“ဘင်ဂျမင်ဆုမ်းရဲ့မွေးနေ့လေးမှာ ကုသိုလ်ကောင်းမှုတွေလှူဒါန်းပြုလုပ်ပေးခဲ့ကြတဲ့ သူ့ရဲ့အမာခံပရိသတ်များ”
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်စိတ်ဝင်စားမှုများတဲ့အဆိုပြိုင်ပွဲကတော့မြန်မာအိုင်ဒေါပြိုင်ပွဲပါ။ဒီပြိုင်ပွဲမှာ လက်ရှိကျန်နေသေးတဲ့ Top Finalist တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကိုတော့သိကြမှာပါ။ပြိုင်ပွဲတိုင်းမှာပိုမိုကောင်းလာအောင်ကြိုးစားနေသလို ပရိသတ်များစွာရဲ့အချစ်တော်လေးလည်းဖြစ်ပါတယ်။
ပရိသတ်အချစ်တော်ဘင်ဂျမင်ကတော့ မနေ့ကပဲ အသက်(၁၉)နှစ်ပြည့်သွားတာဖြစ်ပါတယ်။မွေးနေ့မှာလည်း ပြိုင်ပွဲဝင်နေတဲ့ ဘင်ဂျမင်ကို မိခင်ဖြစ်သူကလာရောက်တွေ့ဆုံတာကြောင့်ပျော်နေခဲ့တာလည်းဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ ဘင်ဂျမင်ကိုချစ်တဲ့ပရိသတ်တွေကတော့ မွေးနေ့အတွက် ရည်ရွယ်ပြီးအလှူအတန်းတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
အမာခံချစ်ပရိသတ်တွေကတော့ သွေးဌာနမှာ တန်ဖိုးသင့်နေ့လည်စာအလှူပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဘင်ဂျမင်လေးရဲ့မွေးနေ့မှာပျော်ပျော်ပါးပါးနဲ့ အလှူလုပ်ပေးခဲ့ကြတာပါ။
ဘင်ဂျမင်ကတော့ အရမ်းကိုချစ်တဲ့ပရိသတ်တွေကို ပိုင်ဆိုင်ထားရတာပါပဲနော်…မွေးနေ့မှစပြီး ပရိသတ်တွေရဲ့အချစ်တွေနဲ့အနုပညာခရီးလမ်းမှာပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေဘင်ဂျမင်ရေ….Source : PannEiPhyu