ယနေ့ညမှာစိုးလွင်လွင်ရဲ့သီချင်းတွေနဲ့ယှဉ်ပြိုင်ကြမယ့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်များ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေအားပေးမှုအကြမ်းဆုံးနဲ့စိတ်ဝင်စားမှုအများဆုံးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲလို့ဆိုရမှာပါ။Top finalist (၁၁)ယောက်ရွေးချယ်ခဲ့ပြီး တစ်ပတ်ကိုတစ်ယောက်စီခန့်ထုတ်ပယ်ခဲ့တာ အခုဆိုရင် Top (7) သာကျန်ပါတော့တယ်။

ယှဉ်ပြိုင်ရမယ့်သီတင်းပတ်တိုင်းမှာ ခေါင်းစဉ်အမျိုးမျိုးကိုပေးလေ့ရှိပါတယ်။ခေါင်းစဉ်အပေါ်မှာ ပြိုင်ပွဲဝင်တွေကအကောင်းဆုံးယှဉ်ပြိုင်ကြသလို အရည်အချင်းတွေတိုးတက်လာတာကိုလည်း မြင်တွေ့ခဲ့ရမှာပါ။အရင်တစ်ပတ်ကလည်း ကန်းထရီးသီချင်းတွေနဲ့ယှဉ်ပြိုင်ခဲ့ကြသလို ယနေ့ညမြန်မာအိုင်ဒေါပြိုင်ပွဲမှာတော့ စိုးလွင်လွင်ရဲ့သီချင်းတွေနဲ့ယှဉ်ပြိုင်ရမှာပါ။

စိုးလွင်လွင်ဟာမသိသူမရှိလောက်အောင်နာမည်ကြီးတဲ့ “ငယ်သူမို့” “ဂန္တဝင်ဆည်းဆာ” “ကျေနပ်တယ်” “ကိုယ်ချင်းစာနာတတ်ခဲ့ပြီ” “သိလျက်နဲ့” စသဖြင့်သီချင်းပေါင်းများစွာကို သီဆိုခဲ့သူပါ။သက်ရှိထင်ရှားမရှိတော့ပေမဲ့ ယနေ့တိုင် ပရိသတ်တွေရဲ့ရင်ထဲမှာထွန်းလင်းနေဆဲ ဂီတလောက်ရဲ့ ငွေကြယ်တစ်ပွင့်လည်းဖြစ်ပါတယ်။အစွမ်းကုန်ကြိုးစားပြီး သီဆိုယှဉ်ပြိုင်ကြမဲ့ပြိုင်ပွဲဝင်တေက စိုးလွင်လွင်ရဲ့ ပရိသတ်တွေ အလွမ်းပြေအောင် စွမ်းနိုင်မလားဆိုတာရင်ခုန်စရာပါပဲနော်…