ကစ်ကစ်ကိုကြည့်ပြီး တရားရစေချင်လို့ ထိမိတဲ့ စာသားလေးကို ဝေမျှပေးခဲ့တဲ့ ခင်သဇင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သူမကိုယ္တိုင္လည္း ေပ်ာ္ေပ်ာ္ေနတတ္ျပီး၊ ပရိသတ္ေတြကိုပါ ေပ်ာ္ရႊင္ေစခဲ့သူတစ္ဦးျဖစ္တဲ့ သရုပ္ေဆာင္ ကစ္ကစ္ကေတာ့ နွစ္နဲ႔ခ်ီျပီး၊ ေဝဒနာေရာဂါေတြကို အံတုရင္ဆိုင္ျပီးေနာက္ပိုင္းမွာေတာ့ အခုဆိုရင္ အားလံုး ျငိမ္းခ်မ္းရာ ဘဝတစ္ပါးသို႔ ေရာက္ရွိသြားျပီပဲ ျဖစ္ပါတယ္။ ကစ္ကစ္ကို အနီးကပ္ေစာင့္ေရွာက္ေပးသူတစ္ဦးျဖစ္တဲ့ သရုပ္ေဆာင္ ခင္သဇင္ကေတာ့ အားလံုးကိုလည္း တရားရေစဖို႔အတြက္ ဧည့္သည္အျဖစ္သာ လာေရာက္ရတဲ့ လူ႔ဘဝအေၾကာင္း ေရးသားထားတဲ့ စာသားေလးကို ေဝမွ်ေပးခဲ့တာ ေတြ႔ရပါတယ္။ ခ်စ္ရတဲ့ အမၾကီး ကစ္ကစ္ရဲ႕နာေရးကို အေကာင္းဆံုးျပင္ဆင္ေပးခဲ့တဲ့ ခင္သဇင္ကေတာ့ တကယ့္ကို စိတ္ထားေကာင္းလြန္းသူေလးပါပဲေနာ္။

ခ်စ္ပရိသတ္ေတြအတြက္ ကစ္ကစ္ကိုၾကည့္ျပီး အားလံုးကိုလည္း တရားရေစခ်င္တဲ့ ခင္သင္ဇင္ရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ခင္သဇင္ကေတာ့ “အင္တာနက္ က ဒီစာသားေလး နဲ႔ ပံုကို ႀကိဳက္လို႔ ဒီေန့ အားလံုး စီစဉ္ၿပီး ထုတ္ ျဖစ္ခဲ့တာေလး …မေရ သဇင္တို႔ အားလံုးက လာခ်င္းေကာင္းတဲ့ ဧည့္သည္ေတြပဲ ျဖစ္ခ်င္ပါတယ္ေနာ္….ၿငိမ္းခ်မ္းပါေတာ့ မ ေရ …..” ဆိုျပီး ကစ္ကစ္ကိုပါ ျငိမ္းခ်မ္းေစဖို႔ ဆုေတာင္းေပးထားတာပါ။

ခင္သဇင္ကေတာ့ ကစ္ကစ္ရဲ႕ပံုေလးနဲ႔အတူ “လူ႔ဘဝကို အလည္လာခဲ့တာ ဘယ္နွစ္နွစ္ရွိျပီလဲ ျပန္လမ္းမသိေပမယ့္ ျပန္ရဦးမယ္ေနာ္ ဧည့္သည္ဆိုတာ မေမ့ပါနဲ႔ေနာ္” ဆိုတဲ့ စာသားေလးကို ယပ္ေတာင္ေလးေတြ စာေလးေတြထုတ္ျပီး အားလံုးကို ေဝမွ်ေပးခဲ့တာပါ။

ပရိသတ္ေတြကို ေပ်ာ္ရႊင္မႈေတြခ်ည္း ေဆာင္က်ဥ္းေပးသြားတဲ့ ကစ္ကစ္ေရ ဘဝတစ္ပါးမွာ ေအးခ်မ္းေပ်ာ္ရႊင္စြာ အပူအပင္မရွိ ေနသြားႏိုင္ပါေစလို႔တဆင့္ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source;Khin Thazin’s Facebook

Unicode ဖြင့်ဖတ်ပါ
★★★★★

သူမကိုယ်တိုင်လည်း ပျော်ပျော်နေတတ်ပြီး၊ ပရိသတ်တွေကိုပါ ပျော်ရွှင်စေခဲ့သူတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကစ်ကစ်ကတော့ နှစ်နဲ့ချီပြီး၊ ဝေဒနာရောဂါတွေကို အံတုရင်ဆိုင်ပြီးနောက်ပိုင်းမှာတော့ အခုဆိုရင် အားလုံး ငြိမ်းချမ်းရာ ဘဝတစ်ပါးသို့ ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။ ကစ်ကစ်ကို အနီးကပ်စောင့်ရှောက်ပေးသူတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခင်သဇင်ကတော့ အားလုံးကိုလည်း တရားရစေဖို့အတွက် ဧည့်သည်အဖြစ်သာ လာရောက်ရတဲ့ လူ့ဘဝအကြောင်း ရေးသားထားတဲ့ စာသားလေးကို ဝေမျှပေးခဲ့တာ တွေ့ရပါတယ်။ ချစ်ရတဲ့ အမကြီး ကစ်ကစ်ရဲ့နာရေးကို အကောင်းဆုံးပြင်ဆင်ပေးခဲ့တဲ့ ခင်သဇင်ကတော့ တကယ့်ကို စိတ်ထားကောင်းလွန်းသူလေးပါပဲနော်။

ချစ်ပရိသတ်တွေအတွက် ကစ်ကစ်ကိုကြည့်ပြီး အားလုံးကိုလည်း တရားရစေချင်တဲ့ ခင်သင်ဇင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်သဇင်ကတော့ “အင်တာနက် က ဒီစာသားလေး နဲ့ ပုံကို ကြိုက်လို့ ဒီနေ့ အားလုံး စီစဉ်ပြီး ထုတ် ဖြစ်ခဲ့တာလေး …မရေ သဇင်တို့ အားလုံးက လာချင်းကောင်းတဲ့ ဧည့်သည်တွေပဲ ဖြစ်ချင်ပါတယ်နော်….ငြိမ်းချမ်းပါတော့ မ ရေ …..” ဆိုပြီး ကစ်ကစ်ကိုပါ ငြိမ်းချမ်းစေဖို့ ဆုတောင်းပေးထားတာပါ။

ခင်သဇင်ကတော့ ကစ်ကစ်ရဲ့ပုံလေးနဲ့အတူ “လူ့ဘဝကို အလည်လာခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ ပြန်လမ်းမသိပေမယ့် ပြန်ရဦးမယ်နော် ဧည့်သည်ဆိုတာ မမေ့ပါနဲ့နော်” ဆိုတဲ့ စာသားလေးကို ယပ်တောင်လေးတွေ စာလေးတွေထုတ်ပြီး အားလုံးကို ဝေမျှပေးခဲ့တာပါ။

ပရိသတ်တွေကို ပျော်ရွှင်မှုတွေချည်း ဆောင်ကျဉ်းပေးသွားတဲ့ ကစ်ကစ်ရေ ဘဝတစ်ပါးမှာ အေးချမ်းပျော်ရွှင်စွာ အပူအပင်မရှိ နေသွားနိုင်ပါစေလို့တဆင့် ဆုတောင်းပေးလိုက်ပါတယ်နော်။

Source;Khin Thazin’s Facebook