ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ ဇေယျ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေဇယ်ကေတာ့ ဝါသနာပါတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ဖို႔ မိသားစုနဲ႔ အတိုက္အခံလုပ္ၿပီး အႏုပညာလမ္းေၾကာင္းကို ေလွ်ာက္လွမ္းခဲ့ရသူပါ။ ဒါေပမယ့္ အရင္တုန္းကလို ဇာတ္ကားေတြ တစိုက္မတ္မတ္ ျပန္႐ိုက္ခ်င္တဲ့အေၾကာင္းေတြ ရင္ဖြင့္လာပါတယ္။

သ႐ုပ္ေဆာင္ ေဇယ်ကေတာ့ အႏုပညာအလုပ္အေပၚထားတဲ့ သူ႔ရဲ႕ သေဘာထားကို ေျပာျပလာပါတယ္။ အခုလက္ရွိမွာလည္း အႏုပညာအလုပ္နဲ႔ အနည္းငယ္ ေဝးကြာေနတဲ့အေၾကာင္းကို Duwun Media ကေန ေျပာျပလာပါတယ္။

“ အခုက ကြၽန္ေတာ္ အစီအစဥ္တင္ဆက္သူ လုပ္ေနေတာ့ အႏုပညာအလုပ္နဲ႔လည္း နည္းနည္းေဝးသြားတယ္။ ကိုယ့္ကို ေခၚ႐ိုက္မယ့္လူက မရွိဘူးဆိုေတာ့လည္း မ႐ိုက္ျဖစ္ပါဘူး။

ကြၽန္ေတာ္က သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့အတြက္ ေဆးစက္က်ရာ အ႐ုပ္ထင္ရမွာပါ။ ကိုယ္အ႐ုပ္ထင္ရ မယ့္အရာကို ကိုယ္တကယ္လုပ္ႏိုင္မွသာ ကြၽန္ေတာ္က ႐ိုက္မွာပါ” လို႔ သူကဆိုပါတယ္။

ကိုယ္တိုင္ကလည္း အရင္ကလို အႏုပညာအလုပ္ေတြ တစိုက္မတ္မတ္ မလုပ္ျဖစ္တဲ့အခါမွာ စိတ္မေကာင္းျဖစ္တယ္လို႔ ေဇယ်က ေျပာပါတယ္။ သူ႔ကို အားေပးေနတဲ့ ပရိသတ္ေတြ ရွိေသးတာေၾကာင့္လည္း ေပ်ာ္တယ္လို႔ ဆိူပါတယ္။

“ကြၽန္ေတာ့္ လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိလို႔ပါ။ ဒါေၾကာင့္လည္း အႏုပညာေလာကနဲ႔ နည္းနည္း အဆက္အသြယ္ျပတ္သြားတာေပါ့။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ဆက္ၿပီးႀကိဳးစားဖို႔ေတြ လိုပါေသးတယ္။

အခြင့္အခါသင့္ရင္ေတာ့ ပရိသတ္ေတြအတြက္ ကြၽန္ေတာ့္ရဲ႕ အႏုပညာအလုပ္ေတြကို ခ်ျပခြင့္ရခ်င္ပါေသးတယ္။” လို႔ ဆိုပါတယ္။

ေဇယ်ရဲ႕ အႏုပညာလုပ္ငန္းအစမွာ မိဘေတြကေတာ့ အားမေပးခဲ့ဘူးလို႔ ဆိုပါတယ္။ အခုဆိုရင္ေတာ့ေဇယ်ရဲ႕ အႏုပညာသက္တမ္းဟာ ၁၀ စုႏွစ္ေက်ာ္ကို ေရာက္ရွိလို႔ လာခဲ့ပါၿပီ။

“ သ႐ုပ္ေဆာင္အလုပ္ကို တကယ္ခ်စ္လို႔ အိမ္နဲ႔ အတိုက္အခံလုပ္ၿပီးေတာ့ ေလွ်ာက္ခဲ့တာပါ။ ဒီအလုပ္ကလည္း အက်ိဳးအေၾကာင္းေတြ အမ်ားႀကီး ဆက္စပ္မွ ရမွာေလေနာ္။ အမွန္အတိုင္းေျပာရင္ေတာ့ ကြၽန္ေတာ္ ျပန္လုပ္ခ်င္တယ္။ အခြင့္အခါသင့္လို႔ ေခၚ႐ိုက္မယ့္သူရွိလာရင္ ျပန္လုပ္ျဖစ္မွာပါ”လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ ေဇယ်ကိုေတာ့ Music Video ေတြကေနတဆင့္၊ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးလာခဲ့ၾကတာျဖစ္ပါတယ္။ သူ႔ကို ပရိသတ္ သတိထားမိခဲ့တဲ့ ထူးျခားမႈေတြကေတာ့ ႐ုပ္ေလး ေခ်ာသေလာက္ ဟာသဉာဏ္႐ႊင္တတ္တဲ့ မင္းသားေခ်ာ တစ္ေယာက္ျဖစ္ပါတယ္။ စကားသံ ဝဲဝဲေလးေတြကလည္း ေဇယ်ကို ပရိသတ္ေတြခ်စ္တဲ့ အခ်က္ေတြထဲက တစ္ခ်က္ပါပဲ။

Credit CeleYatKwat

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ ဇေယျ …

ဇေယျကတော့ ဝါသနာပါတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ မိသားစုနဲ့ အတိုက်အခံလုပ်ပြီး အနုပညာလမ်းကြောင်းကို လျှောက်လှမ်းခဲ့ရသူပါ။ ဒါပေမယ့် အရင်တုန်းကလို ဇာတ်ကားတွေ တစိုက်မတ်မတ် ပြန်ရိုက်ချင်တဲ့အကြောင်းတွေ ရင်ဖွင့်လာပါတယ်။

သရုပ်ဆောင် ဇေယျကတော့ အနုပညာအလုပ်အပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ အခုလက်ရှိမှာလည်း အနုပညာအလုပ်နဲ့ အနည်းငယ် ဝေးကွာနေတဲ့အကြောင်းကို Duwun Media ကနေ ပြောပြလာပါတယ်။

“ အခုက ကျွန်တော် အစီအစဉ်တင်ဆက်သူ လုပ်နေတော့ အနုပညာအလုပ်နဲ့လည်း နည်းနည်းဝေးသွားတယ်။ ကိုယ့်ကို ခေါ်ရိုက်မယ့်လူက မရှိဘူးဆိုတော့လည်း မရိုက်ဖြစ်ပါဘူး။

ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဆေးစက်ကျရာ အရုပ်ထင်ရမှာပါ။ ကိုယ်အရုပ်ထင်ရ မယ့်အရာကို ကိုယ်တကယ်လုပ်နိုင်မှသာ ကျွန်တော်က ရိုက်မှာပါ” လို့ သူကဆိုပါတယ်။

ကိုယ်တိုင်ကလည်း အရင်ကလို အနုပညာအလုပ်တွေ တစိုက်မတ်မတ် မလုပ်ဖြစ်တဲ့အခါမှာ စိတ်မကောင်းဖြစ်တယ်လို့ ဇေယျက ပြောပါတယ်။ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေ ရှိသေးတာကြောင့်လည်း ပျော်တယ်လို့ ဆိူပါတယ်။

“ကျွန်တော့် လိုအပ်ချက်တွေ အများကြီးရှိလို့ပါ။ ဒါကြောင့်လည်း အနုပညာလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားတာပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း ဆက်ပြီးကြိုးစားဖို့တွေ လိုပါသေးတယ်။

အခွင့်အခါသင့်ရင်တော့ ပရိသတ်တွေအတွက် ကျွန်တော့်ရဲ့ အနုပညာအလုပ်တွေကို ချပြခွင့်ရချင်ပါသေးတယ်။” လို့ ဆိုပါတယ်။

ဇေယျရဲ့ အနုပညာလုပ်ငန်းအစမှာ မိဘတွေကတော့ အားမပေးခဲ့ဘူးလို့ ဆိုပါတယ်။ အခုဆိုရင်တော့ဇေယျရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ်ကျော်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။

“ သရုပ်ဆောင်အလုပ်ကို တကယ်ချစ်လို့ အိမ်နဲ့ အတိုက်အခံလုပ်ပြီးတော့ လျှောက်ခဲ့တာပါ။ ဒီအလုပ်ကလည်း အကျိုးအကြောင်းတွေ အများကြီး ဆက်စပ်မှ ရမှာလေနော်။ အမှန်အတိုင်းပြောရင်တော့ ကျွန်တော် ပြန်လုပ်ချင်တယ်။ အခွင့်အခါသင့်လို့ ခေါ်ရိုက်မယ့်သူရှိလာရင် ပြန်လုပ်ဖြစ်မှာပါ”လို့ ဆိုပါတယ်။

သရုပ်ဆောင် ဇေယျကိုတော့ Music Video တွေကနေတဆင့်၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူ့ကို ပရိသတ် သတိထားမိခဲ့တဲ့ ထူးခြားမှုတွေကတော့ ရုပ်လေး ချောသလောက် ဟာသဉာဏ်ရွှင်တတ်တဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ စကားသံ ဝဲဝဲလေးတွေကလည်း ဇေယျကို ပရိသတ်တွေချစ်တဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။

Credit CeleYatKwat