊ အသီး ၊ အမြစ်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ကင်းပုံသီးသည် ခါး၏ ၊ အေး၏ ၊ သလိပ်သည်းခြေကို နိုင်၏ ၊ ဝမ်းကိုသက်စေသည် ၊ အရွက်သည် ဖန်၏ ၊ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိုး ၊ သွားများ တည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လည်း လန်းဆန်း စေသည်။

ပဉ္စငါးပါးအသုံးပြုပုံ

၁ ။ ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။

အရွက်အသုံးပြုပုံ

၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။
၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
၃။ ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏ ။

၄။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
၅ ။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အသီးအသုံးပြုပုံ

၁ ။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။

အမြစ်အသုံးပြုပုံ

၁။ အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့် အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။)

မြန်မာ့ဆေးဖက်ဝင်အပင်များ

ကင်းပုံပင်သည် ပဉ္စငါးပါး အသုံးဝင်သော အပင်ဖြစ်ပါသည်။ သလိပ်ရွှင်ခြင်း၊ ချောင်းဆိုးပျောက်ခြင်း၊ သန်ကောင်၊ တုတ်ကောင်များ ကျစေခြင်း၊ နားကိုက်ရောဂါ၊ အရေပြားပေါ်တွင် ဖြစ်သော ရေယုန်ကဲ့သို့သော အနာနှင့် အပူနာများကို ပျောက်ကင်းစေပါသည်။ ကင်းပုံရွက် သတ္တုရည်ကို ဆီးချိုဝေဒနာရှင်များအား ကုသနိုင်ကြောင်း သိရပါသည်။ အထူးသဖြင့် နို့မထွက်သော မိခင်များ ကင်းပုံသီးကို ချက်စားပါက နို့ထွက် စေပါသည်။

ကင်းပုံ အကြောင်းသိမှတ်စရာအဖြာဖြာ

ကင်းပုံပင်သည် အလွန်စိုက်ပျိုးရ လွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ အစေ့မှ သော်လည်းကောင်း၊ ပင်စည်အကိုင်းအခက်မှ သော်လည်း ကောင်း စိုက်ပျိုးနိုင်ပါသည်။ အချိုမျိုးနှင့် အခါးမျိုးဟူ၍ ရှိပြီး အခါးမျိုးက ပို၍ဆေးဖက်ဝင်ကြောင်း သိရပါ သည်။

စိုက်ပျိုးစ ကာလတွင် ရေပုံမှန် လောင်းပေးရုံမှလွဲ၍ အပင်ကြီးထွားလာသည့် အခါ ရေလောင်းရန် သိပ်မလိုသော အပင်ဖြစ်ပါသည်။ အနီးအနားရှိ အပင်များ၊ ချုံများပေါ်သို့ တွယ်တက်ပြီး အသီးသီးသော အပင် ဖြစ်သဖြင့် အချို့ဒေသများ၌ ခြံစည်းရိုးတွင် လေကာပင် အနေဖြင့် စိုက်ပျိုးကြပါသည်။ အညာဒေသ ကဲ့သို့ ရေရှားပါးသော ဒေသများတွင်လည်း ဖြစ်ထွန်းကြောင်း တွေ့ရပါသည်။

ခြံဘေးတွေမှာတွေ့ရလေ့ရှိပြီးဆေးဖက်ဝင်လှသောနွယ်ပင်တစ်ခုအဖြစ်လည်းကောင်း…ထမင်းမြိန်စရာဟင်းတစ်ခုအဖြစ်လည်းကောင်း…တန်ဖိုးရှိလှ
သောကြောင့်မျှဝေပေးလိုက်ပါတယ်…။
Source…ကင်းပုံအကြောင်း