ကစ်ကစ်နဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ ဆုပန်ထွာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဆုပန္ထြာကေတာ့ ကစ္ကစ္ဟာ ပရိသတ္ေတြအတြက္ တန္ဖိုးရွိတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ကစ္ကစ္ ရဲ႕ စိတ္ေနစိတ္ထားေတြကိုလည္း ေျပာျပခဲ့ျပန္ပါေသးတယ္။

ဆုပန္ထြာကေတာ့ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ အေၾကာင္းေတြကို သူသိသေလာက္ဖြင့္ဟ ေျပာျပလာပါတယ္။ သူ ျပဳတဲ့ ကုသိုလ္ေတြကိုလည္း ကစ္ကစ္အတြက္ အမွ်ေပးေဝမယ္လို႔ Duwun Media အင္တာဗ်ဴးကေတ ေျဖဆိုခဲ့ပါတယ္။

“မကစ္က အစ္မတို႔ေတြထဲမွာဆိုရင္ ပြင့္လင္းတယ္၊ ခ်စ္စရာေကာင္းတယ္။ ကား႐ိုက္ေတြလည္း ဆုံတယ္၊ သီခ်င္းဆိုတဲ့ေနရာေတြမွာလည္း ဆုံျဖစ္တယ္။ သူ႔ကို ခ်စ္လည္းခ်စ္တယ္၊ အႏုပညာသမား တစ္ေယာက္ ျဖစ္တဲ့အတြက္ ေလးလည္း ေလးစားတယ္။

အခုလိုျဖစ္သြားတာကလည္း အစ္မစိတ္ထဲမွာေတာ့ သူ ဝဋ္ကြၽတ္သြားတယ္လို႔ ခံစားရပါတယ္။ ကိုယ္ျပဳတဲ့ ေကာင္းမႈကုသိုလ္ေလးေတြ သူရပါေစ၊ ေကာင္းတဲ့ ေနရာေလး သူေရာက္သြားပါေစ ဆိုၿပီးေတာ့ ေတြ႕ေတြ႕ခ်င္းမွာပဲ စိတ္ထဲကေန အဲဒီလိုေလး ဆုေတာင္းေပးလိုက္မိတာေပါ့ေနာ္” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က “ရွင္ဥပဂုတၱ” ႐ုပ္ရွင္ကားႀကီး မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ဆုပန္ထြာဟာ ကစ္ကစ္နဲ႔ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြမွာ အတူတူ႐ိုက္ခဲ့ဖူးတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း အမွတ္တရေတြ အမ်ားႀကီးရွိခဲ့တယ္လို႔ ဆိုပါတယ္။ ကစ္ကစ္ကေတာ့ ႏိုဝင္ဘာလ ၂၅ ရက္ေန႔မွာပဲ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။

“ မကစ္နဲ႔ အမွတ္တရေတြကေတာ့ အစ္မတို႔ေတြ သီခ်င္းသြားဆိုၾကတာေပါ့။ ေနရာေတာင္ မမွတ္မိေတာ့ဘူး။ အဲဒီမွာ စင္ေအာက္ကေန တုတ္နဲ႔လားမသိဘူး ထိုးေတာ့ သူေပါ့ အာၿပဲေအာင္ေအာ္တာ။

ကိုယ္ ေအာ္စရာမလိုဘူး။ ဟဲ့.. ဘယ္အေကာင္ေတြလဲ ဆိုၿပီးေတာ့ေပါ့။ ကိုယ္ကလည္း သူနဲ႔ ေတြ႕ၿပီဆိုရင္ ခ်စ္ခ်စ္ခင္ခင္ေနခဲ့ရတာ ဒါေလးကေတာ့ မွတ္မွတ္ရရေလးပါပဲ” လို႔ သူကဆိုပါတယ္။

ကစ္ကစ္က ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြကို ရယ္ေမာေစခဲ့တဲ့ အႏုပညာရွင္ျဖစ္တာေၾကာင့္ တန္ဖိုးရွိတယ္လို႔ ဆုပန္ထြာက ေျပာပါတယ္။

“ မကစ္ကေတာ့ ဟာသမွာ ပိုင္တယ္။ သူဟာ တန္ဖိုးရွိတဲ့ အႏုပညာသမားတစ္ေယာက္ျဖစ္တဲ့အတြက္ မရွိေတာ့တာလည္း ခံစားရတယ္။ မပန္နဲ႔သူနဲ႔ ေဖ့စ္ဘြတ္ကေန တစ္ခါတေလေျပာတယ္။ သူ က်န္းမာေရးမေကာင္းျဖစ္ကတည္းက အဆက္အသြယ္မလုပ္မိေတာ့ဘူး။

သူ႔ေဘးနားမွာ ဝိုင္းကူေနၾကတဲ့သူေတြ အမ်ားႀကီးရွိတယ္ဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ အႏုပညာသမားတစ္ေယာက္ျဖစ္ခဲ့တာ သူ႔ရဲ႕ တန္ဖိုးေလးေပါ့ေနာ္။ သူ ကံေကာင္းပါတယ္” လို႔ ဆက္လက္ေျဖဆိုခဲ့ပါတယ္။

ဆုပန္ထြာ(Su Pan Htwar) ကိုေတာ့ တီဗီေၾကာ္ျငာ၊ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကား နဲ႔ မဂၢဇင္း၊ ဂ်ာနယ္ မ်က္ႏွာဖုံး ပိုင္ရွင္တစ္ဦးအျဖစ္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ဘက္မွာသာမက

ဂီတဘက္မွာလည္း ‘’ေသေလာက္ေအာင္ ခ်စ္တယ္’’ ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြကို ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။ ဒီသီခ်င္းရဲ႕ MTV ကိုေတာ့ ၂၀၁၉ ေမလ မွာ ထြက္ရွိခဲ့ၿပီးျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဂီတေဖ်ာ္ေျဖပြဲေတြမွာ ပါဝင္သီဆိုေနရသူတစ္ဦး ျဖစ္ပါတယ္။

Credit CeleYatKwat

Unicode ဖြင့်ဖတ်ပါ
★★★★★

ကစ်ကစ်နဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ ဆုပန်ထွာ …

ဆုပန်ထွာကတော့ ကစ်ကစ်ဟာ ပရိသတ်တွေအတွက် တန်ဖိုးရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကစ်ကစ် ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

ဆုပန်ထွာကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ အကြောင်းတွေကို သူသိသလောက်ဖွင့်ဟ ပြောပြလာပါတယ်။ သူ ပြုတဲ့ ကုသိုလ်တွေကိုလည်း ကစ်ကစ်အတွက် အမျှပေးဝေမယ်လို့ Duwun Media အင်တာဗျူးကတေ ဖြေဆိုခဲ့ပါတယ်။

“မကစ်က အစ်မတို့တွေထဲမှာဆိုရင် ပွင့်လင်းတယ်၊ ချစ်စရာကောင်းတယ်။ ကားရိုက်တွေလည်း ဆုံတယ်၊ သီချင်းဆိုတဲ့နေရာတွေမှာလည်း ဆုံဖြစ်တယ်။ သူ့ကို ချစ်လည်းချစ်တယ်၊ အနုပညာသမား တစ်ယောက် ဖြစ်တဲ့အတွက် လေးလည်း လေးစားတယ်။

အခုလိုဖြစ်သွားတာကလည်း အစ်မစိတ်ထဲမှာတော့ သူ ဝဋ်ကျွတ်သွားတယ်လို့ ခံစားရပါတယ်။ ကိုယ်ပြုတဲ့ ကောင်းမှုကုသိုလ်လေးတွေ သူရပါစေ၊ ကောင်းတဲ့ နေရာလေး သူရောက်သွားပါစေ ဆိုပြီးတော့ တွေ့တွေ့ချင်းမှာပဲ စိတ်ထဲကနေ အဲဒီလိုလေး ဆုတောင်းပေးလိုက်မိတာပေါ့နော်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဆုပန်ထွာဟာ ကစ်ကစ်နဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာ အတူတူရိုက်ခဲ့ဖူးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ ကစ်ကစ်ကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

“ မကစ်နဲ့ အမှတ်တရတွေကတော့ အစ်မတို့တွေ သီချင်းသွားဆိုကြတာပေါ့။ နေရာတောင် မမှတ်မိတော့ဘူး။ အဲဒီမှာ စင်အောက်ကနေ တုတ်နဲ့လားမသိဘူး ထိုးတော့ သူပေါ့ အာပြဲအောင်အော်တာ။

ကိုယ် အော်စရာမလိုဘူး။ ဟဲ့.. ဘယ်အကောင်တွေလဲ ဆိုပြီးတော့ပေါ့။ ကိုယ်ကလည်း သူနဲ့ တွေ့ပြီဆိုရင် ချစ်ချစ်ခင်ခင်နေခဲ့ရတာ ဒါလေးကတော့ မှတ်မှတ်ရရလေးပါပဲ” လို့ သူကဆိုပါတယ်။

ကစ်ကစ်က ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေကို ရယ်မောစေခဲ့တဲ့ အနုပညာရှင်ဖြစ်တာကြောင့် တန်ဖိုးရှိတယ်လို့ ဆုပန်ထွာက ပြောပါတယ်။

“ မကစ်ကတော့ ဟာသမှာ ပိုင်တယ်။ သူဟာ တန်ဖိုးရှိတဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် မရှိတော့တာလည်း ခံစားရတယ်။ မပန်နဲ့သူနဲ့ ဖေ့စ်ဘွတ်ကနေ တစ်ခါတလေပြောတယ်။ သူ ကျန်းမာရေးမကောင်းဖြစ်ကတည်းက အဆက်အသွယ်မလုပ်မိတော့ဘူး။

သူ့ဘေးနားမှာ ဝိုင်းကူနေကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တာ သူ့ရဲ့ တန်ဖိုးလေးပေါ့နော်။ သူ ကံကောင်းပါတယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက

ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။

Credit CeleYatKwat