သီချင်းအစအဆုံး ပရိသတ်ကိုစီးမျောခံစားသက်ဝင်ခံစားသွားစေခဲ့တဲ့ ဘင်ဂျမင်ဆုမ်းရဲ့သီဆိုယှဉ်ပြိုင်မှု
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
မြန်မာအိုင်ဒေါပြိုင်ပွဲကတော့ ပရိသတ်ကိုစိတ်ဝင်စားမှုအမြင့်ဆုံးကို ခေါ်ဆောင်သွားခဲ့ပါပြီ။ဒီတစ်ပတ်မှာ အမှတ်တရစိုးလွင်လွင်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတာဖြစ်ပြီး စိုးလွင်လွင်ရဲ့သီချင်းတွေကို ပြန်လည်သီဆိုမှုမှာ ပရိသတ်တွေကိုစိတ်ကျေနပ်မှုပေးနိုင်ပါ့မလားဆိုတာ သိပ်ကိုစိတ်ဝင်စားနေခဲ့ကြတာပါ။
ပြိုင်ပွဲဝင်တွေကတော့ပါရမီရှင်အဆိုတော်ကြီးတစ်ယောက်ရဲ့သီချင်းကောင်းတွေကို မူရင်းရသမပျောက်အောင် အကောင်းဆုံးသီဆိုသွားပါတယ်။ဘင်ဂျမင်ကတော့ မြန်မာအိုင်ဒေါမှာ ပရိသတ်အားပေးမှုအများဆုံးရထားသူတွေထဲကတစ်ယောက်လည်းဖြစ်ပါတယ်။ပြိုင်ပွဲရဲ့အဆင့်တိုင်းမှာ ပိုမိုတောက်ပြောင်လာတဲ့အနုပညာအရည်အသွေးတွေကို ပရိသတ်တွေကတေ့ြရှိခဲ့ရပါပြီ။
ဒီအပတ်မှာတော့ အရင်အပတ်တွေလို စိုးရိမ်မှုများစွာမရှိဘဲနဲ့သက်တောင့်သက်သာနဲ့ခံစားစီးမျောသက်ဝင်ပြီး သီဆိုခဲ့ပါတယ်။ပရိသတ်တွေကတော့ ဘင်ဂျမင်ရဲ့သီဆိုမှုမှာမျောပါသွားခဲ့ပါပြီ။ဒိုင်လူကြီးတွေကလည်း ကောင်းမွန်တဲ့ သက်ဝင်ခံစားမှုအကောင်းဆုံးလို့တောင်မှတ်ချက်ပေးသွားပါသေးတယ်။ဘင်ဂျမင်ဟာတကယ့်ကို တောက်ပလာမယ့်ကြယ့်ပွင့်လေးပါပဲနော်….။
Source : MMID
Moe – CeleGabar
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source : MMID
Moe – CeleGabar