ဒိုင်တွေသိပ်အားမရခဲ့တဲ့ နော်စေးစေးထူးရဲ့ သီဆိုယှဉ်ပြိုင်မှု
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
နော်စေးစေးထူးကတော့ Myanmar Idol Season-4 မှာ ဒိုင်တွေအားလုံးရဲ့ သဘောတူညီမှုနဲ့ Save ဖြစ်ခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ပြီး အပတ်စဉ် ကြိုးစားယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်ပါ ။ နော်စေးကို အားပေးကြတဲ့ ပရိသတ်တွေအများအပြားရှိသလို တစ်ပတ်ထက်တစ်ပတ် ပိုပိုကောင်းလာတဲ့ နော်စေးလေးရဲ့ သီဆိုယှဉ်ပြိုင်မှုတွေကလည်း တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ ။
ဒီတစ်ပတ်အတွက် စိုးလွင်လွင်သီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်မှုမှာ နော်စေးစေးထူးက တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်ဆိုတဲ့ တေးသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒိုင်တွေဆီက မှတ်ချက်ကောင်းတွေတော့ မရခဲ့ပါဘူး ။ ဦးလတ်က ကီးနိမ့်နေတာ ဘာလို့လဲလို့ မေးခဲ့တဲ့အခါမှာတော့ နော်စေးက ဆိုရတာအသံသိပ်အဆင်မပြေလို့ပါလို့ ဖြေခဲ့ပြီး ဦးလတ်ကတော့ ဒီထက်ပိုပြီးအော်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ ပြောခဲ့ပါတယ် ။ တင်ဇာမော်ကတော့ နော်စေးက အမြန်သီချင်းတွေ နဲ့ပိုလိုက်ပြီး အဆွေးသီချင်းတွေနဲ့သိပ်မလိုက်ဘူးလို့ မှတ်ချက်ပေးခဲ့ပါသေးတယ် ။
အသံနာနေတဲ့အချိန်မှာ ကီးနိမ့်ပြီးဆိုတာတကယ်တော့ဉာဏ်ကောင်းတာပါလို့ ဖြူဖြူကလည်းမှတ်ချက်တွေပေးခဲ့ပါတယ် ။ ဒီနေ့မှာနော်စေးစေးထူးအတွက် မှတ်ချက်တွေကတော့ သိပ်အားရစရာမရှိတဲ့အတွက် ပရိသတ်တွေကတော့ နော်စေးအတွက်စိတ်ပူနေကြမယ်ထင်ပါတယ်နော် ။ နော်စေးကိုစိတ်ပူနေတဲ့ ပရိသတ်တွေလည်း နော်စေးကို Vote ပေးဖို့မမေ့ကြနဲ့လို့သတိပေးလိုက်ပါတယ်နော် ။
Source : Myanmar Idol
Emily ( Cele Gabar )
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source : Myanmar Idol
Emily ( Cele Gabar )