အေးမြဖြူကတော့ အေးမြဖြူပါပဲနော်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

မနေ့ည Myanmar Idol Season 4 ရဲ့ ပဉ္စမမြောက် သီတင်းပတ် ကြာသပတေးနေ့ည Performance Show အစီအစဉ်မှာတော့ ပြိုင်ပွဲဝင်များဟာ စိုးလွင်လွင် အမှတ်တရ သီချင်းများနဲ့ ယှဉ်ပြိုင် သီဆိုခဲ့ကြပါတယ်။ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ပရိသတ်ကြီးရဲ့ အချစ်တော်လေး အေးမြဖြူကတော့ ယခုတစ်ပတ်မှာ အဆိုတော် စိုးလွင်လွင်ရဲ့ ကျော်ကြားခဲ့တဲ့ သီတစ်ပုဒ်ဖြစ်တဲ့ ချစ်သူ့စိတ်ကူး သီချင်းလေးနဲ့ အကောင်းဆုံးသီဆိုဖျော်ဖြေသွားခဲ့တာကို တွေ့ရပါတယ်။

ယခု season 4 မှာဆိုယင်တော့ အေးမြဖြူဟာ winner ဖြစ်ဖို့ ရေပန်းစားနေသူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပေမယ့်လည်း country သီချင်းများနဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ယခင် အပတ်စဉ်က bottom 3 မှာ ထိုင်ခဲ့ရလို့ သူမရဲ့ ပရိသတ်တွေ တွေ ပူပန်ခဲ့ရပါသေးတယ်။

ယခုတစ်ပတ်မှာတော့ အေးမြဖြူရဲ့ သီဆိုမှုကို ပရိသတ်ကြီးလည်း သဘောကျကြပါလိမ့်မယ်ထင်ပါတယ်နော်။အေးမြဖြူရဲ့ သီဆိုမှုကို သဘောကျတဲ့ သူတွေကလည်း မနက်ဖြန်ည Result Show အစီအစဉ်မှာ Bottom မထိုင်ရဖို့လည်း ဆုတောင်းပေးကြပါဦးနော်။