ညီမကို ချွေးနဲစာလေးထဲမှချစ်တဲ့ စိတ်နဲ့voting ပေးကြတဲ့ ပြည်တွင်းပြည်ပက အားပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်…လို့့ပြောလိုက်တဲ့ အက်စတာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

“ညီမကို ချွေးနဲစာလေးထဲမှချစ်တဲ့ စိတ်နဲ့voting ပေးကြတဲ့ ပြည်တွင်းပြည်ပက အားပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်”လိုပြောလိုက်တဲ့ အက်စတာ

Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ပရိသတ်အားပေး ချစ်ခင်မှုအပြည့်အဝရရှိကာ Winner ဆုကြီးကို တောင်သိမ်းပိုက်နိုင်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ပြိုင်ပွဲဝင် အက်စတာဟာဆိုရင် ဒီနေ့မှာတော့ ဒီတစ်ပတ်ရဲ့ ပြိုင်ပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ အကြောင်းကို ဖော်ပြထားပါတယ်။

ဒီတစ်ပတ်မှာတော့ ပြိုင်ပွဲဝင်တွေဟာ အဆိုတော် စိုးလွင်လွင်ရဲ့ အမှတ်တရသီချင်းတွေနဲ့ သီဆို ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်စတာကတော့ “တေးသံရှင်စိုးလွင်လွင် အမှတ်တရသီချင်းလေးနဲ့သီဆိုယှဉ်ပြိုင်ဖို့ တစ်ရက်ဘဲလိုပါတော့တယ်။အရမ်းရင်ခုန်နေပါပြီ”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

အက်စတာကတော့ ရင်ခုန်စိတ်လှုပ်ရှားဖြစ်နေတဲ့ အပြင်ကိုအခုလို Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ Top (8) အထိရောက်ရှိလာပြီး အောင်မြင်မှုတွေရရှိနေတာဟာလည်းပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကြောင့်ရောက်ရှိလာတာဖြစ်တဲ့အကြောင်းကိုလည်း“ညီမတစ်ယောက်တည်းနဲ့ ဒီခရီးလမ်းကိုလျှောက်ရင်ဦးတည်ရာမဲ့နေတဲ့သူလိုပါပဲ။ ညီမရဲ့ Second family တို့နဲ့တစ်လှေတည်းသွားပြီး စိတ်တူကိုယ်တူသွားမှသာ ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်မှာဖြစ်ပါတယ်။”လို့လည်း အက်စတာက ဆိုထားပါသေးတယ်။

ပြီးခဲ့တဲ့ တစ်ပတ် Country Song သီဆိုယှဉ်ပြိုင်မှုမှာတော့ အက်စတာဟာ Bottom ထိုင်ခဲ့ရပြီး ပရိသတ်တွေမထင်မှတ်ထားလောက်အောင် စိတ်ပူပန်ခဲ့ရပါသေးတယ်။အက်စတာကတော့ ဒီတပတ်မှာလည်း သူ့ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကို “အမျိုးတို့ သိတဲ့အတိုင်းဘဲ voting အရမ်းကြီးနေပါပြီ။ ညီမကိုလက်လှမ်းပြီး ကူညီပေးဖို့တောင်းဆိုပါရစေရှင့်။

ဒီနေ့ဒီချိန်ထိယုံကြည်ပေးပြီးတော့ဆွဲခေါ်ပေးသွားတဲ့ အမျိုးတို့အားလုံးနဲ့ ချွေးနဲစာလေးထဲမှချစ်တဲ့ စိတ်နဲ့voting ပေးကြတဲ့ ပြည်တွင်းပြည်ပက အားပေးသူ အယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့် ”လို့ Voting ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ထားပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေရော ဒီတစ်ပတ်မှာ အက်စတာကို အားပေးဖို့ အဆင်သင့်ပဲလား…