ကလေး သူခိုးတွေ သောင်းကျန်းနေတဲ့ ကာလဖြစ်လို့ အခု ဖြစ်ရပ်လေးကို သတိထားဖို့ဖော်ပြလိုက်ပါတယ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






video ကြည့်ရန်

Video Credit : Khant Thura Kyaw

Unicode ဖြင့်ဖတ်ပါ
★★★★★

အခုတစ်လော အိမ်နီးချင်းနိုင်ငံတစ်ခုမှာ လူ့ကိုယ်လက်အင်္ဂါတွေကို ဈေးကောင်းပေးဝယ်နေတယ်ဆိုတဲ့ သတင်းတစ်ခုနဲ့အတူ မြို့နယ်အလိုက်မှာလည်း ကလေးတွေတော်တော်လေး ပျောက်ဆုံးနေတာကို အားလုံးလည်းကြားကြမှာပါ။ အရွယ်ရောက်သူရော ၊အရွယ်မရောက်သေးတဲ့ ကလေးတွေကိုပါ လူကုန်ကူးခြင်းဖြင့်တစ်မျိုး ၊ တို့ဆေးဖြင့်တစ်ဖုံ မျိုးစုံခိုးယူနေကြတယ်လို့ တွေ့ရပါတယ်။

ဒီအကြောင်းဟာ လူမှုကွန်ရက်မှာ ကောလဟာလအဖြစ် ပျံ့ပွားနေတယ်လို့ လူတွေက ထင်နေကြပြီးတော့ လက်ရှိအစိုးရကို သိက္ခာချဖို့အတွက် တစ်ဖက်က လုပ်နေတယ်ဆိုပြီး မယုံတဲ့ သူတွေလည်းရှိကြပါတယ်။

ဒီအပေါ်မှာ ဘာမှ စောဒကတက်ပြီးမပြောလိုပေမယ့် တကယ်ဖြစ်ပျက်နေတာမို့ မိဘများ ၊ ကလေးရှင်များကို အသိပေးတင်ပြချင်တာပါ။ ဒီလိုကိစ္စမျိုးဟာ ၂၀၁၆ မှာလည်းဖြစ်ပွားခဲ့ဖူးပါတယ်။ အခုတော့ နောက်ထပ်တစ်ဖန်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့လည်း ရေနံချောင်းမြို့က ညောင်လှရပ်ကွက်မှာ အိမ်ထဲအထိဝင်ပြီးတော့ ကလေးကို ခိုးယူဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့အဖြစ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပုံတွေနဲ့တကွ တင်ပြပေးလိုက်ပါတယ်နော်။ မိဘများ အားလုံး လေကးတွေကို ပစ်မထားပါနဲ့ အရွယ်ရောက်နေတဲ့ သမီးလေးမို့ စိတ်မပူပဲနဲ့လည်း မနေပါနဲ့။ အားလုံး သတိနဲ့ ကိုယ့်သားသမီးတွေကို ကာကွယ်ကြပါနော်။

Writer – SMT( Shwe Yaung Lan)

Leave a Reply

Your email address will not be published.