လျှပ်စစ်မီတာယူနစ်များနေမှု ပြန်လည်စစ်ဆေးပေးရန် တောင်းဆို

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

လွ်ပ္စစ္မီတာယူနစ္မ်ားေနတာေတြကို ျပန္လည္စစ္ေဆးေပးဖို႔ စာတင္ထားတယ္လို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ က ေျပာပါတယ္။လွ်ပ္စစ္အသုံးေတြေခြၽတာေပမယ့္လည္း မီတာယူနစ္ေတြက တလထက္တလ ပိုတက္ေနၾကလို႔ ျပည္သူေတြအၾကား ေဝဖန္ေျပာဆိုမႈေတြထြက္ေပၚေနတာပါ။

ဒါနဲ႔ပတ္သက္လို႔ လွ်ပ္စစ္မီတာယူနစ္မွတ္တာေတြကို ျပန္လည္စစ္ေဆးေပးဖို႔ ၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးကို စာတင္ထားသလို ကိုယ္တိုင္ သြားေရာက္ေဆြးေႏြးထားတယ္လို႔ ေတာင္ဥကၠလာပ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေစာႏိုင္က ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ၿမိဳ႕နယ္တခ်ိဳ႕မွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလထက္ အခုလမွာ မီတာယူနစ္ေတြက ႏွစ္ဆေလာက္ ပိုျမင့္တက္လာၿပီး တစ္လကို မီတာခ က်ပ္ ၃၀၀၀၀ ေလာက္ ပိုပိုၿပီးေဆာင္ေနရတာက အေျခခံလူတန္းစားေတြအဖို႔ အခက္ေတြ႕ေစတယ္လို႔ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္တဲ့ ကိုေစာကလိုထူးက ေျပာပါတယ္။

လွ်ပ္စစ္မီတာယူနစ္ေတြအဆမတန္ မ်ားေနတယ္လို႔ လာေျပာထားၾကတဲ့ အိမ္ေတြကိုေတာ့ ႏိုဝင္ဘာ ၂၅ ရက္ေန႔က စတင္ၿပီး အိမ္တိုင္ရာေရာက္ စစ္ေဆးေပးတာေတြ စတင္လုပ္ေဆာင္ေန ၿပီလို႔ ေတာင္ဥကၠလာ ၿမိဳ႕နယ္လွ်ပ္စစ္မန္ေနဂ်ာ႐ုံးက ေျပာပါတယ္။

မိုဘိုင္းဖုန္းကတဆင့္ မီတာယူနစ္ေတြ ၾကည့္လို႔ရမယ့္(AMI) စနစ္ေတြ လုပ္ေဆာင္ ၿပီးရင္ေတာ့ အခုလို မီတာယူနစ္ေတြမ်ားေနတာေတြ မသိရဘူးဆိုတဲ့ ျပႆနာ ေျပလည္သြားမယ္လို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးက မန္ေနဂ်ာ (အင္/ယာ) ဦးသိန္းေအာင္က ေျပာပါတယ္။

အစိုးရက လွ်ပ္စစ္မီတာႏႈန္းထားေတြကို ၿပီးခဲ့တဲ့ ဇူလိုင္လကစလို႔ ျပင္ဆင္သတ္မွတ္ ေကာက္ခံခဲ့တာမွာ ၁ ယူနစ္ကေန ၃၀ ယူနစ္အထိ (၃၅)က်ပ္၊ ယူနစ္ ၃၁ မွ ၅၀ယူနစ္အထိ (၅၀)က်ပ္၊ ၅၁မွ ၇၅ ယူနစ္အထိ (၇၀)က်ပ္၊ ၇၆ မွ ၁၀၀ယူနစ္အထိ (၉၀)က်ပ္၊ ၁၀၁ မွ ၁၅၀ယူနစ္အထိ (၁၁၀)က်ပ္၊ ၁၅၁ မွ ၂၀၀ယူယူနစ္အထိ (၁၂၀)က်ပ္နဲ႔ ၂၀၀ ယူနစ္အထက္ကိုေတာ့ (၁၂၅) က်ပ္ ႏႈန္း ေကာက္ခံေနတာျဖစ္ပါတယ္။

သတင္း- သင္းသင္းေဇာ္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လျှပ်စစ်မီတာယူနစ်များနေတာတွေကို ပြန်လည်စစ်ဆေးပေးဖို့ စာတင်ထားတယ်လို့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က ပြောပါတယ်။လျှပ်စစ်အသုံးတွေချွေတာပေမယ့်လည်း မီတာယူနစ်တွေက တလထက်တလ ပိုတက်နေကြလို့ ပြည်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေထွက်ပေါ်နေတာပါ။

ဒါနဲ့ပတ်သက်လို့ လျှပ်စစ်မီတာယူနစ်မှတ်တာတွေကို ပြန်လည်စစ်ဆေးပေးဖို့ မြို့နယ် လျှပ်စစ်ရုံးကို စာတင်ထားသလို ကိုယ်တိုင် သွားရောက်ဆွေးနွေးထားတယ်လို့ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလထက် အခုလမှာ မီတာယူနစ်တွေက နှစ်ဆလောက် ပိုမြင့်တက်လာပြီး တစ်လကို မီတာခ ကျပ် ၃၀၀၀၀ လောက် ပိုပိုပြီးဆောင်နေရတာက အခြေခံလူတန်းစားတွေအဖို့ အခက်တွေ့စေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကိုစောကလိုထူးက ပြောပါတယ်။

လျှပ်စစ်မီတာယူနစ်တွေအဆမတန် များနေတယ်လို့ လာပြောထားကြတဲ့ အိမ်တွေကိုတော့ နိုဝင်ဘာ ၂၅ ရက်နေ့က စတင်ပြီး အိမ်တိုင်ရာရောက် စစ်ဆေးပေးတာတွေ စတင်လုပ်ဆောင်နေ ပြီလို့ တောင်ဥက္ကလာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက ပြောပါတယ်။

မိုဘိုင်းဖုန်းကတဆင့် မီတာယူနစ်တွေ ကြည့်လို့ရမယ့်(AMI) စနစ်တွေ လုပ်ဆောင် ပြီးရင်တော့ အခုလို မီတာယူနစ်တွေများနေတာတွေ မသိရဘူးဆိုတဲ့ ပြဿနာ ပြေလည်သွားမယ်လို့ တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးက မန်နေဂျာ (အင်/ယာ) ဦးသိန်းအောင်က ပြောပါတယ်။

အစိုးရက လျှပ်စစ်မီတာနှုန်းထားတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ ပြင်ဆင်သတ်မှတ် ကောက်ခံခဲ့တာမှာ ၁ ယူနစ်ကနေ ၃၀ ယူနစ်အထိ (၃၅)ကျပ်၊ ယူနစ် ၃၁ မှ ၅၀ယူနစ်အထိ (၅၀)ကျပ်၊ ၅၁မှ ၇၅ ယူနစ်အထိ (၇၀)ကျပ်၊ ၇၆ မှ ၁၀၀ယူနစ်အထိ (၉၀)ကျပ်၊ ၁၀၁ မှ ၁၅၀ယူနစ်အထိ (၁၁၀)ကျပ်၊ ၁၅၁ မှ ၂၀၀ယူယူနစ်အထိ (၁၂၀)ကျပ်နဲ့ ၂၀၀ ယူနစ်အထက်ကိုတော့ (၁၂၅) ကျပ် နှုန်း ကောက်ခံနေတာဖြစ်ပါတယ်။

သတင်း- သင်းသင်းဇော်