သမီးလေးမွေးကတည်းက ထူးခြားတဲ့ကိစ္စတွေဖြစ်လာတယ်ဆိုတဲ့ သရုပ်ဆောင်နိုင်လူ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္လူရဲ႕ သမီးေလး ေခတ္ဆည္းဆာကေတာ့ တကယ္ကို ထူးျခားတဲ့ ကေလးတစ္ေယာက္ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီထူးျခားမႈေတြကိုလည္း ႏိုင္လူက အခုလို ေျပာျပခဲ့ပါတယ္။သ႐ုပ္ေဆာင္ႏိုင္လူကေတာ့ သူ႔ရဲ႕ တစ္ဦးတည္းေသာ သမီးေလး ေခတ္ဆည္းဆာ အေၾကာင္း ေျပာျပ လာပါတယ္။ ဒီသမီးေလးကို ကိုယ္ဝန္စရွိကလည္းက ထူးျခားမႈေတြ စတင္လာတယ္လို႔ Duwun Media ကေန ေျဖဆိုခဲ့ပါတယ္။

“ ဒီသမီးေလး ေမြးၿပီးေတာ့မွ ထူးျခားတဲ့အေနအထားေတြေပၚေပါက္လာတယ္၊ ျဖစ္ထြန္းလာတယ္။ ဒီသမီးေလးက အလိုလိုက္လြန္းေတာ့လည္း ဆိုးခ်င္တယ္။ သူ႔အေမကလည္း အလုပ္တစ္ဖက္နဲ႔ နယ္ေတြ သြားေနရတယ္၊ အစ္ကိုကလည္း အစ္ကို႔အလုပ္နဲ႔ အျပင္ေတြသြားေနရတဲ့အခ်ိန္မွာ သမီးေလးက အဘိုးအဘြားေတြနဲ႔ ေနရတာမ်ားတယ္” လို႔ သူကဆိုပါတယ္။အသက္ႀကီးမွ ကေလးရလာတာေၾကာင့္ မယူေတာ့ဖို႔ ဆုံးျဖတ္ခဲ့မိဖူးတယ္လို႔ ႏိုင္လူကေျပာပါတယ္။ ဒါေပမယ့္ ေမြးလာတဲ့ ေန႔ကလည္း တကယ္ကို ထူးျခားတယ္လို႔ ဆိုပါတယ္။

“ ဇနီးျဖစ္သူက သမီးေလးကို အသက္ႀကီးမွ ေမြးတယ္။ ကေလးမရႏိုင္မယ့္ အသက္အ႐ြယ္မွာ ကေလးေလးရတယ္။ ကေလးကို ကိုယ္ဝန္ရွိတဲ့အခ်ိန္မွာ မယူဖို႔ ဆုံးျဖတ္မိေသးတယ္။ အဲဒီအခ်ိန္မွာ ဦးႏိုင္လူတို႔က ကားအက္ဆီးဒင့္ျဖစ္တယ္။ၿပီးေတာ့ သမီးေလးကို ၈ လနဲ႔ ေမြးတာ ေမြးတုန္းက ၅လပဲရွိတယ္။ ေမြးတဲ့ေန႔ကလည္း ႏွစ္ ၈၀ မွထြက္တတ္တဲ့ Super Moon ေန႔၊ တကယ့္လျပည့္တဲ့အခ်ိန္ ၁၀ နာရီေက်ာ္ေလာက္မွာ သူ႔ကို ေမြးတယ္” လို႔ ေျပာခဲ့ျပန္ပါေသးတယ္။သမီးေလး ေခတ္ဆည္းဆာကို ေမြးၿပီးတဲ့ေနာက္မွာေတာ့ ဇနီးျဖစ္သူလည္း မ်က္စိကြယ္သြားခဲ့ရတယ္လို႔ ႏိုင္လူက ဆိုပါတယ္။

“ အမ်ိဳးသမီးက ကေလးေမြးၿပီးတဲ့အခ်ိန္မွာ ေသြးအရမ္းတက္သြားၿပီး မ်က္စိကြယ္သြားတယ္။ ေရာဂါရွာမရဘူး ခါးခ်ဥ္ဆီထုတ္ရတယ္။ ေက်ာက္ကပ္ ၃ ခါေဆးရတယ္။ ေဆး႐ုံ ၃ ႐ုံေျပာင္းရတယ္။ေခတ္ဆည္းဆာနဲ႔ သူ႔ အေမဆိုရင္ ေမြးၿပီးေတာ့ ရက္ေပါင္း ၃၄ ရက္ျပည့္ေလာက္မွ ေတြ႕ရတာ။ ဘာသာေရး ကုထုံးနဲ႔ ကုၿပီးေတာ့မွျပန္အဆင္ေျပသြားတယ္။ အခုဆိုရင္လည္း ဇနီးက မ်က္စိလည္းျပန္ေကာင္းသြားၿပီ။ ဘာေရာဂါမွ မရွိေတာ့ဘူးေပါ့” လို႔ ဆက္လက္ေျဖဆိုခဲ့ပါတယ္။

သ႐ုပ္ေဆာင္ႏိုင္လူကိုေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ ၂၀ ေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။အခုဆိုရင္ေတာ့ ခ်စ္ရတဲ့ ဇနီး၊ ခ်စ္ရတဲ့ သမီးေလး နဲ႔ အတူ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝကို တည္ေထာင္ေနတာျဖစ္ပါတယ္။ လက္ရွိမွာလည္း ႏိုင္လူက အႏုပညာအလုပ္ေတြ လုပ္တာ သိပ္မေတြ႕ရေတာ့ပါဘူး။

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်လူရဲ့ သမီးလေး ခေတ်ဆည်းဆာကတော့ တကယ်ကို ထူးခြားတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထူးခြားမှုတွေကိုလည်း နိုင်လူက အခုလို ပြောပြခဲ့ပါတယ်။သရုပ်ဆောင်နိုင်လူကတော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး ခေတ်ဆည်းဆာ အကြောင်း ပြောပြ လာပါတယ်။ ဒီသမီးလေးကို ကိုယ်ဝန်စရှိကလည်းက ထူးခြားမှုတွေ စတင်လာတယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

“ ဒီသမီးလေး မွေးပြီးတော့မှ ထူးခြားတဲ့အနေအထားတွေပေါ်ပေါက်လာတယ်၊ ဖြစ်ထွန်းလာတယ်။ ဒီသမီးလေးက အလိုလိုက်လွန်းတော့လည်း ဆိုးချင်တယ်။ သူ့အမေကလည်း အလုပ်တစ်ဖက်နဲ့ နယ်တွေ သွားနေရတယ်၊ အစ်ကိုကလည်း အစ်ကို့အလုပ်နဲ့ အပြင်တွေသွားနေရတဲ့အချိန်မှာ သမီးလေးက အဘိုးအဘွားတွေနဲ့ နေရတာများတယ်” လို့ သူကဆိုပါတယ်။အသက်ကြီးမှ ကလေးရလာတာကြောင့် မယူတော့ဖို့ ဆုံးဖြတ်ခဲ့မိဖူးတယ်လို့ နိုင်လူကပြောပါတယ်။ ဒါပေမယ့် မွေးလာတဲ့ နေ့ကလည်း တကယ်ကို ထူးခြားတယ်လို့ ဆိုပါတယ်။

“ ဇနီးဖြစ်သူက သမီးလေးကို အသက်ကြီးမှ မွေးတယ်။ ကလေးမရနိုင်မယ့် အသက်အရွယ်မှာ ကလေးလေးရတယ်။ ကလေးကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ မယူဖို့ ဆုံးဖြတ်မိသေးတယ်။ အဲဒီအချိန်မှာ ဦးနိုင်လူတို့က ကားအက်ဆီးဒင့်ဖြစ်တယ်။ပြီးတော့ သမီးလေးကို ၈ လနဲ့ မွေးတာ မွေးတုန်းက ၅လပဲရှိတယ်။ မွေးတဲ့နေ့ကလည်း နှစ် ၈၀ မှထွက်တတ်တဲ့ Super Moon နေ့၊ တကယ့်လပြည့်တဲ့အချိန် ၁၀ နာရီကျော်လောက်မှာ သူ့ကို မွေးတယ်” လို့ ပြောခဲ့ပြန်ပါသေးတယ်။သမီးလေး ခေတ်ဆည်းဆာကို မွေးပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူလည်း မျက်စိကွယ်သွားခဲ့ရတယ်လို့ နိုင်လူက ဆိုပါတယ်။

“ အမျိုးသမီးက ကလေးမွေးပြီးတဲ့အချိန်မှာ သွေးအရမ်းတက်သွားပြီး မျက်စိကွယ်သွားတယ်။ ရောဂါရှာမရဘူး ခါးချဉ်ဆီထုတ်ရတယ်။ ကျောက်ကပ် ၃ ခါဆေးရတယ်။ ဆေးရုံ ၃ ရုံပြောင်းရတယ်။ခေတ်ဆည်းဆာနဲ့ သူ့ အမေဆိုရင် မွေးပြီးတော့ ရက်ပေါင်း ၃၄ ရက်ပြည့်လောက်မှ တွေ့ရတာ။ ဘာသာရေး ကုထုံးနဲ့ ကုပြီးတော့မှပြန်အဆင်ပြေသွားတယ်။ အခုဆိုရင်လည်း ဇနီးက မျက်စိလည်းပြန်ကောင်းသွားပြီ။ ဘာရောဂါမှ မရှိတော့ဘူးပေါ့” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်တော့ ချစ်ရတဲ့ ဇနီး၊ ချစ်ရတဲ့ သမီးလေး နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို တည်ထောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။